ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အလွမယ္ ေရႊအိမ္စည္ က မယ္စၾကဝဠာျမန္မာအဖြဲ႕အ စည္းဒါ႐ုိက္တာ ေဒၚစုိးယုေဝ (Nat−ional Director)ကို နစ္နာေၾကးက်ပ္သိန္း ငါးေထာင္ေလ်ာ္ေၾကးေပးရန္ ဇန္နဝါရီ ၂ ရက္ထုတ္ႏုိင္ငံ ပိုင္ သတင္းစာမွတစ္ဆင့္ ေၾက ညာခဲ့သည္။

ေလ်ာ္ေၾကး က်ပ္သိန္းငါး ေထာင္ေတာင္းသည့္ကိစၥႏွင့္ပတ္ သက္၍ ေဒၚစိုးယုေဝတုိ႔ဘက္က ယေန႔ထိ လာေရာက္ညႇိႏိႈင္းျခင္းမရွိေသးသည့္အေပၚ စိတ္အ ေႏွာင့္အယွက္မျဖစ္သလို ၎၏ ေရွ႕ေနကို အမႈကိစၥအဝဝ လႊဲအပ္ ထားေၾကာင္း ေရႊအိမ္စည္က ေျပာသည္။

‘‘ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္မအေနနဲ႔ ေလာေလာဆယ္ ဘာမွ ေျပာစရာမရွိပါဘူး။ ဒါေပမဲ့ ကြၽန္မတုိ႔မွာလည္း ဥပေဒအတုိင္ပင္ခံ ေတြရိွတယ္။ လိုအပ္တာကို သူ တုိ႔ပဲ ေဆာင္ရြက္ပါလိမ့္မယ္’’ဟု Miss Universe Myanmar Organization ၏  National Director ေဒၚစိုးယုေဝက တုံ႔ျပန္ ေျပာၾကားသည္။

၂၀၁၆ ေအာက္တိုဘာ ၆ ရက္တြင္ Miss Universe Myanmar 2017 ၿပိဳင္ပြဲ က်င္းပခဲ့ၿပီး First Runner Up ဆုကို ေရႊ အိမ္စည္က ရရွိခဲ့ေသာေၾကာင့္ ၎ကို Miss Grand Interna- tional 2017 ၿပိဳင္ပြဲသို႔ ေစလႊတ္ ရန္ စီစဥ္ထားၿပီး ေအာက္တိုဘာ ၁၄ ရက္၌ ႏွစ္ဖက္စာခ်ဳပ္ခ်ဳပ္ဆုိ ခဲ့သည္။

၂၀၁၇ ေအာက္တုိဘာ ၁ ရက္တြင္ အလွမယ္ေရႊအိမ္စည္ သည္ ႏိုင္ငံကိုယ္စားျပဳ အလွမယ္ တစ္ဦးျပဳမူလိုက္နာရမည့္ အမူအ က်င့္လိုအပ္ခ်က္မ်ားရွိေနျခင္းအ ပါအဝင္ အခ်က္ငါးခ်က္ေၾကာင့္ ၎ကုိ ယင္းၿပိဳင္ပြဲသို႔ ေစလႊတ္ ယွဥ္ၿပိဳင္ေစမည့္ အစီအစဥ္ကို ရပ္ဆုိင္း၍ Miss Universe MyanmarOrganization က ခ်ီးျမႇင့္ထား သည့္ ဆုေၾကး၊ သရဖူ၊ စလြယ္ႏွင့္ Trophy တုိ႔ကို ျပန္လည္သိမ္း ဆည္းခဲ့သည္။

‘‘တရား႐ံုးက ဆင့္ေခၚရင္ လည္း အကုန္လံုးသိရမွာပါပဲ။ အိမ္စည္ အႏုပညာအလုပ္ပဲလုပ္ ခ်င္တယ္။ ကိုုယ့္အႏုပညာကို ဒါ ႀကီးေၾကာင့္ အာ႐ံုေလ်ာ့သြားေစ တယ္။ အိမ္စည္က အႏုပညာအ လုပ္ လုပ္ေနတဲ့အတြက္ ဒီအလုပ္ ကိုပဲ အာ႐ံုစိုက္ေစခ်င္တယ္။ ဒီ တရားစြဲထားတဲ့ အမႈႀကီးက တစ္ပတ္နဲ႔လည္း ေပ်ာက္သြားမွာ မဟုတ္ဘူးဆုိေတာ့ေလ။ ႏွစ္နဲ႔ခ်ီ ၿပီးၾကာမွာဆုိေတာ့ အရမ္းႀကီး ဒီ အထဲကို အာ႐ံုမေရာက္ေစခ်င္ပါ ဘူး။ အခ်ိန္တန္ရင္ အကုန္လံုးသိ ရမွာပါ။ သူတို႔ဘက္ကို ၾကည့္ရ တာေတာ့ တရား႐ံုးထိေစာင့္ေန တယ္လို႔ ထင္တာပဲ။ သတ္မွတ္ ထားတဲ့ရက္ေက်ာ္ရင္ေတာ့ ႐ံုး တင္ပါေတာ့မယ္’’ဟု  ေရႊအိမ္ စည္က အမႈႏွင့္ပတ္သက္၍ ေရွ႕ဆက္ေဆာင္ရြက္မည့္ အစီအစဥ္ မ်ားကို ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အလှမယ် ရွှေအိမ်စည် က မယ်စကြဝဠာမြန်မာအဖွဲ့အ စည်းဒါရိုက်တာ ဒေါ်စိုးယုဝေ (Nat−ional Director)ကို နစ်နာကြေးကျပ်သိန်း ငါးထောင်လျော်ကြေးပေးရန် ဇန်နဝါရီ ၂ ရက်ထုတ်နိုင်ငံ ပိုင် သတင်းစာမှတစ်ဆင့် ကြေ ညာခဲ့သည်။

လျော်ကြေး ကျပ်သိန်းငါး ထောင်တောင်းသည့်ကိစ္စနှင့်ပတ် သက်၍ ဒေါ်စိုးယုဝေတို့ဘက်က ယနေ့ထိ လာရောက်ညှိနှိုင်းခြင်းမရှိသေးသည့်အပေါ် စိတ်အ နှောင့်အယှက်မဖြစ်သလို ၎င်း၏ ရှေ့နေကို အမှုကိစ္စအဝဝ လွှဲအပ် ထားကြောင်း ရွှေအိမ်စည်က ပြောသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ လောလောဆယ် ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာလည်း ဥပဒေအတိုင်ပင်ခံ တွေရှိတယ်။ လိုအပ်တာကို သူ တို့ပဲ ဆောင်ရွက်ပါလိမ့်မယ်’’ဟု Miss Universe Myanmar Organization ၏  National Director ဒေါ်စိုးယုဝေက တုံ့ပြန် ပြောကြားသည်။

၂၀၁၆ အောက်တိုဘာ ၆ ရက်တွင် Miss Universe Myanmar 2017 ပြိုင်ပွဲ ကျင်းပခဲ့ပြီး First Runner Up ဆုကို ရွှေ အိမ်စည်က ရရှိခဲ့သောကြောင့် ၎င်းကို Miss Grand Interna- tional 2017 ပြိုင်ပွဲသို့ စေလွှတ် ရန် စီစဉ်ထားပြီး အောက်တိုဘာ ၁၄ ရက်၌ နှစ်ဖက်စာချုပ်ချုပ်ဆို ခဲ့သည်။

၂၀၁၇ အောက်တိုဘာ ၁ ရက်တွင် အလှမယ်ရွှေအိမ်စည် သည် နိုင်ငံကိုယ်စားပြု အလှမယ် တစ်ဦးပြုမူလိုက်နာရမည့် အမူအ ကျင့်လိုအပ်ချက်များရှိနေခြင်းအ ပါအဝင် အချက်ငါးချက်ကြောင့် ၎င်းကို ယင်းပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်စေမည့် အစီအစဉ်ကို ရပ်ဆိုင်း၍ Miss Universe MyanmarOrganization က ချီးမြှင့်ထား သည့် ဆုကြေး၊ သရဖူ၊ စလွယ်နှင့် Trophy တို့ကို ပြန်လည်သိမ်း ဆည်းခဲ့သည်။

‘‘တရားရုံးက ဆင့်ခေါ်ရင် လည်း အကုန်လုံးသိရမှာပါပဲ။ အိမ်စည် အနုပညာအလုပ်ပဲလုပ် ချင်တယ်။ ကိုုယ့်အနုပညာကို ဒါ ကြီးကြောင့် အာရုံလျော့သွားစေ တယ်။ အိမ်စည်က အနုပညာအ လုပ် လုပ်နေတဲ့အတွက် ဒီအလုပ် ကိုပဲ အာရုံစိုက်စေချင်တယ်။ ဒီ တရားစွဲထားတဲ့ အမှုကြီးက တစ်ပတ်နဲ့လည်း ပျောက်သွားမှာ မဟုတ်ဘူးဆိုတော့လေ။ နှစ်နဲ့ချီ ပြီးကြာမှာဆိုတော့ အရမ်းကြီး ဒီ အထဲကို အာရုံမရောက်စေချင်ပါ ဘူး။ အချိန်တန်ရင် အကုန်လုံးသိ ရမှာပါ။ သူတို့ဘက်ကို ကြည့်ရ တာတော့ တရားရုံးထိစောင့်နေ တယ်လို့ ထင်တာပဲ။ သတ်မှတ် ထားတဲ့ရက်ကျော်ရင်တော့ ရုံး တင်ပါတော့မယ်’’ဟု  ရွှေအိမ် စည်က အမှုနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top