ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဆီး (ဇီး) သီး မွာ သေဘာ၀ကေပးတဲ့ ဗီတာမင္ဓါတ္ေတြ ေပါၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါေပမဲ့ ကၽြန္မတို႔ေတြ ဇီးသီးကိုေတာ့ ပံုမွန္စားသံုးေလ့မရွိပါဘူး။ ဒါေပမဲ့ အခုေျပာျပမဲ့အေၾကာင္းအရာကို စာဖတ္သူသိသြားရင္ေတာ့ ဇီးသီးကို ေန႔တိုင္းစားဖို႔ ဆံုးျဖတ္လုိက္မိမွာေသခ်ာပါတယ္။

ဆီး (ဇီး) သီး ကို တစ္ေန႔ ၁၂ လံုးစားေပးတာဟာ ကိုလက္စထေရာပမာဏကို ထိန္းညွိေပးႏိုင္သလို အရိုးကိုခိုင္မာေစၿပီး ကိုယ္ခံအားစနစ္ ေကာင္းမြန္ေစပါတယ္။

ဆီး (ဇီး) သီး တစ္လံုးမွာ ပိုတက္ဆီယမ္ ၁၁၃ မီလီဂရမ္ ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ေသြးတိုးတာေတြကို ထိန္းညွိေပးႏိုင္ၿပီး ေလျဖတ္တာကိုလည္း ကာကြယ္ေပးပါတယ္။

ဘယ္လိုလဲ ဇီးသီးစားဖို႔ ဆံုးျဖတ္လိုက္ၿပီလား။

ဆီး (ဇီး) သီးရဲ့ ေဆးဖက္၀င္ပံုနဲ႔ ပါ၀င္တဲ့ ဂုဏ္သတၱိမ်ား

ဆီး (ဇီး) သီးမွာ Beta-Carotene ႂကြယ္၀စြာပါ၀င္ၿပီး ဒီဓာတ္ပစၥည္းက အသည္းထဲမွာ ဗီတာမင္ေအ အျဖစ္ေျပာင္းလဲသြားပါတယ္။ ဒါ့အျပင္ အမွ်င္ဓါတ္၊ အဆီဓါတ္၊ ဗီတာမင္ B အုပ္စု၊ ဗီတာမင္ C၊ ဗီတာမင္ E၊ ဗီတာမင္ K၊ သံဓါတ္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ မဂၢနီစီယမ္၊ သၾကားဓါတ္ စတာေတြ ပါ၀င္ပါတယ္။

ဆီး (ဇီး) သီးမွာ ကယ္လိုရီဓါတ္ ၄၀ ပဲပါတာမို႔ ကယ္လိုရီနည္းတဲ့အစားအစာတစ္ခုျဖစ္ပါတယ္။ဒါ့ေၾကာင့္ ဆီး (ဇီး) သီးအေျခာက္ကိုျဖစ္ျဖစ္ အစိုကိုျဖစ္ျဖစ္ စားသံုးေပးသင့္ပါတယ္။ ဒါ့အျပင္ ဆီး (ဇီး) သီး ေဖ်ာ္ရည္ဟာလည္း က်န္းမာေရးအတြက္ ေသာက္သံုးသင့္တဲ့ အရည္တစ္မ်ိဳးျဖစ္ပါတယ္။ ဖ်ားနာတာ အဆစ္အျမစ္နာက်င္ ကိုက္ခဲတာ စတဲ့ ေ၀ဒနာေတြကို ခုခံႏိုင္ပါတယ္။ ဆီး (ဇီး) သီးဟာ ခႏၱာကိုယ္အတြက္လည္း အထူးေကာင္းမြန္သလို အိုမင္းရင့္ေရာ္တာကိုလည္း ကာကြယ္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
ဆီး (ဇီး) သီး မှာ သဘောဝကပေးတဲ့ ဗီတာမင်ဓါတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တွေ ဇီးသီးကိုတော့ ပုံမှန်စားသုံးလေ့မရှိပါဘူး။ ဒါပေမဲ့ အခုပြောပြမဲ့အကြောင်းအရာကို စာဖတ်သူသိသွားရင်တော့ ဇီးသီးကို နေ့တိုင်းစားဖို့ ဆုံးဖြတ်လိုက်မိမှာသေချာပါတယ်။

ဆီး (ဇီး) သီး ကို တစ်နေ့ ၁၂ လုံးစားပေးတာဟာ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သလို အရိုးကိုခိုင်မာစေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်။

ဆီး (ဇီး) သီး တစ်လုံးမှာ ပိုတက်ဆီယမ် ၁၁၃ မီလီဂရမ် ပါဝင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးတာတွေကို ထိန်းညှိပေးနိုင်ပြီး လေဖြတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

ဘယ်လိုလဲ ဇီးသီးစားဖို့ ဆုံးဖြတ်လိုက်ပြီလား။

ဆီး (ဇီး) သီးရဲ့ ဆေးဖက်ဝင်ပုံနဲ့ ပါဝင်တဲ့ ဂုဏ်သတ္တိများ

ဆီး (ဇီး) သီးမှာ Beta-Carotene ကြွယ်ဝစွာပါဝင်ပြီး ဒီဓာတ်ပစ္စည်းက အသည်းထဲမှာ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်၊ အဆီဓါတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သကြားဓါတ် စတာတွေ ပါဝင်ပါတယ်။

ဆီး (ဇီး) သီးမှာ ကယ်လိုရီဓါတ် ၄၀ ပဲပါတာမို့ ကယ်လိုရီနည်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒါ့ကြောင့် ဆီး (ဇီး) သီးအခြောက်ကိုဖြစ်ဖြစ် အစိုကိုဖြစ်ဖြစ် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဆီး (ဇီး) သီး ဖျော်ရည်ဟာလည်း ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဖျားနာတာ အဆစ်အမြစ်နာကျင် ကိုက်ခဲတာ စတဲ့ ဝေဒနာတွေကို ခုခံနိုင်ပါတယ်။ ဆီး (ဇီး) သီးဟာ ခန္တာကိုယ်အတွက်လည်း အထူးကောင်းမွန်သလို အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top