×

ေျခလက္ႏွစ္ဖက္မပါတဲ့ ကေလးငယ္ရဲ႕ ပထမဆုံးေျခတစ္လွမ္းက တစ္ကမာၻလုံးကို ေၾကကြဲသြားေစခဲ့ တကၠဆက္ျပည္နယ္မွ အသက္(၄)ႏွစ္အ႐ြယ္ ကေလးငယ္ဟာ ေမြးဖြားစဥ္ကထဲက လက္ႏွစ္ဖက္၊ ေျခေထာက္ႏွစ္ဖက္ မပါပဲ ေမြးဖြားလာခဲ့သူျဖစ္ပါတယ္။ ကေလးငယ္ပထမဦးဆုံး လမ္းစေလွ်ာက္ဖို႔ႀကိဳးစားေနတဲ့ ဗီဒီယိုကို မိခင္ျဖစ္သူက လူမႈကြန္ယက္မွာ တင္ခဲ့ပါတယ္။

မိခင္ျဖစ္သူ Katie Whiddon က သူမရဲ႕သားေလး Camden ဟာ ဒါပထမဆုံးလမ္းစမ္းေလွ်ာက္ဖို႔ ႀကိဳးစားတာလို႔ဆိုပါတယ္။ သူမလြန္ခဲ့တဲ့ ေလးႏွစ္လုံးလုံး ေမွ်ာ္လင့္ခဲ့ရတဲ့ ေမွ်ာ္လင့္ခ်က္ေတြဟာ တစ္ကယ္ျဖစ္လာေတာ့ ကေလးတစ္ေယာက္လိုပဲ ငိုမိပါတယ္လို႔ဆိုပါတယ္။

Whiddon ကိုယ္ဝန္ေဆာင္ၿပီး ၁၈ ပတ္အၾကာမွာ ဆရာဝန္ေတြက အာလ္ထရာေဆာင္း႐ိုက္ၾကည့္ခဲ့ရာ ကေလးေမြးလာတဲ့အခါ ေျခေတြ၊ လက္ေတြ ပါလာမွာမဟုတ္ဘူးလို႔ သူမကို သတိေပးခဲ့ပါတယ္။

“ကေလးမွာ ေျခေတြလက္ေတြ ပါလာမွာမဟုတ္ဘူးဆိုတာ ကြၽန္မပထမဦးဆုံး ၾကားသိလိုက္ရတဲအခ်ိန္မွာ ကေလးေတာ့ ဘဝဆုံးပါၿပီလို႔ ေတြးလိုက္မိတယ္။ ကြၽန္မ ဘာကိုေမွ်ာ္လင့္လို႔ ေမွ်ာ္လင့္ရမွန္းမသိ ျဖစ္ခဲ့ရတယ္။ အဲဒီအခ်ိန္က ကြၽန္မက အသက္ ၁၉ ႏွစ္ျပည့္ကာစပဲရွိေသးတယ္၊ ဘာမွလည္း မဆုံးျဖတ္တတ္ေသးဘူး၊ ကြၽန္မ ကေလးကို ေကာင္းေကာင္းေစာင့္ေရွာက္ႏိုင္ပါ့မလားလို႔ ေတြးပူေနမိခဲ့တယ္” ဟု ေျပာၾကားခဲ့သည္။

“ဒါေပမယ့္ သူႏွစ္လသားအ႐ြယ္ေလာက္မွာ သူ႔ကို ကြၽန္မအိပ္ယာထဲမွာပဲ ထားၿပီးသိပ္တယ္၊ မ်က္စိေအာက္က အေပ်ာက္မခံပါဘူး။ တစ္ေန႔ေတာ့ သူက အ႐ုပ္ေလးေတြကို သူ႔ရဲ႕ လက္ငုတ္တိုေလးနဲ႔ ႐ိုက္ေနတာကိုေတြ႕ရေတာ့ ကြၽန္မငိုေတာ့တာပဲ။ ေပ်ာ္လဲေပ်ာ္သြားတယ္၊ သူဟာစ္ခုခုလုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပလိုက္တာပဲေလ။ အရင္တုန္းက ကြၽန္မစိတ္ထဲမွာ စိုးရိမ္စိတ္ေတြ အမ်ားႀကီးရွိခဲ့တယ္ ဒါေပမယ့္သူ႔ရဲ႕ အျပဳအမူကို ေတြ႕သြားၿပီးေနာက္ပိုင္းမွာ ကြၽန္မမွာ ေသာကေတြ မရွိေတာ့ဘူး၊ သူတစ္ခုခုေတာ့ လုပ္ႏိုင္လာလိမ့္မယ္ဆိုတာ ယုံၾကည္တယ္” ဟု ထပ္ေလာင္းေျပာၾကားခဲ့သည္။

ဗီဒီယိုထဲမွာေတာ့ ကေလးငယ္ဟာ ဖခင္ျဖစ္သူ Cole Green က လက္ဆန႔္တန္းၿပီး ေခၚေနတာကို ေျခေထာက္ငုတ္တိုေလးနဲ႔ အေရာက္သြားဖို႔ ႀကိဳးစားေနတာကို ျမင္ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khin Saw Pyae Hlaing

# Unicode Version ျဖင့္ ဖတ္ပါ #
ခြေလက်နှစ်ဖက်မပါတဲ့ ကလေးငယ်ရဲ့ ပထမဆုံးခြေတစ်လှမ်းက တစ်ကမ္ဘာလုံးကို ကြေကွဲသွားစေခဲ့ တက္ကဆက်ပြည်နယ်မှ အသက်(၄)နှစ်အရွယ် ကလေးငယ်ဟာ မွေးဖွားစဉ်ကထဲက လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက် မပါပဲ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ကလေးငယ်ပထမဦးဆုံး လမ်းစလျှောက်ဖို့ကြိုးစားနေတဲ့ ဗီဒီယိုကို မိခင်ဖြစ်သူက လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

မိခင်ဖြစ်သူ Katie Whiddon က သူမရဲ့သားလေး Camden ဟာ ဒါပထမဆုံးလမ်းစမ်းလျှောက်ဖို့ ကြိုးစားတာလို့ဆိုပါတယ်။ သူမလွန်ခဲ့တဲ့ လေးနှစ်လုံးလုံး မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေဟာ တစ်ကယ်ဖြစ်လာတော့ ကလေးတစ်ယောက်လိုပဲ ငိုမိပါတယ်လို့ဆိုပါတယ်။

Whiddon ကိုယ်ဝန်ဆောင်ပြီး ၁၈ ပတ်အကြာမှာ ဆရာဝန်တွေက အာလ်ထရာဆောင်းရိုက်ကြည့်ခဲ့ရာ ကလေးမွေးလာတဲ့အခါ ခြေတွေ၊ လက်တွေ ပါလာမှာမဟုတ်ဘူးလို့ သူမကို သတိပေးခဲ့ပါတယ်။

“ကလေးမှာ ခြေတွေလက်တွေ ပါလာမှာမဟုတ်ဘူးဆိုတာ ကျွန်မပထမဦးဆုံး ကြားသိလိုက်ရတဲအချိန်မှာ ကလေးတော့ ဘဝဆုံးပါပြီလို့ တွေးလိုက်မိတယ်။ ကျွန်မ ဘာကိုမျှော်လင့်လို့ မျှော်လင့်ရမှန်းမသိ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်က ကျွန်မက အသက် ၁၉ နှစ်ပြည့်ကာစပဲရှိသေးတယ်၊ ဘာမှလည်း မဆုံးဖြတ်တတ်သေးဘူး၊ ကျွန်မ ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့မလားလို့ တွေးပူနေမိခဲ့တယ်” ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် သူနှစ်လသားအရွယ်လောက်မှာ သူ့ကို ကျွန်မအိပ်ယာထဲမှာပဲ ထားပြီးသိပ်တယ်၊ မျက်စိအောက်က အပျောက်မခံပါဘူး။ တစ်နေ့တော့ သူက အရုပ်လေးတွေကို သူ့ရဲ့ လက်ငုတ်တိုလေးနဲ့ ရိုက်နေတာကိုတွေ့ရတော့ ကျွန်မငိုတော့တာပဲ။ ပျော်လဲပျော်သွားတယ်၊ သူဟာစ်ခုခုလုပ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပဲလေ။ အရင်တုန်းက ကျွန်မစိတ်ထဲမှာ စိုးရိမ်စိတ်တွေ အများကြီးရှိခဲ့တယ် ဒါပေမယ့်သူ့ရဲ့ အပြုအမူကို တွေ့သွားပြီးနောက်ပိုင်းမှာ ကျွန်မမှာ သောကတွေ မရှိတော့ဘူး၊ သူတစ်ခုခုတော့ လုပ်နိုင်လာလိမ့်မယ်ဆိုတာ ယုံကြည်တယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဗီဒီယိုထဲမှာတော့ ကလေးငယ်ဟာ ဖခင်ဖြစ်သူ Cole Green က လက်ဆန့်တန်းပြီး ခေါ်နေတာကို ခြေထောက်ငုတ်တိုလေးနဲ့ အရောက်သွားဖို့ ကြိုးစားနေတာကို မြင်တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Khin Saw Pyae Hlaing
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top