မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

# Zawgyi ဖြင့်ဖတ်ရန် #

Miss Golden Land Myanmar ကနေ ဇန်နဝါရီလ(၁၈) ရက်နေ့က တရုတ်နိုင်ငံ Nanjing City မှာကျင်းပခဲ့တဲ့ Miss All Nations 2017 ပြိုင်ပ္ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။






Photo: နန်းမွေခမ်း

Credit: Duwun
# Unicode ဖြင့်ဖတ်ရန် #
Miss Golden Land Myanmar ကနေ ဇန်နဝါရီလ(၁၈) ရက်နေ့က တရုတ်နိုင်ငံ Nanjing City မှာကျင်းပခဲ့တဲ့ Miss All Nations 2017 ပြိုင်ပွ္ပဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နန်းမွေခမ်းဟာဆိုရင် မြန်မာနိုင်ငံအတွက် ဆုနှစ်ဆုကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီဆုတွေကတော့ Miss Eco Tourism ဆုနဲ့ Miss Miaoyu ဖြစ်ပါတယ်။ သူမဟာ Best in Talent ထိပ်ဆုံး (၆)ဦးစာရင်းဝင်အဖြစ် ပါဝင်တင်ဆက်နိုင်ခဲ့သလို သူမရဲ့ ရှမ်းရိုးရာဝတ်စုံ National Costume ဟာဆိုရင်လည်း ပရိသတ်များအကြား အထူးရေပန်းစား အားပေးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

Miss All Nations ပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံးလက်ရွေးစင်(၁၁)ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်လို့ Miss Golden Land Myanmar Organization ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သူမဟာ Miss All Nations Organization ရဲ့ Activity များနဲ့ ပွဲအခမ်းအနားများကို ချစ်ကြည်ရေးသံတမန်တစ်ဦးအဖြစ် တက်ရောက် ရန်အတွက် ထိပ်ဆုံးလက်ရွေးစင်များနဲ့အတူ တရုတ်နိုင်ငံမှာ (၁၀)ရက်ကြာ ဆက်လက်နေထိုင်သွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Miss Golden Land Myanmar ဟာဆိုရင် ၂၀၁၃ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ Miss Supranational၊ Miss Intercontinental၊ Miss Tourism World၊ Face of Beauty International၊ Miss Globe၊ Miss Global Beauty Queen၊ Miss Tourism Queen ၊ Miss All Nations စတဲ့ ပြိုင်ပွဲကြီးများကို ယှဉ်ပြိုင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များကို စေလွှတ်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
READ  ရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတင်ထားရတဲ့ Blues ဂီတ ရဲ့ ဂန္တဝင် ဂစ်တာသမားကြီး B.B.King

Photo: နန်းမွေခမ်း

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top