မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
# Unicode Version ဖြင့် ဖတ်ပါ #
ဂီတအနုပညာလောကမှာအသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ အမျိုးသမီး အဆိုတော်အဖြစ် အခုချိန်ထိအောင်မြင်နေတဲ့ သူကတော့အဆိုတော်တင်ဇာမော်ပဲဖြစ်ပါတယ်။
အဆိုတော်တင်ဇာမော်က အခုနှစ် City FM ၁၆နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ တစ်နှစ်တာ အရောင်းရဆုံးတေးစီးရီးထုတ်လုပ်သူဆုနဲ့ တစ်နှစ်တာအရောင်းရဆုံးတေးစီးရီအဆိုရှင်ဆု နှစ်ဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဆုတွေဟာသူဘဝအတွက်ဒုတိယအကြိမ်ရရှိတဲ့ဆုဖြစ်ကြောင်းကို အဆိုတော်တင်ဇာမော်က “ပထမဆုံးအနေနဲ့ မမျှော်လင့်တဲ့ဆုကို ရတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ဂုဏ်လည်းယူ ပါတယ်။ ကျွန်မကတေးစီးရီးထုတ်လုပ်သူစစ်စစ်တစ်ဦးလည်းမဟုတ်ပါဘူး။ ကျွန်မသီချင်းဆို တာပါ။ ဘဝမှာထုတ်လုပ်သူအဖြစ် ကြယ်စင်လိုအချစ်များဆိုတဲ့ အခွေကိုကိုမျိုးဆွေသန်းနဲ့နှစ် ယောက် အတူပေါင်းပြီးထုတ်ခဲ့ဘူးပါတယ်။ အခုဒုတိယအကြိမ်ကျွန်မရဲ့ 7အယ်လ်ဘမ်ကို ကိုယ်တိုင် ထုတ်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်ပထမဦးဆုံးထုတ်လုပ်သူအဖြစ်ဒီဆုကိုရတဲ့ အတွက်မမျှော်လင့်တဲ့အတွက်ပိုဝမ်းသာမိပါတယ်။ ဒီဆုကိုပိုင်ဆိုင်ခွင့်ပေးတဲ့ ပရိသတ်ကြီး၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့City FM ရေဒီယိုကိုကျေးဇူးတင်ပါတယ်။ ကျွန်မဘဝမှာပထမဦးဆုံးထုတ်လုပ်သူဆုလည်းဖြစ်ပါတယ်။ ကျွန်မသီချင်းဆိုတာ၁၉၉၅၊၉၆ ဝန်းကျင်လောက်ကတည်းကစပြီးသီဆိုပါတယ်။ အခုဆိုရင်နှစ်ပေါင်း၂၂နှစ်ကိုကျော်ခဲ့ပါပြီ၊ ၁၉၉၅မှာ ဆရာဦးစောနုရဲ့ဖိတ်ခေါ် အဆိုပြိုင်ပွဲမှာယှဉ်ပြိုင်တဲ့အခါမှာ အမျိုးသားထဲမှာ စည်သူကပထမရပါတယ်။ အမျိုးသမီးထဲမှာကျွန်မကပထမဆုရခဲ့ဖူးပါတယ်။ ကျွန်မချစ်ရတဲ့ သီချင်းတွေနဲ့ ပတ်သက်လို့အမှတ်တရဆုဟာ ကျွန်မဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ဒုတိယအကြိမ်ရတဲ့ဒီဆုပါ” လို့ပြောပါတယ်။
Photo Credit- Tin Zar Maw
ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top