iMyanmarHouse.com - Best Property Website for Myanmar
×

ခင္ပြန္းသည္က ေစ်းဝယ္ထြက္ဖုိ႔ တစ္ရက္ေစာင့္ခုိင္းခဲ့ၿပီးေနာက္မွာ အမ်ဳိးသမီးတစ္ဦး ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္ခဲ့တယ္လုိ႔ ေဒးလီးေမးလ္ သတင္းဌာနက ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔မွာ ဒီပီကာလုိ႔ အမည္ရတဲ့ အသက္ ၂၃ ႏွစ္အရြယ္ အမ်ဳိးသမီးက သူ ေစ်းဝယ္ထြက္တာလုိက္ပုိ႔ဖုိ႔ ခင္ပြန္းျဖစ္သူ ဒီဗီဒီကုိ ပူဆာခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ေယာက်္ားက ႐ုံးမွာ အလုပ္ေတြ မ်ားေနလုိ႔ တနဂၤေႏြေန႔မတုိင္ခင္ ေစ်း၀ယ္ထြက္ဖုိ႔ လုိက္ပုိ႔ႏုိင္မွာမဟုတ္ဘူးလုိ႔ ေျပာခဲ့ပါတယ္။ သူ႔ေယာက်္ား ဒီဗီဒီက ပညာေရးဝန္ႀကီးဌာနမွ အလုပ္လုပ္တဲ့ ျပည္သူ႔ဝန္ထမ္းတစ္ေယာက္ပါ။

ဒီပီကာဟာ ေရွ႕လထဲမွာ သူ႔ေမာင္ႏွမ၀မ္းကြဲတစ္ဦး မဂၤလာေဆာင္ရွိလုိ႔ မဂၤလာေဆာင္မွာဝတ္ဖုိ႔ အဝတ္အစား ဝယ္ခ်င္ေနတာပါ။ ခင္ပြန္းျဖစ္သူက ေစ်းဝယ္ထြက္ဖုိ႔ တစ္ရက္ေစာင့္ခုိင္းၿပီး ေနာက္မွာေတာ့ ဒီပီကာက စိတ္ဆုိးသြားပါတယ္။ ဒီဗီဒီ အလုပ္က ျပန္လာခ်ိန္မွာ ဇနီးသည္က အခန္းတံခါးပိတ္ထားခဲ့လုိ႔ ဧည့္ခန္းမွာ အိပ္ခဲ့ရပါတယ္။

မနက္လင္းခ်ိန္မွာ မိန္းမျဖစ္သူ အခန္းတံခါးမဖြင့္လုိ႔ တံခါး ခ်ဳိးဖ်က္ၿပီး ဝင္ၾကည့္တဲ့အခ်ိန္မွာ ႀကိဳးဆြဲခ်ၿပီး ေသေနတဲ့ ဇနီးသည္ကုိ ေတြ႕ခဲ့ ရတာပါ။ သူတုိ႔လင္မယားႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က လက္ထပ္ခဲ့တာျဖစ္ၿပီး ဒီဗီဒီရဲ႕မိဘေတြနဲ႔အတူ ေနထုိင္တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PTH

# Unicode Version ဖြင့် ဖတ်ပါ #

ခင်ပွန်းသည်က ဈေးဝယ်ထွက်ဖို့ တစ်ရက်စောင့်ခိုင်းခဲ့ပြီးနောက်မှာ အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ဒီပီကာလို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးက သူ ဈေးဝယ်ထွက်တာလိုက်ပို့ဖို့ ခင်ပွန်းဖြစ်သူ ဒီဗီဒီကို ပူဆာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ယောကျ်ားက ရုံးမှာ အလုပ်တွေ များနေလို့ တနင်္ဂနွေနေ့မတိုင်ခင် ဈေးဝယ်ထွက်ဖို့ လိုက်ပို့နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူ့ယောကျ်ား ဒီဗီဒီက ပညာရေးဝန်ကြီးဌာနမှ အလုပ်လုပ်တဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်ပါ။

ဒီပီကာဟာ ရှေ့လထဲမှာ သူ့မောင်နှမဝမ်းကွဲတစ်ဦး မင်္ဂလာဆောင်ရှိလို့ မင်္ဂလာဆောင်မှာဝတ်ဖို့ အဝတ်အစား ဝယ်ချင်နေတာပါ။ ခင်ပွန်းဖြစ်သူက ဈေးဝယ်ထွက်ဖို့ တစ်ရက်စောင့်ခိုင်းပြီး နောက်မှာတော့ ဒီပီကာက စိတ်ဆိုးသွားပါတယ်။ ဒီဗီဒီ အလုပ်က ပြန်လာချိန်မှာ ဇနီးသည်က အခန်းတံခါးပိတ်ထားခဲ့လို့ ဧည့်ခန်းမှာ အိပ်ခဲ့ရပါတယ်။

မနက်လင်းချိန်မှာ မိန်းမဖြစ်သူ အခန်းတံခါးမဖွင့်လို့ တံခါး ချိုးဖျက်ပြီး ဝင်ကြည့်တဲ့အချိန်မှာ ကြိုးဆွဲချပြီး သေနေတဲ့ ဇနီးသည်ကို တွေ့ခဲ့ ရတာပါ။ သူတို့လင်မယားနှစ်ယောက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က လက်ထပ်ခဲ့တာဖြစ်ပြီး ဒီဗီဒီရဲ့မိဘတွေနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PTH

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top