ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

# Zawgyi ဖြင့်ဖတ်ရန် #








Credit: Buzzy

# Unicode ဖြင့်ဖတ်ရန် #

သန်းတွေ၊ဗောက်တွေရှိနေတာဟာ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတယ်ဆိုတာပြသနေတာပဲဖြစ်ပါတယ်။ဆံပင်အရှည်ထားပြီးခေါင်းပုံမှန်မလျှော်တာ၊အကျီအဝတ်အစားတွေထပ်တလဲလဲပြန်ဝတ်တာ ၊ရေပုံမှန် မချိုးတာစသဖြင့်တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ သန်းတွေ၊ဗောက်တွေ ကနေရာယူလာပါတော့တယ်။အဲ့ဒါဟာ သူကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင် က လူတွေကိုပါအနှောင့်အယှက်ဖြစ်စေပါတယ်။

မကြာသေးခင်က အင်တာနက် သုံးစွဲသူတစ်ယောက်က သူ့ရဲ့အတွေ့အကြုံကိုပြန်ပြီးမျှဝေခဲ့ပါတယ်။PrimoOnipa ဆိုတဲ့ အမျိုးသား က “တစ်ရက်မှာသူဟာ သုံးဘီးတပ်ယာဉ်ကိုငှားစီးခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူပထမဆုံးသတိပြုမိတာက မောင်းသူ အမျိုးသား ဆီက အနံ့အသက်ဆိုးကိုပါ။ အနံ့အသက် ဆိုးအပြင်သူ့ရဲ့အကျီနောက်ဘက်မှာလည်းသန်းတွေတွယ်ကပ်နေတာကိုမြင်တွေ့ခဲ့ပါတယ်။

ဒီအမျိုးသားကတော်တော်လေးကိုစိတ်ပျက်စရာကောင်းတယ်လို့ခံစားရလို့ ဓာတ်ပုံနဲ့ ဗီဒီယို ကိုရိုက်ခဲ့ပါတယ်”လို့ပြောပြီးပုံတွေတင်ပေးခဲ့ပါတယ်။

Primo က ထပ်ပြီးတော့ အဲ့ဒီ အမျိုးသား ဟာ ရေမချိုးတာ ၁နှစ်ကျော်လောက်ရှိပြီထင်တယ်၊ဒါမှမဟုတ်ရင်အဝတ်အစား တစ်စုံတည်းကိုပဲထပ်ပြီးဝတ်နေတာ၊အဲ့ဒါကြောင့်သူ့ရဲ့အဝတ်အစားပေါ်မှာ သန်း တွေတွယ်ကပ်နေတာဖြစ်မယ်လို့ပြောခဲ့ပါတယ်။

သူ့ရဲ့ပုံတွေကိုကြည့်ပြီး အင်တာနက်သုံးစွဲသူအချို့ကလည်းသုံးဘီးမောင်းသမားကို ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။တစ်ချို့ကတော့ တခြားသူတစ်ယောက်မှာလည်းသူ့ပြဿနာနဲ့သူရှိမှာပေါ့ လို့ပြောခဲ့ကြပါတယ်။

တစ်ချို့အင်တာနက်သုံးစွဲသူတွေကလည်း ဓာတ်ပုံရိုက်မယ့်အစား ရေချိုးဖို့နဲ့ဆံပင်ညှပ်ဖို့ကိုတိုက်တွန်းပြောဆိုခဲ့သင့်တယ်လို့အကြံပေးထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top