iMyanmarHouse.com - Best Property Website for Myanmar
×

ဖုန္းတစ္လံုးဟာ ပင္လယ္ထဲက်သြားျပီးရင္ ျပန္ရွာေတြ႔ဖုိ႔ဆိုတာျဖစ္ႏုိင္ပါ့မလား?ကံေကာင္းစြာနဲ႔အသက္ ၄၇ႏွစ္အရြယ္ Stacy Sarre ဆုိတဲ႔အမ်ိဳးသမီးရဲ ႔iPhone ဟာ ပင္လယ္ထဲကုိက်သြားျပီးတစ္လအၾကာ မွာျပန္ရွာေတြ႔ခဲ႔ပါတယ္။ျပန္ရွာေတြ႔ေတာ့လည္း ပ်က္စီးသြားတာမရွိပဲ အေကာင္းပကတိအတိုင္းပဲလုိ႔သိရပါတယ္။

Stacy Sarreဟာ သူမရဲ ႔ေခြးေလးနဲ႔အတူကမ္းေျခမွာလမ္းေလ်ွာက္ေနရင္းဖုန္းဟာ ပင္လယ္ထဲကုိမေတာ္တဆျပဳတ္က်သြားခဲ႔တာပဲျဖစ္ပါတယ္။ လိႈင္းလံုးေတြနဲ႔ေမ်ာပါသြားခဲ႔တဲ႔အတြက္ သူမဟာဖုန္းကုိရွာေဖြဖို႔ကုိလက္ေလ်ွာ့ခဲ႔တယ္လို႔သိရပါတယ္။ဒါေပမဲ႔သိပ္မၾကာခင္မွာ ဖုန္းရဲ႔ေျခရာခံစက္ကုိစံုစမ္းၾကည့္ခဲ႔ပါတယ္။ဖုန္းဟာပင္လယ္ထဲကုိေမ်ာပါသြားျပီးဂ်ာစီက်ြန္း၊ English Channel off Gorey ကမ္းေျခေပၚကုိုေရာက္သြားခဲ႔တာကုိသိခဲ႔ရပါတယ္။

ရက္သတၱပတ္ေတာ္ေတာ္အၾကာမွာေတာ့ Mihal Stratulat ဆိုတဲ႔အမ်ိဳးသားဟာသဲေသာင္ျပင္မွာနစ္ေနတဲ႔ဖုန္းကုိရွာေတြ႔ခဲ႔ပါတယ္။သူက အိမ္ကုိယူသြားျပီးေသခ်ာေျခာက္ေသြ႔ေအာင္ထားခဲ႔ပါတယ္။သိပ္မၾကာခင္ရက္ပုိင္းမွာပဲ ဖုန္းဟာပြင့္သြားျပီးအေကာင္းအတုိင္းျပန္ျဖစ္သြားတာကိုအံ႔ၾသစြာျမင္ေတြ႔ခဲ႔ရတယ္လို႔သိရပါတယ္။

သူကဖုန္းရွာေတြ႔တဲ႔အေၾကာင္းကိုအြန္လိုင္းမွာတင္ခဲ့ျပီးပုိင္ရွင္ျဖစ္တဲ႔Stacy Sarreနဲ႔အဆက္္အသြယ္ ရခဲ႔ပါတယ္။ ဖုန္းထဲမွာပါတဲ႔သူမရဲ႔ဓာတ္ပံုေတြ၊ ဗီဒီယုိေတြ၊ဖုန္းနံပါတ္ေတြဟာမပ်က္စီးသြားပဲအရင္အတုိင္းရွိေနတဲ႔အတြက္ သူမဟာအရမ္းကုိ၀မ္းသာေပ်ာ္ရႊင္ခဲ႔တယ္လို႔သိရပါတယ္။အရင္ကလည္းေလဆိပ္ကသန္႔စင္ခန္းထဲကုိျပဳတ္က်ဖူးေပမဲ႔ ဘာမွမျဖစ္ခဲ႔ဘူးလို႔သူမကေျပာျပခဲ႔ပါတယ္။ေပ်ာက္ဆံုးေနတဲ႔ပစၥည္းတစ္ခုကုိျပန္ရွာေတြ႔ခဲ႔တဲ႔အျပင္ အေကာင္းအတုိင္းျပန္ရခဲ႔တဲ႔အတြက္ ေတာ္ေတာ္ေလးကုိကံေကာင္းတဲ႔အမ်ိဳးသမီးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Buzzy

# Unicode Version ျဖင့္ ဖတ္ပါ #
ဖုန်းတစ်လုံးဟာ ပင်လယ်ထဲကျသွားပြီးရင် ပြန်ရှာတွေ့ဖို့ဆိုတာဖြစ်နိုင်ပါ့မလား?ကံကောင်းစွာနဲ့အသက် ၄၇နှစ်အရွယ် Stacy Sarre ဆိုတဲ့အမျိုးသမီးရဲ့iPhone ဟာ ပင်လယ်ထဲကိုကျသွားပြီးတစ်လအကြာ မှာပြန်ရှာတွေ့ခဲ့ပါတယ်။ပြန်ရှာတွေ့တော့လည်း ပျက်စီးသွားတာမရှိပဲအကောင်းပကတိအတိုင်းပဲလို့သိရပါတယ်။

Stacy Sarreဟာ သူမရဲ့ခွေးလေးနဲ့အတူကမ်းခြေမှာလမ်းလျှောက်နေရင်းဖုန်းဟာ ပင်လယ်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ လှိုင်းလုံးတွေနဲ့မျောပါသွားခဲ့တဲ့အတွက် သူမဟာဖုန်းကိုရှာဖွေဖို့ကိုလက်လျှော့ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့သိပ်မကြာခင်မှာ ဖုန်းရဲ့ခြေရာခံစက်ကိုစုံစမ်းကြည့်ခဲ့ပါတယ်။ဖုန်းဟာပင်လယ်ထဲကိုမျောပါသွားပြီးဂျာစီကျွန်း၊ English Channel off Gorey ကမ်းခြေပေါ်ကိုရောက်သွားခဲ့တာကိုသိခဲ့ရပါတယ်။

ရက်သတ္တပတ်တော်တော်အကြာမှာတော့ Mihal Stratulat ဆိုတဲ့အမျိုးသားဟာသဲသောင်ပြင်မှာနစ်နေတဲ့ဖုန်းကိုရှာတွေ့ခဲ့ပါတယ်။သူက အိမ်ကိုယူသွားပြီးသေချာခြောက်သွေ့အောင်ထားခဲ့ပါတယ်။သိပ်မကြာခင်ရက်ပိုင်းမှာပဲ ဖုန်းဟာပွင့်သွားပြီးအကောင်းအတိုင်းပြန်ဖြစ်သွားတာကိုအံ့သြစွာမြင်တွေ့ခဲ့ရတယ်လို့သိရပါတယ်။

သူကဖုန်းရှာတွေ့တဲ့အကြောင်းကိုအွန်လိုင်းမှာတင်ခဲ့ပြီးပိုင်ရှင်ဖြစ်တဲ့Stacy Sarreနဲ့အဆက်အသွယ် ရခဲ့ပါတယ်။ ဖုန်းထဲမှာပါတဲ့သူမရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ဖုန်းနံပါတ်တွေဟာမပျက်စီးသွားပဲအရင်အတိုင်းရှိနေတဲ့အတွက် သူမဟာအရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့တယ်လို့သိရပါတယ်။အရင်ကလည်းလေဆိပ်ကသန့်စင်ခန်းထဲကိုပြုတ်ကျဖူးပေမဲ့ ဘာမှမဖြစ်ခဲ့ဘူးလို့သူမကပြောပြခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့ပစ္စည်းတစ်ခုကိုပြန်ရှာတွေ့ခဲ့တဲ့အပြင် အကောင်းအတိုင်းပြန်ရခဲ့တဲ့အတွက် တော်တော်လေးကိုကံကောင်းတဲ့အမျိုးသမီးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top