မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
ကံ၊ ဥာဏ်၊ ၀ီရိယ သုံးချက်လုံး အားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် ….
တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
Credit: ဇင်ယော်နီ
#Unicode Version#
မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း
ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ
ကံ၊ ဉာဏ်၊ ဝီရိယ သုံးချက်လုံး အားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် ….
တနင်္ဂနွေသားသမီးများ
ဒီရက်တွေအတွင်းမှာ ငွေကံတအားကောင်းပါတယ်။နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။နိုင်ငံခြားခရီး လူမျိုးခြားနဲ့ပတ်သတ်တဲ့အလုက်င်္တေအကျိုးပေးအောင်မြင်မယ်။ထီဝါသနာပါရင် ၈၀နဲ့စတဲ့ ထီကိုရှာပြီးထိုးစေခြင်ပါတယ်။အထည်၊ထီး၊ဖိနပ်၊ဓာတ်ပုံ၊လျှပ်စစ်၊ကား၊ကွန်ပျူတာ၊ကျောက်၊ကင်မရာလုပ်ငန်းရှင်များ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါတယ်။မိသားစုထဲမှာ အလှူပွဲ၊မင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။အဲ့ဒီနေ့မှာ ထီဖိထိုးသင့်ပါတယ်။စပ်တူ၊စာချုပ်ကိစ္စတွေမှာတော့မရေမရာ ဖြစ်တတ်ပါတယ်။မြေကိစ္စ၊အမွေကိစ္စ၊ဖုန်းကိစ္စများကိုတော့ ခတ္တ ဆိုင်းငံ့ထားသင့်တဲ့အချိန်ပါပဲ။ဘာမဆို နှစ်မျိုး နှစ်ခါ နှစ်ကြိမ်ကြုံတတ်တဲ့ကိန်းဖြစ်ပါတယ်။ ထီပေါက်ရင်လည်း နှစ်ခါပေါ့ခင်ဗျား။အိမ်ထောင်ရှင်များ အဆင်မပြေမှ ုများပြီး ချစ်သူရည်းစားများ ကြည်နူးဝမ်းမြောက်စရာ နှစ်မျိုး နှစ်ခုကြုံနိုင်ပါတယ်။အာရုံကြော၊ဝမ်းဗိုက်၊ဆီး၊မျာက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။
ယတြာ။ ။ဘုရားမှာ နှင်းဆီ(၇)ပွင့် လှူပြီး ဆူတောင်းပါလေ။
တနင်္လာသားသမီးများ
ဒီရက်အတာတွင်းမှာ မိတ်ကောင်းဆရာကောင်းတွေ တွေ့မယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။စာချုပ်ချုပ်ရမယ့် ကိစ္စတွေလည်း အဆင်ပြေမယ်။ပြည်တွင်း၊ဲပြည်ပခရီကောင်းများ ကြုံနိုင်တဲ့အချိန်ပါပဲ။ငွေကံလေးလည်း ကောင်းနေမယ်။ဘာသာရေး လုပ်ငန်းတွေ ဘုရားဖူးခရီးတွေလည်း ပေါ်လာတတ်ပါတယ်။အောက်လက်ငယ်သား ကိစ္စ၊အထည်၊ထီး၊ဖိနပ်၊လျှပ်စစ်ကိစ္စ၊အိမ်နေရာ၊ကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ပါဘူး။လေထိုးလေအောင့်၊နှလုံး၊ဒူး၊နား သတိထားသင့်ပါတယ်။စက်ပစ္စည်း၊ဆိုင်ခန်း၊မြေ၊အမွေ၊ဖုန်းကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်ထောင်ရှင်များ၊ချစ်သူရည်းစားများ အဆင်မပြေမှုလေးတွေဖြစ်ပြီးမှ ပြေလည်သွားနိူင်ပါတယ်။ထီဝါသနာပါရင် ၆၃နဲ့စတဲ့ထီကို ရှာပြီးထိုးစေခြင်ပါတယ်။
ယတြာ။ ။သီလရှင်ကို ဆန်လှူ၍ ဆုတောင်းပါလေ။
အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်းမှာ ကံအညံ့လေးတွေ များနေမယ်။အဖက်ဖက်က အနှောက်အယှက်ရှိနေမယ်။ခရီးသွားခြင်းဟာ အကောင်းဆုံး ယတြာပါပဲ။နေရာသစ်၊အိမ်သစ်။လုပ်ငန်းသစ် အစီစဉ်များ အထူးပဲကောင်းလွန်းပါတယ်။ရပ်ဝေးပြည်ပကိစ္စတွေလည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ရပ်ဝေးက အကူအညီကောင်းများရခြင်းများကြုံမယ်။ငွေကတော့ တအားဝင်နေသလို တအားထွက်နေလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေး၊ပညာရေး။အခွင့်အလမ်းများပေါ်လာတတ်ပါတယ်။အသီးအနှံ၊ရေထွက်ကုန်၊သစ်။သံ၊သွပ်၊အလုပ်များတိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါတယ်။မီး၊လျှပ်စစ်၊သူခိုး သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။ရာထူးနေရာကိစ္စတွေမှလည်း အနှောက်ယှက်တွေကြားက အောင်မြင်သွားတတ်ပါတယ်။စပ်တူအလုပ်များ သတိထားပါ၊အရေးကြီးစာရွက် စာတမ်းများ သတိထားပါ။အိမ်ထောင်ရှင်များ ချစ်သူရည်းစားများ ရပ်ဝေးခွဲရကိန်းရှိတေတ်ပါတယ်။ထီဝါသနာပါရင် ၃၆နဲ့ စတဲ့ထီကိုရှာပြီးထိုးစေခြင်ပါတယ်။
ယတြာ။ ။ကျေးငှက်များကို အစာကျွေး၍ ဆုတောင်းပါလေ။
ဗုဒ္ဓဟူးသားသမီးများ
ဒီရက်တွေအတွင်းမှာ အပြိုင်အဆိုင်လေးတွေကြားထဲက အောင်မြင်မှူတွေ ရရှိလာမယ်။ လုပ်ငန်းသစ်စတာ၊တိုးချဲ့တာတွေ လုပ်သင့်ပါတယ်။ရပ်ဝေး၊ပြည်ပ၊နိုင်ငံခြားနဲ့ပတ်သတ်တဲ့အလုပ်တွေလ်း အကျိူးပေးလိမ့်မယ်။သစ်၊သံ၊သွပ်ဈရွှေ၊ရေထွက်ကုန်၊အသီးအနှံများ အကျိုးပေးလိမ့်မယ်။ငွေဟောင်း၊ပစ္စည်းဟောင်းတွေ ပြန်ရတတ်ပါတယ်။စက်ကိစ္စ၊ဆိုင်ကိစ္စများ မတင်မကျဖြစ်နေမယ်။ဘာမဆိုအထစ်အငေါ့လေးတွေဖြစ်ပြီးမှ အောင်မြင်တတ်ပါတယ်။လူရင်းတို့ရ ဲ့အညစ်ကိုလည်းခံရတတ်ပါတယ်။ပညာရေးကိစ္စ၊စာမေးပွဲကိစ္စ၊မြေ၊အမွေ၊ဖုန်းကိစ္စတွေမှာ အနှောက်အယှက်များနေတတ်ပါတယ်။ငွေရွှင်မယ်၊ဒါပေမယ့်လည်း အလုပ်ထဲ ကိုပြန်ဝင်သွားတတ်တဲ့ကိန်းမျိုးပါပဲ။အိမ်ထောင်ရှင်များ၊ချစ်သူရည်းစားများအတွက် အဖုအထစ်လေးတွေများမယ့် ကိန်းဖြစ်ပါတယ်။အထူးသဖြင့် ဘေးစကားများကိုသတိထားပါ၊ဝမ်းဗိုက်၊ဦးခေါင်း၊အဆစ်အမြစ်ဂရုစိုက်သင့်ပါတယ်။ထီဝါသနာပါရင် ၁၄နဲ့စတဲ့ထီကို ရှာပြီးထိုးစေခြင်ပါတယ်။
ယတြာ။ ။ကလေးများကို သစ်သီးဒါနပြု၍ ဆုတောင်းပါလေ။
ကြာသပတေးသားသမီးများ
ဒီရက်တွေအတွင်းမှာ တအားပင်ပန်းမယ်။စိတ်မော၊လူမောတွေ ဖြစ်ရမယ်။အလုပ်ပိပြီး ကျန်းမာရေးညံ့သွားတတ်ပါတယ်။စိတ်တိုင်းမကျစရာတွေများနေမယ်။တတ်နိုင်သမျှစိတ်ရှည်ရှည် ခေါင်းအေးအေးန ဲ့အလုပ်တွေကို သက်သောင့်သက်သာလေး လုက်သွားသင့်တဲ့အချိန်ဖြစ်ပါတယ်။အလုပ်ထွက်ခြင်၊ပြောင်းချင်တဲ့ဆန္ဒခေတ္တလေး စောင့်သင့်ပါတယ်။နေရာကိစ္စအိမ်ကိစ္စများတိုးလို့တန်းလန်းဖြစ်နေတတ်ပါတယ်။မိတ်ကောင်းဆရာကောင်းတွေရဲ့အကူညီကောင်းတွေပေါ်လာမယ်။နိုင်ငံခြားနဲ့ပတ်သတ်လို့အဆက်သွယ် အခွင့်အရေးကောင်းပေါ်လာတတ်တယ်။မြေ၊အမွေ၊ဖုန်း၊အထည်၊ထီး၊ဖိနပ်၊ဓာတ်ပုံ၊လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင်အကျိုးပေးနိူင်တဲ့အချိန်ဖြစ်ပါတယ်၊ခြေထောက်၊ခါး၊အစာအိမ်၊ကျန်းမာရးသတိပြူသင့်ပါတယ်။အိမ်ထောင်ရှင်များ ချစ်သူရည်းစားများအတွက် ကတော့ အဆင်မပြေမူတွေများနေပါမယ်။ထီဝါသနာပါရင် ၇၈နဲ့စတဲ့ထီကို ရှာပြီးထိုးစေခြင်ပါတယ်။
ယတြာ။ ။မိဘ ဆရာတို့ကို အဝတ်အထည် လှူဒါန်း၍ ဆုတောင်းပါလေ။
သောကြာသားသမီးများ
ဒီရက်တွေအတွင်းမှာ အဖက်ဖက် အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။အလုပ်တွေ ချဲ့သင့်၊တိုးသင့်၊အ၇ှိန်မြှင့်သင့်တ ြ့အချိန်ပါပဲ ။ကံတရားက ကိုယ့်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ငွေရွှင်မယ်၊ရွှေကံကောင်းမယ်၊အနုပညာ အလုပ်၊အလှကုန်၊ကား၊ကျောက်၊ကွန်ပျူတာ၊ကင်မရာ အလုပ်တွေမှ အကျိုးအမြတ်များနိူင်ပါမယ်။စပ်တူကိစ္စ၊စာချုပ်ကိစ္စတွေကတော့ သတိထားပါ၊ကိုယ်တိုးတက်အောင်ြမ်ငလာတဲ့အပေါ်မနာလို အပြိုင်အဆိုင်တွေလည်းပေါလာမယ်။တမင်ရန်စခံရတတ်တယ်။အမှုပတ်တတ်ပါတယ်။ပြည်တွင်း၊ပြည်ပခရီးများမရေမရာဖြစ်တတ်ပါတယ်။အောက်လက်ငယ်သားတို့အကျိုးပေးမယ်။အိမ်ထောင်ရှင်များ စိတ်ဝမ်းကွဲရတတ်ပါတယ်။ချစ်သူရည်းစားများ သတင်းကောင်းကြားမယ်။ခရီးကောင်းကြုံမယ်။ထီဝါသနာပါရင် ၈၄နဲ့စတဲ့ထီကို ရှာပြီးထိုးစေခြင်ပါတယ်။ဆီး၊မျက်စိ၊သွား၊သွေးသတိထားပါ။
ယတြာ။ ။ဘုရားမှာရွှက်လှ (၈)ညွန့်လှူ၍ဆုတောင်းပါလေ။
စနေသားသမီးများ
ဒီရက်တွေအတွင်းမှာ မတင်မကျကိစ္စလေးတွေများနေမယ်။ဟိုဟာလုပ်၇တော့မလိုလို၊ဒီဟာလုပ်ရတော့မလိုလိုတွေများနေမယ်။ငွေကိစ္စ၊ပစ္စည်းကိစ္စ၊အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွှဲလေးတွေ လွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းအေးအေးနဲ့ဆုံးဖြတ်သင့်တဲ့အချိန်မျိုးပါပဲ။စပ်တူကိစ္စစာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။ဆိင်သစ်၊အိမ်သစ်၊နေရာသစ်ကိစ္စတွေအောင်မြင်မယ်။အဖိုးတန်စက်ပစ္စည်း၊အိမ်ထောင်ပရိဘောဂတေါ ဝင်မယ်။မထင်မှတ်ပဲ နိုင်ငံခြား၊လူမျိူးခြားအဆက်အသွယ်အကူအညီပေါ်လာတတ်တယ်။အောက်လက်ငယ်သားကြောင့်စိတ်ရှုပ်ရတတ်တယ်။အနီးကပ်လုရင်းထဲက သစ္စာဖောက်သွားတတ်တယ်။အလှူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ခြေထောက်၊ခါး၊ဗိုက်၊ကျန်းမာရေးဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များ ပြေလည်မှူရပြီး ချစ်သူရည်းစားများ ဆွေမျိူးဝင်ရှူပ်လာတတ်တယ်။စကားတွေရှုပ်လို့ရှင်းရတတ်တယ်။ထီဝါသနာပါရင် ၂၅နဲ့စတဲ့ထီကို ရှာပြီးထိုးစေခြင်ပါတယ်။
ယတြာ။ ။ဘုန်းတော်ကြီးကို မုန့်ဟင်းခါးလှူ၍ ဆုတောင်းပါလေ။
ဖိုးသူတော် (www.phothutaw.com)
Credit: ဇင်ယော်နီ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top