စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သက္ငယ္မုဒိမ္းမႈေတြဟာ လက္ရွိ ကၽြန္ေတာ္တို႔ႏုိင္ငံမွာ အင္မတန္မွကုိ အေတြ႕ရမ်ားေနတဲ့ ျပႆနာတစ္ရပ္ ျဖစ္ပါတယ္။ ဆင္းရဲၿပီး ပညာမတတ္၊ လူေနမႈအဆင့္အတန္း နိမ့္က်တဲ့အသိုင္းအ၀ုိင္းမွာ ဒီျပႆနာေတြ ျဖစ္ႏုိင္ေခ် ပိုမ်ားေပမယ့္ ဘယ္ကေလးမဆုိ ၾကံဳေတြ႕ရႏုိင္ပါတယ္။ လက္ရွိအရြယ္ေရာက္ၿပီးသား အမ်ိဳးသား၊ အမ်ိဳးသမီးေတြနဲ႕ စကားေျပာၾကည္႕တဲ့အခါ အဓမၼျပဳက်င့္မႈေလာက္ထိ မဟုတ္ေတာင္ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြကို ပံုစံတစ္မ်ိဳးမ်ိဳးနဲ႕ ငယ္စဥ္အခါက ၾကံဳေတြ႕ခဲ့ၾကရဖူးတာကို အံ့အားသင့္ဖြယ္ သတိထားမိခဲ့ပါတယ္။

ကေလးေတြဟာ လူၾကီးထက္စာရင္ အသိပညာနည္းပါတယ္။ ခြန္အားနည္းပါတယ္။ ဒီအတြက္ ကေလးကို အလြယ္တကူ အႏုိင္က်င့္လို႕ ရတယ္။ အၾကမ္းဖက္လို႕ ရတယ္။ ဒါက လူၾကီးနဲ႕ ကေလးၾကားက ကြာျခားခ်က္ေတြ။ ကေလးတစ္ေယာက္ကို ေတြ႕တဲ့အခါ ကုိယ္က်င့္သိကၡာ ေကာင္းသူက ဒီကြာျခားခ်က္ကို အလြဲသံုးစား မလုပ္ဘူး။ ကေလးကို ေစာင့္ေရွာက္ေပးမယ္။ ကာကြယ္ေပးမယ္။ ဒီလုိ ကုိယ္က်င့္သိကၡာ မေကာင္းသူကေတာ့ ကေလးတစ္ေယာက္ကုိ ေတြ႕တဲ့အခါ အႏုိင္က်င့္စရာလို႕ ျမင္မယ္။ အၾကမ္းဖက္ေစာ္ကားမယ္။ ဘာလို႕ဆုိေတာ့ ကေလးပဲ၊ ငါဘာလုပ္လဲ သိမွာမွမဟုတ္တာလို႕ ေတြးတာကိုး။ ဒါေၾကာင့္မို႕ ကေလးေတြကုိ သိေအာင္ ေျပာျပထားရမယ္။ ဒါမွ ဒီလုိလုပ္တာဟာ သူတုိ႕ကုိ မေကာင္းတဲ့အျပဳအမူတစ္ခု လုပ္ေနတာပါလား ဆုိတာ သိလိမ့္မယ္။

ဒါမွ လက္မခံဘဲ ျငင္းဆန္ႏုိင္လိမ့္မယ္။ ဒီအတြက္ ကေလးေတြကို ဘာေတြ သင္ေပးထားဖုိ႔ လိုမလဲ။

၁။ ရင္သား၊ တင္ပါးနဲ႕ လိင္အဂၤါ စတဲ့ ခႏၶာကုိယ္အစိတ္အပုိင္းေတြဟာ သီးသန္႕ဆန္တဲ့ Private parts ေတြ ျဖစ္တာေၾကာင့္ ဘယ္သူပဲျဖစ္ျဖစ္ အဲဒီေနရာေတြကို လာကုိင္ရင္ လံုး၀လက္သင့္မခံဖို႕ မွာထားပါ။ အေဖႏွင့္အေမကလြဲၿပီး ဘယ္သူကမွ အဲဒီအစိတ္အပိုင္းေတြကို အ၀တ္မပါဘဲ မျမင္သင့္ေၾကာင္း ေျပာျပပါ။ ကေလးတခ်ိဳဳ႕ဟာ ဒီလိုကိစၥေတြ ၾကံဳရတဲ့အခါမွာ ဘာလုပ္လို႔ လုပ္လိုက္မွန္းေတာင္ မသိၾကပါဘူး။ အေၾကာင္းကေတာ့ လူၾကီးေတြက ေျပာျပမထားၾကလို႔ပါ။

၂။ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သူတို႕ရဲ႕ အဲဒီအစိတ္အပို္င္းေတြကို ဓါတ္ပံုရုိက္ခြင့္ မရွိေၾကာင္းလည္း ေျပာထားပါ။ ကမာၻမွာဆုိရင္ ကေလးသူငယ္နဲ႕ လိင္ဆက္ဆံရတာကို တပ္မက္တဲ့သူေတြဆီ အဲဒီဓါတ္ပံုေတြ ေရာင္းခ်တာမ်ိဳးက လိင္လုပ္ငန္းတစ္ခုအေနနဲ႕ တြင္တြင္က်ယ္က်ယ္ကို ရွိပါတယ္။

၃။ အဲဒီလိုပဲ တစ္ဦးတစ္ေယာက္ကေန သူ႕ရဲ႕ အဲဒီလိုအစိတ္အပိုင္းေတြကို ကုိင္ၾကည္႕ဖုိ႕ ကေလးကို ေျပာလာရင္လည္း လက္သင့္မခံဖုိ႔ ေျပာထားပါ။ ဘာလို႔ဆုိေတာ့ က်ဴးလြန္သူေတြဟာ ကေလးကို အဲဒီလိုကုိင္ၾကည္႕ခုိင္းျခင္းျဖင့္ အဓမၼျပဳက်င့္မႈကို စတင္တတ္ၾကလို႔ပါပဲ။

၄။ ျဖစ္သမွ်အေၾကာင္း အကုန္အစင္ကုိ မိဘကို ထုတ္ေဖာ္ေျပာျခင္းကသာ သူတို႕အတြက္ ေဘးကင္းမွာျဖစ္ေၾကာင္း ကေလးကုိ အသိေပးထားပါ။ လူၾကီးကုိ ျပန္ေျပာရင္ သတ္ပစ္မယ္၊ ဒုကၡေပးမယ္ဆုိၿပီး က်ဴးလြန္သူေတြဟာ ကေလးေတြကို ၿခိမ္းေျခာက္ထားတတ္ၾကလို႕ ျဖစ္ပါတယ္။

၅။ မူမမွန္တဲ့ အေျခအေနေတြ ျဖစ္လာရင္၊ ဒါမွမဟုတ္ ျဖစ္ေနတယ္လုိ႔ ခံစားရရင္ ခ်က္ခ်င္းေရွာင္ထြက္ဖုိ႕ အသိေပးပါ။ လူၾကီးမိဘဆီ လွ်ိဳ႕၀ွက္ဆက္သြယ္ႏုိင္ေအာင္လည္း သင္ေပးထားပါ။ (ကေလးနဲ႕မိဘသာ သိတဲ့ဆက္သြယ္မႈမ်ိဳး ဥပမာ သီခ်င္းတစ္ပုဒ္ဆုိလိုက္တာ၊ ထူးၿခားေသာအသံတခုခု ျပဳတာ) တအားရုန္းကန္ ေအာ္ဟစ္ျပန္ရင္လည္း ကေလးကို တခုခု အႏၱရာယ္ေပးလိုက္မွာ စိုးရိမ္ရျပန္ပါတယ္။ ဒါကိုလည္း သတိထားေစခ်င္တယ္။

၆။ ကေလးဆီမွာ လွ်ိဳ႕၀ွက္ထားတာ ဘာတစ္ခုမွ ရွိမေနေစဖုိ႔ မွာထားပါ။ နည္းနည္းၾကီးတဲ့ ကေလးက ကေလးအခ်င္းခ်င္း ျပဳလုပ္တာမ်ိဳးရွိႏုိင္ၿပီး၊ နင္ ငါနဲ႕ကစားရတာ ေပ်ာ္ရင္ ဒီကိစၥကုိ လွ်ိဳ႕၀ွက္ထားေၾကး ဆုိတာမ်ိဳးနဲ႕ ကေလးကို မွာထားတတ္ၾကတယ္။

၇။ အခုသင္ေပးခဲ့သမွ်ေတြအားလံုးဟာ သူစိမ္းမ်ားနဲ႕သာ သက္ဆုိင္တာမဟုတ္ဘဲ မိသားစု၀င္မ်ား၊ ေဆြမ်ိဳးမ်ား၊ ရင္းႏွီးသူမ်ားနဲ႕ ကေလးအခ်င္းခ်င္းမွာပါ အဲဒီလိုျပဳမူူမႈမ်ား ရွိလာရင္ လူၾကီးမိဘကုိ အသိေပးဖို႔လိုမွာျဖစ္ေၾကာင္း အသိေပးထားပါ။ အေမရိကန္ႏုိင္ငံမွာ လုပ္ထားတဲ့ စစ္တမ္းအရ ကေလးသူငယ္အဓမၼျပဳက်င့္မႈေတြမွာ သူစိမ္းျပဳက်င့္တာက ၇ ရာခိုင္ႏႈန္းသာ ရွိၿပီး က်န္ ၉၃ ရာခုိင္ႏႈန္းမွာေတာ့ ရင္းႏွီးသူေတြရဲ႕ ျပဳက်င့္ၿခင္းကို ခံခဲ့ၾကရတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာလည္း စစ္တမ္းရယ္လို႕ ခုိင္ခုိင္မာမာ မရွိေသးေပမယ့္ လတ္တေလာ ေတြ႕ရွိခ်က္ေတြအရ ရင္းႏွီးသူမ်ားကသာ ျပဳက်င့္ေနၾကတာ မ်ားပါတယ္။ ဒါေၾကာင့္မုိ႕ ကေလးမိဘေတြ၊ အုပ္ထိန္းသူေတြအေနနဲ႕ ကုိယ့္ကေလးကုိ ဒီလို အသိပညာေတြ ေပးထားျခင္းျဖင့္ ကေလးေတြအတြက္ မွန္ကန္တဲ့ ကာကြယ္ေပးမႈေတြ လုပ္ထားၾကဖုိ႕ လိုပါတယ္။

ေရးသားသူ Dr. Phio Thiha

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #
သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။

ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခာ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခာ မကောင်းသူကတော့ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ အနိုင်ကျင့်စရာလို့ မြင်မယ်။ အကြမ်းဖက်စော်ကားမယ်။ ဘာလို့ဆိုတော့ ကလေးပဲ၊ ငါဘာလုပ်လဲ သိမှာမှမဟုတ်တာလို့ တွေးတာကိုး။ ဒါကြောင့်မို့ ကလေးတွေကို သိအောင် ပြောပြထားရမယ်။ ဒါမှ ဒီလိုလုပ်တာဟာ သူတို့ကို မကောင်းတဲ့အပြုအမူတစ်ခု လုပ်နေတာပါလား ဆိုတာ သိလိမ့်မယ်။

ဒါမှ လက်မခံဘဲ ငြင်းဆန်နိုင်လိမ့်မယ်။ ဒီအတွက် ကလေးတွေကို ဘာတွေ သင်ပေးထားဖို့ လိုမလဲ။

၁။ ရင်သား၊ တင်ပါးနဲ့ လိင်အင်္ဂါ စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သီးသန့်ဆန်တဲ့ Private parts တွေ ဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာတွေကို လာကိုင်ရင် လုံးဝလက်သင့်မခံဖို့ မှာထားပါ။ အဖေနှင့်အမေကလွဲပြီး ဘယ်သူကမှ အဲဒီအစိတ်အပိုင်းတွေကို အဝတ်မပါဘဲ မမြင်သင့်ကြောင်း ပြောပြပါ။ ကလေးတချိုု့ဟာ ဒီလိုကိစ္စတွေ ကြုံရတဲ့အခါမှာ ဘာလုပ်လို့ လုပ်လိုက်မှန်းတောင် မသိကြပါဘူး။ အကြောင်းကတော့ လူကြီးတွေက ပြောပြမထားကြလို့ပါ။

၂။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ရဲ့ အဲဒီအစိတ်အပိုင်းတွေကို ဓါတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း ပြောထားပါ။ ကမ္ဘာမှာဆိုရင် ကလေးသူငယ်နဲ့ လိင်ဆက်ဆံရတာကို တပ်မက်တဲ့သူတွေဆီ အဲဒီဓါတ်ပုံတွေ ရောင်းချတာမျိုးက လိင်လုပ်ငန်းတစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ်ကို ရှိပါတယ်။

၃။ အဲဒီလိုပဲ တစ်ဦးတစ်ယောက်ကနေ သူ့ရဲ့ အဲဒီလိုအစိတ်အပိုင်းတွေကို ကိုင်ကြည့်ဖို့ ကလေးကို ပြောလာရင်လည်း လက်သင့်မခံဖို့ ပြောထားပါ။ ဘာလို့ဆိုတော့ ကျူးလွန်သူတွေဟာ ကလေးကို အဲဒီလိုကိုင်ကြည့်ခိုင်းခြင်းဖြင့် အဓမ္မပြုကျင့်မှုကို စတင်တတ်ကြလို့ပါပဲ။

၄။ ဖြစ်သမျှအကြောင်း အကုန်အစင်ကို မိဘကို ထုတ်ဖော်ပြောခြင်းကသာ သူတို့အတွက် ဘေးကင်းမှာဖြစ်ကြောင်း ကလေးကို အသိပေးထားပါ။ လူကြီးကို ပြန်ပြောရင် သတ်ပစ်မယ်၊ ဒုက္ခပေးမယ်ဆိုပြီး ကျူးလွန်သူတွေဟာ ကလေးတွေကို ခြိမ်းခြောက်ထားတတ်ကြလို့ ဖြစ်ပါတယ်။

၅။ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဒါမှမဟုတ် ဖြစ်နေတယ်လို့ ခံစားရရင် ချက်ချင်းရှောင်ထွက်ဖို့ အသိပေးပါ။ လူကြီးမိဘဆီ လျှို့ဝှက်ဆက်သွယ်နိုင်အောင်လည်း သင်ပေးထားပါ။ (ကလေးနဲ့မိဘသာ သိတဲ့ဆက်သွယ်မှုမျိုး ဥပမာ သီချင်းတစ်ပုဒ်ဆိုလိုက်တာ၊ ထူးခြားသောအသံတခုခု ပြုတာ) တအားရုန်းကန် အော်ဟစ်ပြန်ရင်လည်း ကလေးကို တခုခု အန္တရာယ်ပေးလိုက်မှာ စိုးရိမ်ရပြန်ပါတယ်။ ဒါကိုလည်း သတိထားစေချင်တယ်။

၆။ ကလေးဆီမှာ လျှို့ဝှက်ထားတာ ဘာတစ်ခုမှ ရှိမနေစေဖို့ မှာထားပါ။ နည်းနည်းကြီးတဲ့ ကလေးက ကလေးအချင်းချင်း ပြုလုပ်တာမျိုးရှိနိုင်ပြီး၊ နင် ငါနဲ့ကစားရတာ ပျော်ရင် ဒီကိစ္စကို လျှို့ဝှက်ထားကြေး ဆိုတာမျိုးနဲ့ ကလေးကို မှာထားတတ်ကြတယ်။

၇။ အခုသင်ပေးခဲ့သမျှတွေအားလုံးဟာ သူစိမ်းများနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့ ကလေးအချင်းချင်းမှာပါ အဲဒီလိုပြုမူူမှုများ ရှိလာရင် လူကြီးမိဘကို အသိပေးဖို့လိုမှာဖြစ်ကြောင်း အသိပေးထားပါ။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ စစ်တမ်းအရ ကလေးသူငယ်အဓမ္မပြုကျင့်မှုတွေမှာ သူစိမ်းပြုကျင့်တာက ၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန် ၉၃ ရာခိုင်နှုန်းမှာတော့ ရင်းနှီးသူတွေရဲ့ ပြုကျင့်ခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စစ်တမ်းရယ်လို့ ခိုင်ခိုင်မာမာ မရှိသေးပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ ရင်းနှီးသူများကသာ ပြုကျင့်နေကြတာ များပါတယ်။ ဒါကြောင့်မို့ ကလေးမိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးကို ဒီလို အသိပညာတွေ ပေးထားခြင်းဖြင့် ကလေးတွေအတွက် မှန်ကန်တဲ့ ကာကွယ်ပေးမှုတွေ လုပ်ထားကြဖို့ လိုပါတယ်။

ရေးသားသူ Dr. Phio Thiha

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top