စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

ျပင္သစ္ႏိုင္ငံမွအမ်ိဳးသားတစ္ဦး သည္ လြန္ခဲ့သည့္ခုႏွစ္ႏွစ္ကမ်က္ႏွာအ စားထိုးခြဲစိတ္မႈျပဳလုပ္ခဲ့ေသာ္လည္း ခႏၶာ ကိုယ္ကျငင္းဆန္သည့္အတြက္ ႏွစ္လ ၾကာေအာင္မ်က္ႏွာမရွိဘဲေနထိုင္ခဲ့ရၿပီး ေနာက္ ဒုတိယအႀကိမ္မ်က္ႏွာအစားထိုး ခြဲစိတ္မႈခံယူမည့္ကမၻာ့ပထမဆုံးလူသား ျဖစ္လာသည္ဟု သိရသည္။

အစားထိုးခြဲစိတ္ထားသည့္မ်က္ႏွာ တစ္ခုကို အျခားတစ္ခုႏွင့္ထပ္မံလဲလွယ္ ျခင္းသည္ ကမၻာေပၚတြင္ပထမဆုံးအႀကိမ္ ျဖစ္သည္။အသက္ ၄၀ အ႐ြယ္လူနာအမ်ိဳး သားသည္ ဇန္နဝါရီလ ၂၂ ရက္တြင္ ပဲရစ္ ၿမိဳ႕ရွိ Georges Pompidou ေဆး႐ုံတြင္ ဒုတိယအႀကိမ္မ်က္ႏွာအစားထိုးခြဲစိတ္ကု သမႈခံယူခဲ့ၿပီး ေနာက္ဆက္တြဲအေျခအ ေနမ်ားကိုမသိရွိရေသးေပ။

ပထမအႀကိမ္ အစားထိုးခြဲစိတ္ထားသည့္မ်က္ႏွာကို ၿပီး ခဲ့သည့္ႏိုဝင္ဘာလတြင္ ခြဲစိတ္ဖယ္ရွားခဲ့ ၿပီး မ်က္ႏွာအစားထိုးခြဲစိတ္မႈထပ္မံလုပ္ ေဆာင္ႏိုင္သည့္အခ်ိန္အထိ အသက္႐ႉ အေထာက္အပံ့ကိရိယာမ်ားႏွင့္ကိုးမားအ ေျခအေနတြင္ေနခဲ့ရသည္။ ပထမဆုံးအ ႀကိမ္မ်က္ႏွာအစားထိုးခြဲစိတ္မႈကို ၁၉၉၄ ခုႏွစ္တြင္ ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ ေသာ္လည္း အဆိုပါခြဲစိတ္မႈသည္ ယခုအ ခ်ိန္အထိ အလြန္အႏၲရာယ္မ်ားသည့္လုပ္ ငန္းစဥ္တစ္ခုအျဖစ္ သတ္မွတ္ခံထားရ သည္။

ယေန႔အခ်ိန္အထိ မ်က္ႏွာအစား ထိုးခြဲစိတ္မႈမွာ အႀကိမ္ ၄၀ သာလုပ္ေဆာင္ ခဲ့ဖူးၿပီး အနည္းဆုံးလူနာေျခာက္ဦးေသဆုံး ခဲ့သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမဇြန္
# Unicode ဖြင့်ဖတ်ရန် #

ပြင်သစ်နိုင်ငံမှအမျိုးသားတစ်ဦး သည် လွန်ခဲ့သည့်ခုနှစ်နှစ်ကမျက်နှာအ စားထိုးခွဲစိတ်မှုပြုလုပ်ခဲ့သော်လည်း ခန္ဓာ ကိုယ်ကငြင်းဆန်သည့်အတွက် နှစ်လ ကြာအောင်မျက်နှာမရှိဘဲနေထိုင်ခဲ့ရပြီး နောက် ဒုတိယအကြိမ်မျက်နှာအစားထိုး ခွဲစိတ်မှုခံယူမည့်ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာသည်ဟု သိရသည်။

အစားထိုးခွဲစိတ်ထားသည့်မျက်နှာ တစ်ခုကို အခြားတစ်ခုနှင့်ထပ်မံလဲလှယ် ခြင်းသည် ကမ္ဘာပေါ်တွင်ပထမဆုံးအကြိမ် ဖြစ်သည်။အသက် ၄၀ အရွယ်လူနာအမျိုး သားသည် ဇန်နဝါရီလ ၂၂ ရက်တွင် ပဲရစ် မြို့ရှိ Georges Pompidou ဆေးရုံတွင် ဒုတိယအကြိမ်မျက်နှာအစားထိုးခွဲစိတ်ကု သမှုခံယူခဲ့ပြီး နောက်ဆက်တွဲအခြေအ နေများကိုမသိရှိရသေးပေ။

ပထမအကြိမ် အစားထိုးခွဲစိတ်ထားသည့်မျက်နှာကို ပြီး ခဲ့သည့်နိုဝင်ဘာလတွင် ခွဲစိတ်ဖယ်ရှားခဲ့ ပြီး မျက်နှာအစားထိုးခွဲစိတ်မှုထပ်မံလုပ် ဆောင်နိုင်သည့်အချိန်အထိ အသက်ရှူ အထောက်အပံ့ကိရိယာများနှင့်ကိုးမားအ ခြေအနေတွင်နေခဲ့ရသည်။ ပထမဆုံးအ ကြိမ်မျက်နှာအစားထိုးခွဲစိတ်မှုကို ၁၉၉၄ ခုနှစ်တွင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ သော်လည်း အဆိုပါခွဲစိတ်မှုသည် ယခုအ ချိန်အထိ အလွန်အန္တရာယ်များသည့်လုပ် ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ခံထားရ သည်။

ယနေ့အချိန်အထိ မျက်နှာအစား ထိုးခွဲစိတ်မှုမှာ အကြိမ် ၄၀ သာလုပ်ဆောင် ခဲ့ဖူးပြီး အနည်းဆုံးလူနာခြောက်ဦးသေဆုံး ခဲ့သည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မေဇွန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top