iMyanmarHouse.com - Best Property Website for Myanmar
×

ပူပူစပ္စပ္အစားအစာေတြက လူေတြကို တက္ၾကြသြားေစရုံသာမက တျခား က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ရွိပါတယ္။

ကယ္လိုရီေတြကို ပိုၿပီး ေလာင္ကၽြမ္းႏိုင္

စပ္တဲ့အစားအစာေတြက တျခားအစားအစာေတြထက္ ကယ္လိုရီပိုၿပီး ေလာင္ကၽြမ္းႏိုင္ပါတယ္။ စပ္တဲ့အစားအစာေတြက ကယ္လိုရီေလာင္ကၽြမ္းႏိုင္အား ၈ ရာခိုင္ႏႈန္းေလာက္ တျခား အစားအစာေတြထက္ပိုပါတယ္။ ကိုယ္အေလးခ်ိန္က်ဆင္းေအာင္ ကူညီေပးပါတယ္။

ႏွလံုးက်န္းမာေရးအတြက္ေကာင္းမြန္

စပ္တဲ့အစားအစာေတြက ႏွလံုးရုတ္တရပ္ရပ္တန္႔မႈ အႏၱရာယ္ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ငရုတ္သီးတုိ႔လို စပ္တဲ့အစားအစာေတြက ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။ အဲ့ဒီအျပင္ Capsaicin ဓာတ္က ခႏၶာကိုယ္ထဲမွာ ေရာင္ရမ္းေနတာေတြကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ႏိုင္

စပ္တဲ့အစားအစာေတြမွာ Capsaicin ဓာတ္ပါ၀င္တာေၾကာင့္ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ရာမွာ အားေကာင္းပါတယ္။ အဲ့ဒီအျပင္ စပ္တဲ့ အစားအစာေတြက လူကီးမီးနီးယား ဆဲလ္ေတြကို ဖ်က္စီးႏိုင္ၿပီး အႀကိတ္ေတြကိုလည္း ကာကြယ္တားဆီးေပးပါတယ္။

ေသြးလည္ပတ္မႈကို ေကာင္းေစ

စပ္တဲ့အစားအစာေတြက ေသြးလည္ပတ္မႈကိုေကာင္းေစၿပီး ေသြးတိုးက်ေစပါတယ္။ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကိုျမင့္တင္ေပးၿပီး ေသြးလည္ပတ္မႈကို အားေကာင္းေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
ပူပူစပ်စပ်အစားအစာတွေက လူတွေကို တက်ကြွသွားစေရုံသာမက တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းနိုင်

စပ်တဲ့အစားအစာတွေက တခြားအစားအစာတွေထက် ကယ်လိုရီပိုပြီး လောင်ကျွမ်းနိုင်ပါတယ်။ စပ်တဲ့အစားအစာတွေက ကယ်လိုရီလောင်ကျွမ်းနိုင်အား ၈ ရာခိုင်နှုန်းလောက် တခြား အစားအစာတွေထက်ပိုပါတယ်။ ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်

စပ်တဲ့အစားအစာတွေက နှလုံးရုတ်တရပ်ရပ်တန့်မှု အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။ ငရုတ်သီးတို့လို စပ်တဲ့အစားအစာတွေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် Capsaicin ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းနေတာတွေကိုလျော့ချပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

စပ်တဲ့အစားအစာတွေမှာ Capsaicin ဓာတ်ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ အားကောင်းပါတယ်။ အဲ့ဒီအပြင် စပ်တဲ့ အစားအစာတွေက လူကီးမီးနီးယား ဆဲလ်တွေကို ဖျက်စီးနိုင်ပြီး အကြိတ်တွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်။

သွေးလည်ပတ်မှုကို ကောင်းစေ

စပ်တဲ့အစားအစာတွေက သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးတိုးကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုမြင့်တင်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top