ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဂီတဘက္မွာလည္း ေအာင္ျမင္သလုိ သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္အားေပးမႈအခုိင္အမာရရွိထားတဲ့ ၾကက္ဖ ကေတာ့ လက္ရွိမွာ သရုပ္ေဆာင္ဘက္ကုိ ပုိအာရုံစုိက္ၿပီး လုပ္ျဖစ္ေနတဲ့ ရင္ထဲက ခံစားခ်က္ကုိလည္း Duwun Media ကေနတဆင့္ ဖြင့္ေျပာခဲ့ပါတယ္။

'' ဟာသသရုပ္ေဆာင္လုပ္ရတာကို ပုိႀကိဳက္တယ္၊ ဒါေပမယ့္ လုံးဝအတည္မရုိက္ခ်င္ေတာ့ဘူးလား ဒရာမာတုိ႔၊ အက္ရွင္တုိ႔ ၊ ရုိးမန္႔ ဘာညာ ေပါ့ဗ်ာ မရုိက္ခ်င္ဘူးလားဆိုေတာ့လည္း ရုိက္ခ်င္တာေပါ့။ ဒါကေတာ့ သရုပ္ေဆာင္တုိင္းက အဲ့ဒီလုိပါပဲ တစ္ခုတည္းကုိ ေဇာင္းေပးၿပီးရုိက္ခ်င္ တယ္လုိ႔ေတာ့ မရွိတတ္ၾကပါဘူး၊ ဟာသကုိေတာ့ အႀကိဳက္ဆုံးပဲ ခင္ဗ်၊ အျပင္မွာလည္း အဲ့ဒီလုိေနရတာကုိ ႀကိဳက္တယ္ ခပ္တည္တည္ေနရတာ ႀကီးကုိ မႀကိဳက္ဘူး။အျပင္မွာလည္း ဒရာမာႀကီးျဖစ္ေနတဲ့ ဘဝကုိ မလုိခ်င္ဘူး'' လုိ႔ ဆုိပါတယ္။

ကမ္းလွမ္းလာတဲ့ ကာရုိက္တာအေပၚမွာပဲ ပရိသတ္ကုိ သရုပ္ေဆာင္ျပခြင့္ရမွာပါလို႔ ၾကက္ဖက ေျပာပါတယ္။

'' ကၽြန္ေတာ္တုိ႔ကုိက ဖိတ္ေခၚတဲ့ ကာရုိက္တာမ်ဳိးပဲ လက္ခံရတာပါ။ ကၽြန္ေတာ္တုိ႔ ကုိယ္တုိင္ေရြးခ်ယ္ခြင့္ေတာ့မရွိပါဘူး ကၽြန္ေတာ္တို႔ကုိ ဒီလုိေလးေတာ့ လုပ္ေပးဗ်ာ ဆုိၿပီးေတာ့ ေျပာလုိ႔လည္း မရဘူး၊ ဘယ္လုိဇာတ္အိမ္ထဲမွာ ကၽြန္ေတာ္တုိ႔ကုိ ကမ္းလွမ္းသလဲ၊ ဘယ္လုိကာရုိက္တ ာမ်ဳိး ကၽြန္ေတာ္တုိ႔ကုိ ကမ္းလွမ္းသလဲ၊ ဆုိတဲ့ အေပၚမွာပဲ ကၽြန္ေတာ္တုိ႔က ေရြးခ်ယ္ခြင့္ရတာပါ၊ ႀကဳံလာမယ့္ ကာရုိက္တာေတြနဲ႔ပဲ ပရိသတ္ကုိ သရုပ္ေဆာင္ျပခြင့္ရမွာပါ'' လုိ႔ ၾကက္ဖက ေျပာပါတယ္။

အဆုိေတာ္ၾကက္ဖကေတာ့ အခုလက္ရွိမွာ ဂီတဘက္ကုိ လႈပ္ရွားတာထက္၊ သရုပ္ေဆာင္အလုပ္ကုိ ပုိလုပ္ျဖစ္ေနတာကုိ ေတြ႔ရပါတယ္။ သူ ပထမဆုံးပါဝင္ရုိက္ကူးခ့ဲတဲ့ ေဂ်ာ္နီငါးပိနဲ႔ ေတာ္ကီခ်က္ႀကီး ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲကုိလည္း ပရိသတ္အမ်ားစု အားေပးလက္ခံခဲ့ၾကပါတယ္။ မၾကာခင္ရုံတင္ျပသေတာ့မယ့္ ကုိယ့္သမုိင္းကုိယ္ေရးၾကသူမ်ား ၂ ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း အဆုိေတာ္ရသနဲ႔ တြဲဖက္ၿပီး ပါဝင္ သရုပ္ေဆာင္ ထားတယ္လုိ႔ သိရပါတယ္။

Photo: ၾကက္ဖေဖ့စ္ဘုတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဂီတဘက်မှာလည်း အောင်မြင်သလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ကြက်ဖ ကတော့ လက်ရှိမှာ သရုပ်ဆောင်ဘက်ကို ပိုအာရုံစိုက်ပြီး လုပ်ဖြစ်နေတဲ့ ရင်ထဲက ခံစားချက်ကိုလည်း Duwun Media ကနေတဆင့် ဖွင့်ပြောခဲ့ပါတယ်။

'' ဟာသသရုပ်ဆောင်လုပ်ရတာကို ပိုကြိုက်တယ်၊ ဒါပေမယ့် လုံးဝအတည်မရိုက်ချင်တော့ဘူးလား ဒရာမာတို့၊ အက်ရှင်တို့ ၊ ရိုးမန့် ဘာညာ ပေါ့ဗျာ မရိုက်ချင်ဘူးလားဆိုတော့လည်း ရိုက်ချင်တာပေါ့။ ဒါကတော့ သရုပ်ဆောင်တိုင်းက အဲ့ဒီလိုပါပဲ တစ်ခုတည်းကို ဇောင်းပေးပြီးရိုက်ချင် တယ်လို့တော့ မရှိတတ်ကြပါဘူး၊ ဟာသကိုတော့ အကြိုက်ဆုံးပဲ ခင်ဗျ၊ အပြင်မှာလည်း အဲ့ဒီလိုနေရတာကို ကြိုက်တယ် ခပ်တည်တည်နေရတာ ကြီးကို မကြိုက်ဘူး။အပြင်မှာလည်း ဒရာမာကြီးဖြစ်နေတဲ့ ဘဝကို မလိုချင်ဘူး'' လို့ ဆိုပါတယ်။

ကမ်းလှမ်းလာတဲ့ ကာရိုက်တာအပေါ်မှာပဲ ပရိသတ်ကို သရုပ်ဆောင်ပြခွင့်ရမှာပါလို့ ကြက်ဖက ပြောပါတယ်။

'' ကျွန်တော်တို့ကိုက ဖိတ်ခေါ်တဲ့ ကာရိုက်တာမျိုးပဲ လက်ခံရတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ရွေးချယ်ခွင့်တော့မရှိပါဘူး ကျွန်တော်တို့ကို ဒီလိုလေးတော့ လုပ်ပေးဗျာ ဆိုပြီးတော့ ပြောလို့လည်း မရဘူး၊ ဘယ်လိုဇာတ်အိမ်ထဲမှာ ကျွန်တော်တို့ကို ကမ်းလှမ်းသလဲ၊ ဘယ်လိုကာရိုက်တ ာမျိုး ကျွန်တော်တို့ကို ကမ်းလှမ်းသလဲ၊ ဆိုတဲ့ အပေါ်မှာပဲ ကျွန်တော်တို့က ရွေးချယ်ခွင့်ရတာပါ၊ ကြုံလာမယ့် ကာရိုက်တာတွေနဲ့ပဲ ပရိသတ်ကို သရုပ်ဆောင်ပြခွင့်ရမှာပါ'' လို့ ကြက်ဖက ပြောပါတယ်။

အဆိုတော်ကြက်ဖကတော့ အခုလက်ရှိမှာ ဂီတဘက်ကို လှုပ်ရှားတာထက်၊ သရုပ်ဆောင်အလုပ်ကို ပိုလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ သူ ပထမဆုံးပါဝင်ရိုက်ကူးခဲ့တဲ့ ဂျော်နီငါးပိနဲ့ တော်ကီချက်ကြီး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ပရိသတ်အများစု အားပေးလက်ခံခဲ့ကြပါတယ်။ မကြာခင်ရုံတင်ပြသတော့မယ့် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဆိုတော်ရသနဲ့ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

Photo: ကြက်ဖဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top