ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ ၉၁ ႏွစ္အ႐ြယ္ ဘြားဘြားတစ္ေယာက္ဟာ ကေလးေတြကို ဝက္ဝံ႐ုပ္ေလးေတြ လက္ေဆာင္ေပးေနပါတယ္။ ကိုယ္တုိင္ လက္နဲ႔ထိုးထားတဲ့ သိုးေမြး႐ုပ္ေလးေတြကို ျဖစ္ရပ္ဆိုးနဲ႔ၾကံဳခဲ့ရတဲ့ ကေလးေတြအတြက္ ေပးခဲ့တာ အရုပ္ေပါင္း ၈၀၀၀ ေက်ာ္ပါၿပီ။

သူမနာမည္က Phyllis Reeve လို႔ ေခၚပါတယ္။ ဆယ္စုႏွစ္ ၃ ခု ၾကာ ပရဟိတအလုပ္ေတြကို လုပ္ေနခဲ့တဲ့အတြက္ ဘက္ကင္ဟမ္နန္းေတာ္ကေတာင္ သူမကို ဖိတ္ၾကားခဲ့ပါေသးတယ္။ လစဥ္လတိုင္းမွာ Phyllis နဲ႔ သူမရဲ႕သမီး Janet Young တုိ႔ဟာ ဝက္ဝံရုပ္ေတြထည့္ထားတဲ့ အိတ္ႀကီးတစ္လံုးကို Teddies for Tragedies ပရဟိတလုပ္ငန္းကို သြားေရာက္လွဴဒါန္းၾကပါတယ္။ အဲ့ဒီအဖြဲ႔ကေနတစ္ဆင့္ ကမၻာတစ္ဝန္းက ကေလးေတြကို ျပန္လွဴေပးပါတယ္။

တ႐ုတ္၊ ဘယ္လ္ဂ်ီယံ၊ အိုင္ယာလန္ စတဲ့ ႏုိင္ငံအသီးအသီးကို ေရာက္ရွိသြားတဲ့ အရုပ္ေလးေတြဟာ သဘာဝေဘးဒုကၡကပ္ဆိုးနဲ႔ အၾကမ္းဖက္တိုက္ခိုက္ခံရမႈေတြ ၾကံဳခဲ့ရတဲ့ ကေလးေတြရဲ႕လက္ထဲကို ေရာက္သြားတယ္။ " ကၽြန္မက သူရဲေကာင္းတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ သာမာန္ အလုပ္လုပ္တဲ့ မိန္းမတစ္ေယာက္ပါ။ အသက္ ၆၀ ျပည့္ေတာ့ ပင္စင္ယူလိုက္တယ္၊ ၿပီးေတာ့ ပရဟိတအတြက္ ေစတနာ့လုပ္အားရွင္ လုပ္ေနတာပါပဲ" လို႔ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ေျပာတယ္။

ဝက္ဝံရုပ္တိုင္းမွာ အေရာင္ ၃ ေရာင္စီ ပါပါတယ္။ Pattern ကိုေတာ့ ပရဟိတအဖြဲ႔က ေပးပါတယ္။ ဝက္ဝံရုပ္တိုင္းက ျပံဳးေနဖုိ႔လိုၿပီး မ်က္လံုးလိုမ်ိဳး အစိတ္အပိုင္းေတြဟာ အႏၱရာယ္မရွိရဘူး။ ကေလးေတြအတြက္ လံုျခံဳစိတ္ခ်ရဖုိ႔ လိုပါတယ္။ Phyllis က လူေတြလွဴထားတဲ့ ငွက္ေမြးဂြမ္းကပ္ေတြကို အိမ္ကိုယူသြားၿပီး ေလွ်ာ္ဖြပ္ကာ အရုပ္ေလးေတြျဖစ္ေအာင္ ျပန္လုပ္လိုက္တာ ျဖစ္ပါတယ္။

ၾကင္နာတတ္တဲ့ ႏွလံုးသားပိုင္ရွင္ Phyllis ကို ၿဗိတိန္နန္းေတာ္က BEM ဆုလည္း ေပးအပ္ခဲ့ပါေသးတယ္။ လြန္ခဲ့တဲ့ ၂၂ ႏွစ္ကစၿပီး ခုခ်ိန္ထိေအာင္ ဝက္ဝံရုပ္ေလးေတြ ထိုးေနတုန္းပါပဲ။ သူမေၾကာင့္ ကေလးေတြရဲ႕ေန႔ရက္ေတြကို ေတာက္ပေစတဲ့အတြက္ ၾကည္ႏူးေပ်ာ္ရႊင္ရပါတယ္လို႔လည္း Phyllis က ဆုိပါတယ္။

Source : Huff Post
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အသက် ၉၁ နှစ်အရွယ် ဘွားဘွားတစ်ယောက်ဟာ ကလေးတွေကို ဝက်ဝံရုပ်လေးတွေ လက်ဆောင်ပေးနေပါတယ်။ ကိုယ်တိုင် လက်နဲ့ထိုးထားတဲ့ သိုးမွေးရုပ်လေးတွေကို ဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတဲ့ ကလေးတွေအတွက် ပေးခဲ့တာ အရုပ်ပေါင်း ၈၀၀၀ ကျော်ပါပြီ။

သူမနာမည်က Phyllis Reeve လို့ ခေါ်ပါတယ်။ ဆယ်စုနှစ် ၃ ခု ကြာ ပရဟိတအလုပ်တွေကို လုပ်နေခဲ့တဲ့အတွက် ဘက်ကင်ဟမ်နန်းတော်ကတောင် သူမကို ဖိတ်ကြားခဲ့ပါသေးတယ်။ လစဉ်လတိုင်းမှာ Phyllis နဲ့ သူမရဲ့သမီး Janet Young တို့ဟာ ဝက်ဝံရုပ်တွေထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို Teddies for Tragedies ပရဟိတလုပ်ငန်းကို သွားရောက်လှူဒါန်းကြပါတယ်။ အဲ့ဒီအဖွဲ့ကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းက ကလေးတွေကို ပြန်လှူပေးပါတယ်။

တရုတ်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန် စတဲ့ နိုင်ငံအသီးအသီးကို ရောက်ရှိသွားတဲ့ အရုပ်လေးတွေဟာ သဘာဝဘေးဒုက္ခကပ်ဆိုးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ကြုံခဲ့ရတဲ့ ကလေးတွေရဲ့လက်ထဲကို ရောက်သွားတယ်။ " ကျွန်မက သူရဲကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး။ သာမာန် အလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ပါ။ အသက် ၆၀ ပြည့်တော့ ပင်စင်ယူလိုက်တယ်၊ ပြီးတော့ ပရဟိတအတွက် စေတနာ့လုပ်အားရှင် လုပ်နေတာပါပဲ" လို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြောတယ်။

ဝက်ဝံရုပ်တိုင်းမှာ အရောင် ၃ ရောင်စီ ပါပါတယ်။ Pattern ကိုတော့ ပရဟိတအဖွဲ့က ပေးပါတယ်။ ဝက်ဝံရုပ်တိုင်းက ပြုံးနေဖို့လိုပြီး မျက်လုံးလိုမျိုး အစိတ်အပိုင်းတွေဟာ အန္တရာယ်မရှိရဘူး။ ကလေးတွေအတွက် လုံခြုံစိတ်ချရဖို့ လိုပါတယ်။ Phyllis က လူတွေလှူထားတဲ့ ငှက်မွေးဂွမ်းကပ်တွေကို အိမ်ကိုယူသွားပြီး လျှော်ဖွပ်ကာ အရုပ်လေးတွေဖြစ်အောင် ပြန်လုပ်လိုက်တာ ဖြစ်ပါတယ်။

ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် Phyllis ကို ဗြိတိန်နန်းတော်က BEM ဆုလည်း ပေးအပ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၂၂ နှစ်ကစပြီး ခုချိန်ထိအောင် ဝက်ဝံရုပ်လေးတွေ ထိုးနေတုန်းပါပဲ။ သူမကြောင့် ကလေးတွေရဲ့နေ့ရက်တွေကို တောက်ပစေတဲ့အတွက် ကြည်နူးပျော်ရွှင်ရပါတယ်လို့လည်း Phyllis က ဆိုပါတယ်။

Source : Huff Post

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top