မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

သက္ရွည္က်န္းမာလိုသူတုိင္း တစ္ႏွစ္တစ္ႀကိမ္ေလာက္ က်န္းမာေရးစစ္ေဆးမႈကို ျပဳလုပ္သင့္ပါတယ္။ တခိ်ဳ႕ေသာေရာဂါမ်ားက ေရွ႕ေျပးလကၡဏာေတြ မျပသတာေၾကာင့္ ဆိုးရြားတဲ့အဆင့္ထိေရာက္ၿပီးမွ ေရာဂါရွိမွန္းသိရတဲ့ အေျခအေနမ်ိဳး ႀကံဳေတြ႔ရတတ္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ေန႔တုိင္း မိမိရဲ႕ ခႏၶာကိုယ္ျဖစ္စဥ္မ်ား၊ ေျပာင္းလဲမႈမ်ားကို အေသးစိတ္ သတိထားေစာင့္ၾကည့္ဖုိ႔ လိုပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ မိမိရဲ႕ေျခသည္းလက္သည္းကို ၾကည့္ၿပီး က်န္းမာေရးအေျခအေနကို ေလ့လာဆန္းစစ္ၾကည့္ႏုိင္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) လက္သည္းက်ိဳးျခင္း

လက္သည္းကို အလြယ္တကူက်ိဳးပဲ့ပ်က္စီးသြားတာမ်ိဳး မျဖစ္ရေလေအာင္ အလႊာေပါင္းမ်ားစြာနဲ႔ ဖြဲ႔စည္းထားတာပါ။ ဒါေပမယ့္ အဝတ္ေလွ်ာ္ရင္း ပြတ္တုိက္မႈ မ်ားသြားရင္ေတာ့ လက္သည္းက်ိဳးတာမ်ိဳး ျဖစ္တတ္ပါတယ္။ တကယ္လို႔ လက္သည္းက ပြတ္တိုက္မႈ မရွိပါလ်က္နဲ႔ လက္သည္းက်ိဳးပဲ့တာမိ်ဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္တြင္းက ေရဓာတ္ခမ္းေျခာက္ေနတဲ့ အတြက္ေၾကာင့္ပါ။ ဒါေၾကာင့္ ေရမ်ားမ်ားေသာက္သံုးၿပီး ခႏၶာကိုယ္အတြက္ ေရဓာတ္အလံုအေလာက္ ျဖည့္တင္းေပးဖုိ႔ လိုပါတယ္။

(၂) လက္သည္းခြံေပၚအစက္အေျပာက္ျဖစ္ျခင္း

လက္သည္းခြံေပၚမွာ အစက္အေျပာက္ျဖစ္ၿပီး အပ္ထိုးထားသလိုမ်ိဳး အေပါက္ကေလးေတြ ျဖစ္ေနတယ္ဆိုရင္ေတာ့ ေရာဂါတစ္မ်ိဳးမ်ိဳး ခံစားေနရတဲ့ အတြက္ေၾကာင့္ပါ။ လက္သည္းခြံေပၚက အေပါက္ေတြက တခါတရံမွာ နာက်င္တတ္သလို၊ လံုးဝနာမက်င္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဘယ္လိုပဲျဖစ္ေနပါေစ၊ လက္သည္းခြံေပၚ အစက္အေျပာက္နဲ႔ အေပါက္ငယ္ေလးေတြ ျဖစ္ေနတယ္ ဆိုရင္ေတာ့ ေရာဂါရွာေဖြေရး ျပဳလုပ္သင့္ပါတယ္။

(၃) လိပ္ခံုးပံုသ႑ာန္လက္သည္း

လက္သည္း ေတာ္ေတာ္မ်ားမ်ားရဲ႕ ပံုစံက ပံုမွန္အတုိင္းပဲ ရွည္ထြက္လာၾကတာပါ။ ဒါေပမဲ့ လက္သည္းက လိပ္ခံုးပံုသ႑ာန္ အခံုးေလး ျဖစ္ေနတယ္ ဆိုတာက ေရာဂါလကၡဏာတစ္ရပ္ပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ အဆုတ္နဲ႔ပတ္သတ္တဲ့ က်န္းမာေရးဆိုင္ရာ ခၽြတ္ယြင္းခ်က္ျဖစ္ေနတဲ့ အခါမ်ိဳးမွာ လက္သည္းက လိပ္ခံုးပံုသ႑ာန္ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ လက္သည္းပံုသ႑ာန္က ေမြးရာပါလိပ္ခံုးပံုစံ မဟုတ္ဘဲ ရွည္ထြက္လာတဲ့ ပံုစံက လိပ္ခံုးပံုသ႑ာန္ျဖစ္ေနတယ္ ဆိုရင္ေတာ့ က်န္းမာေရး စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ လုိေနပါၿပီ။

(၄) လက္သည္းမ်ားပဲ့ျခင္း

လက္သည္းထိပ္ေတြ က်ိဳးပဲ့တာကလည္း က်န္းမာေရးဆိုင္ရာ ေဖာ္ညႊန္းေနတဲ့ လကၡဏာတစ္ရပ္ပါပဲ။ ဗီတာမင္ဘီနဲ႔ ေဖာလစ္အက္ဆစ္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္လည္း လက္သည္းမ်ား က်ိဳးပဲ့တတ္ပါတယ္။ အျခားေသာ က်န္းမာေရးေဖာက္ျပန္မႈေၾကာင့္လည္း ျဖစ္တတ္တာမို႔လို႔ ေသြးစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ အႀကံျပဳခ်င္ပါတယ္။

(၅) လက္သည္းမ်ားဝါျခင္း

လက္သည္းနီ၊ လက္သည္းဖ်က္ေဆးကို မၾကာခဏ အသံုးျပဳတာကလည္း လက္သည္းမ်ားကို ဝါေစပါတယ္။ လက္သည္းနီမွာ ပါဝင္တဲ့ ဓာတုပစၥည္းမ်ားက လက္သည္းဝါေစရတဲ့ အေၾကာင္းအရင္းပါ။ ဒါအျပင္ ဘတ္တီးရီးယားပိုးမႊား၊ မႈိေရာဂါေၾကာင့္လည္း လက္သည္းဝါေန တတ္ပါတယ္။  ဒါေပမဲ့ လက္သည္းနီမဆိုးဘဲ လက္သည္းေတြ ဝါညစ္ေနတယ္ ဆိုရင္ေတာ့ အသည္းေရာင္အသားဝါ ျဖစ္ျခင္းရဲ႕ လကၡဏာရပ္ျဖစ္ႏုိင္တာမို႔လို႔ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ဖြင့် ဖတ်ပါ #

သက်ရှည်ကျန်းမာလိုသူတိုင်း တစ်နှစ်တစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ တချို့သောရောဂါများက ရှေ့ပြေးလက္ခဏာတွေ မပြသတာကြောင့် ဆိုးရွားတဲ့အဆင့်ထိရောက်ပြီးမှ ရောဂါရှိမှန်းသိရတဲ့ အခြေအနေမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း မိမိရဲ့ ခန္ဓာကိုယ်ဖြစ်စဉ်များ၊ ပြောင်းလဲမှုများကို အသေးစိတ် သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။ အခုဖော်ပြပေးချင်တာကတော့ မိမိရဲ့ခြေသည်းလက်သည်းကို ကြည့်ပြီး ကျန်းမာရေးအခြေအနေကို လေ့လာဆန်းစစ်ကြည့်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) လက်သည်းကျိုးခြင်း

လက်သည်းကို အလွယ်တကူကျိုးပဲ့ပျက်စီးသွားတာမျိုး မဖြစ်ရလေအောင် အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် အဝတ်လျှော်ရင်း ပွတ်တိုက်မှု များသွားရင်တော့ လက်သည်းကျိုးတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ လက်သည်းက ပွတ်တိုက်မှု မရှိပါလျက်နဲ့ လက်သည်းကျိုးပဲ့တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်တွင်းက ရေဓာတ်ခမ်းခြောက်နေတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် ရေများများသောက်သုံးပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်အလုံအလောက် ဖြည့်တင်းပေးဖို့ လိုပါတယ်။

(၂) လက်သည်းခွံပေါ်အစက်အပြောက်ဖြစ်ခြင်း

လက်သည်းခွံပေါ်မှာ အစက်အပြောက်ဖြစ်ပြီး အပ်ထိုးထားသလိုမျိုး အပေါက်ကလေးတွေ ဖြစ်နေတယ်ဆိုရင်တော့ ရောဂါတစ်မျိုးမျိုး ခံစားနေရတဲ့ အတွက်ကြောင့်ပါ။ လက်သည်းခွံပေါ်က အပေါက်တွေက တခါတရံမှာ နာကျင်တတ်သလို၊ လုံးဝနာမကျင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ လက်သည်းခွံပေါ် အစက်အပြောက်နဲ့ အပေါက်ငယ်လေးတွေ ဖြစ်နေတယ် ဆိုရင်တော့ ရောဂါရှာဖွေရေး ပြုလုပ်သင့်ပါတယ်။

(၃) လိပ်ခုံးပုံသဏ္ဍာန်လက်သည်း

လက်သည်း တော်တော်များများရဲ့ ပုံစံက ပုံမှန်အတိုင်းပဲ ရှည်ထွက်လာကြတာပါ။ ဒါပေမဲ့ လက်သည်းက လိပ်ခုံးပုံသဏ္ဍာန် အခုံးလေး ဖြစ်နေတယ် ဆိုတာက ရောဂါလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဆုတ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်နေတဲ့ အခါမျိုးမှာ လက်သည်းက လိပ်ခုံးပုံသဏ္ဍာန်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လက်သည်းပုံသဏ္ဍာန်က မွေးရာပါလိပ်ခုံးပုံစံ မဟုတ်ဘဲ ရှည်ထွက်လာတဲ့ ပုံစံက လိပ်ခုံးပုံသဏ္ဍာန်ဖြစ်နေတယ် ဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုနေပါပြီ။

(၄) လက်သည်းများပဲ့ခြင်း

လက်သည်းထိပ်တွေ ကျိုးပဲ့တာကလည်း ကျန်းမာရေးဆိုင်ရာ ဖော်ညွှန်းနေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ် ချို့တဲ့ခြင်းကြောင့်လည်း လက်သည်းများ ကျိုးပဲ့တတ်ပါတယ်။ အခြားသော ကျန်းမာရေးဖောက်ပြန်မှုကြောင့်လည်း ဖြစ်တတ်တာမို့လို့ သွေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၅) လက်သည်းများဝါခြင်း

လက်သည်းနီ၊ လက်သည်းဖျက်ဆေးကို မကြာခဏ အသုံးပြုတာကလည်း လက်သည်းများကို ဝါစေပါတယ်။ လက်သည်းနီမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက လက်သည်းဝါစေရတဲ့ အကြောင်းအရင်းပါ။ ဒါအပြင် ဘတ်တီးရီးယားပိုးမွှား၊ မှိုရောဂါကြောင့်လည်း လက်သည်းဝါနေ တတ်ပါတယ်။  ဒါပေမဲ့ လက်သည်းနီမဆိုးဘဲ လက်သည်းတွေ ဝါညစ်နေတယ် ဆိုရင်တော့ အသည်းရောင်အသားဝါ ဖြစ်ခြင်းရဲ့ လက္ခဏာရပ်ဖြစ်နိုင်တာမို့လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top