မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×


Image result for Lee Hyun Woo

Related image

Source : Koreaboo
Credit: Duwun

#Unicode Version#
The Liar and His Lover ရုပ်သံဇာတ်လမ်းတွဲနဲ့ ကိုရီးယားဒရာမာချစ်သူတို့ရဲ့ အသည်းကို လှုပ်ကိုင်နိုင်ခဲ့တဲ့ မင်းသားလီဟွန်ဝူး (Lee Hyun Woo) ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်မှုထမ်းတော့မယ်လို့ သိရပါတယ်။

လီဟွန်ဝူးဟာ ကိုရီးယားစစ်တပ်အရာရှိတွေနဲ့ လူတွေ့အင်တာဗျူးလုပ်ပြီးသွားပြီဖြစ်ဲစိပြီး တခြား ကိုရီးယားဆယ်လီတွေလို စစ်မှုထမ်းချိန်ကို မရွှေ့ဆိုင်းတော့ဘူးလို့လည်း သိရပါတယ်။ ဆယ်လီတွေဟာ အအောင်မြင်ဆုံးအချိန်တွေမှာ ၂ နှစ်ကြာ အနုပညာအလုပ်တွေကို ရပ်နားရမယ့် စစ်မှုထမ်းခြင်းကို ရွှေ့ဆိုင်းတတ်ကြတာ များပါတယ်။

ဒါပေမဲ့ လီဟွန်ဝူးကတော့ စစ်မှုထမ်းတာကို အရင်ပြီးအောင်လုပ်ပြီး ပိုမိုရင့်ကျက်တဲ့ သူတစ်ယောက်အနေနဲ့ ဇာတ်ကားတွေကို ရိုက်ကူးဖို့ ရွေးချယ်ခဲ့ပုံပါပဲ။

လီဟွန်ဝူးဟာ အသက် ၉ နှစ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာသူဖြစ်ပြီး ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်ခဲ့ကာ ၂၀၁၃ ခုနှစ်မှာတော့ Secretly, Greatly ဇာတ်လမ်းတွဲမှာ ကင်ဆိုးဟွန် နဲ့အတူ သရုပ်ဆောင်ရင်း နာမည်အရမ်းကြီးလာခဲ့တာ ဖြစ်ပါတယ်။

အခု အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ လီဟွန်ဝူးဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။

Source : Koreaboo

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top