ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ဳိးသမီးတစ္ဦးဟာ အေရာငး္၀န္ထမ္း မွားေပးလုိက္တဲ့ ထီလက္မွတ္ကေန အေမရိကန္ေဒၚလာ ၅ သန္းဆု ေပါက္ခဲ့လုိ႔ ေန႔ခ်င္းညခ်င္းသန္းၾကြယ္သူေ႒းျဖစ္သြားခဲ့ပါတယ္။

အသက္ ၄၆ ႏွစ္အရြယ္ အမ်ဳိးသမီး ဇာဟာေရာ့ဗ္ဟာ ဂ်ာဆီၿမိဳ႕ေျမာက္ပုိင္း မန္ဟတ္တန္ၿမိဳ႕နယ္က စတုိးဆုိင္မွာ
အေမရိကန္ေဒၚလာ ၁ ေဒၚလာတန္ ခဲျခစ္ထီလက္မွတ္ ၀ယ္ယူခဲ့ပါတယ္။ ဒါေပမဲ့ ဆုိင္၀န္ထမ္းက အေမရိကန္ေဒၚလာ ၁၀ ေဒၚလာတန္”Set for Life(တစ္သက္စားမကုန္လုိ႔ အဓိပၸာယ္ရ)”ထီလက္မွတ္မွားေပးခဲ့ပါတယ္။

”အေရာင္းစာေရးက ထီလက္မွတ္ မွားေပးေတာ့ ကၽြန္မ စိတ္စႏုိးစေနာင့္ ျဖစ္သြားေပမယ့္ ဒီလက္မွတ္ပဲ ၀ယ္ေတာ့မယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီလက္မွတ္ကုိ ရက္သတၱပတ္ ေတာ္ေတာ္ၾကာတဲ့အထိ စာအုပ္ၾကားထဲညွပ္ထားခဲ့ပါတယ္”လုိ႔ ဇာဟာေရာ့ဗ္က ေျပာပါတယ္။

ဇာဟာေရာ့ဗ္ကခဲျခစ္ထီလက္မွတ္ကုိ ျခစ္ၾကည့္လုိက္ခ်ိန္မွာ ၅ သန္းဆု ေပါက္တယ္ဆုိတာ မယုံခဲ့ပါဘူး။ ဒါေပမဲ့ သူ မယုံၾကည္ခဲ့တာက တကယ့္လက္ေတြ႕ ျဖစ္ေနပါတယ္။ ဇာဟာေရာ့ဗ္ဟာ ႏွစ္ ၂၀ ေက်ာ္အခ်ိန္အတြင္း အနည္းဆုံး အေမရိကန္ေဒၚလာ ၅ သန္းရမွာျဖစ္ၿပီးသူ႔ဘ၀တစ္ေလွ်ာက္လုံး ႏွစ္စဥ္ႏွစ္တုိင္း အေမရိကန္ေဒၚလာ ၁၇၂၀၆၈ ရရွိမွာပါ။ အခုေတာ့ သူတုိ႔မိသားစု ဘဟားမားကုိခရီးထြက္ဖုိ႔ ျပင္ဆင္ေနၾကပါတယ္။

Source – pthonlinemedia

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတစ်ဦးဟာ အရောင်းဝန်ထမ်း မှားပေးလိုက်တဲ့ ထီလက်မှတ်ကနေ အမေရိကန်ဒေါ်လာ ၅ သန်းဆု ပေါက်ခဲ့လို့ နေ့ချင်းညချင်းသန်းကြွယ်သူေဋ္ဌးဖြစ်သွားခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ဇာဟာရော့ဗ်ဟာ ဂျာဆီမြို့မြောက်ပိုင်း မန်ဟတ်တန်မြို့နယ်က စတိုးဆိုင်မှာ
အမေရိကန်ဒေါ်လာ ၁ ဒေါ်လာတန် ခဲခြစ်ထီလက်မှတ် ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာတန်”Set for Life(တစ်သက်စားမကုန်လို့ အဓိပ္ပာယ်ရ)”ထီလက်မှတ်မှားပေးခဲ့ပါတယ်။

”အရောင်းစာရေးက ထီလက်မှတ် မှားပေးတော့ ကျွန်မ စိတ်စနိုးစနောင့် ဖြစ်သွားပေမယ့် ဒီလက်မှတ်ပဲ ဝယ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလက်မှတ်ကို ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ စာအုပ်ကြားထဲညှပ်ထားခဲ့ပါတယ်”လို့ ဇာဟာရော့ဗ်က ပြောပါတယ်။

ဇာဟာရော့ဗ်ကခဲခြစ်ထီလက်မှတ်ကို ခြစ်ကြည့်လိုက်ချိန်မှာ ၅ သန်းဆု ပေါက်တယ်ဆိုတာ မယုံခဲ့ပါဘူး။ ဒါပေမဲ့ သူ မယုံကြည်ခဲ့တာက တကယ့်လက်တွေ့ ဖြစ်နေပါတယ်။ ဇာဟာရော့ဗ်ဟာ နှစ် ၂၀ ကျော်အချိန်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်းရမှာဖြစ်ပြီးသူ့ဘဝတစ်လျှောက်လုံး နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁၇၂၀၆၈ ရရှိမှာပါ။ အခုတော့ သူတို့မိသားစု ဘဟားမားကိုခရီးထွက်ဖို့ ပြင်ဆင်နေကြပါတယ်။

Source – pthonlinemedia

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top