AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ႏိုင္ငံ ၀ါရွင္တန္ဒီစီက ရုကၡေဗဒဥယ်ာဥ္ထဲမွာေတာ့ ႏွစ္ေတြအၾကာႀကီးေနမွ တစ္ႀကိမ္ေလာက္သာ ပြင့္တတ္တဲ့ ရွားပါး လူေသေကာင္ပန္းတစ္ပြင့္ ပြင့္ဖူးေနလ်က္ရွိတယ္လို႔ သိရပါတယ္။

ရုကၡေဗဒဥယ်ာဥ္မွာေတာ့ ထူးထူးျခားျခားပြင့္ဖူးေနတဲ့ အဆိုပါ အရွည္ ၂ ဒသမ ၅ မီတာ ရွိ လူေသေကာင္ပန္းကို လာေရာက္ၾကည့္ရႈသူေတြနဲ႔ စည္ကားေနလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Titan arum လို႔ေခၚတဲ့ ယင္း ထူးျခားတဲ့ လူေသေကာင္ပန္းပြင့္ေတြရဲ႕ မူလပထမေပါက္ေရာက္ရာေဒသကေတာ့ အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကၽြန္း ျဖစ္ပါတယ္။

အဆိုပါ ရွားပါး ပန္းအမ်ဳိးအစားဟာ တစ္ခါပြင့္ဖို႔အတြက္ ၁၂ ႏွစ္ေလာက္ထိ ၾကာတတ္ၿပီး ပြင့္လာခ်ိန္မွာလည္း အမ်ားဆံုး ၂၄ နာရီကေန ၄၈ နာရီၾကားသာ တာရွည္ခံတယ္လို႔လည္း သိရပါတယ္။

ယခုႏွစ္မွာေတာ့ အေမရိကန္မွာ ယင္းပန္းေတြနဲ႔ပတ္သက္လို႔ သမိုင္း၀င္ေလာက္ေအာင္ ထူးျခားမႈေတြ ျမင္ေတြ႕ထားရၿပီး ၿပီးခဲ့တဲ့ ၁၀ ရက္အတြင္းကပဲ ရုကၡေဗဒဥယ်ာဥ္ထဲမွာ အဆိုပါ လူေသေကာင္ပန္းသံုးပြင့္ ပြင့္ဖူးခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီက ရုက္ခဗေဒဥယျာဉ်ထဲမှာတော့ နှစ်တွေအကြာကြီးနေမှ တစ်ကြိမ်လောက်သာ ပွင့်တတ်တဲ့ ရှားပါး လူသေကောင်ပန်းတစ်ပွင့် ပွင့်ဖူးနေလျက်ရှိတယ်လို့ သိရပါတယ်။

ရုက္ခဗေဒဥယျာဉ်မှာတော့ ထူးထူးခြားခြားပွင့်ဖူးနေတဲ့ အဆိုပါ အရှည် ၂ ဒသမ ၅ မီတာ ရှိ လူသေကောင်ပန်းကို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေလျက်ရှိတယ်လို့လည်း သိရပါတယ်။

Titan arum လို့ခေါ်တဲ့ ယင်း ထူးခြားတဲ့ လူသေကောင်ပန်းပွင့်တွေရဲ့ မူလပထမပေါက်ရောက်ရာဒေသကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဖြစ်ပါတယ်။

အဆိုပါ ရှားပါး ပန်းအမျိုးအစားဟာ တစ်ခါပွင့်ဖို့အတွက် ၁၂ နှစ်လောက်ထိ ကြာတတ်ပြီး ပွင့်လာချိန်မှာလည်း အများဆုံး ၂၄ နာရီကနေ ၄၈ နာရီကြားသာ တာရှည်ခံတယ်လို့လည်း သိရပါတယ်။

ယခုနှစ်မှာတော့ အမေရိကန်မှာ ယင်းပန်းတွေနဲ့ပတ်သက်လို့ သမိုင်းဝင်လောက်အောင် ထူးခြားမှုတွေ မြင်တွေ့ထားရပြီး ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းကပဲ ရုက္ခဗေဒဥယျာဉ်ထဲမှာ အဆိုပါ လူသေကောင်ပန်းသုံးပွင့် ပွင့်ဖူးခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top