ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကြၽန္​​ေတာ္​တို႔ၿမိဳ႕ က စိတ္​​ေဝဒနာ႐ွင္​ႀကီး ဦးၾကည္​ဝင္​း (၁၂-၁-၂၀၁၈)က ကားတိုက္​ခံရလို႔ ဆံုးၿပီ ဆိုတဲ့ သတင္​းကိုၾကားရ ​ေတာ့ အ​ေတာ္​စိတ္​မ​ေကာင္​းျဖစ္​ သြားမိတယ္​ ႐ိုး႐ိုး နာလို႔ ဖ်ားလို႔ ဆံုးသြားရင္​​ေတာင္​ ဒီ​ေလာက္​စိတ္​မ​ေကာင္​း ျဖစ္​မိမွာ မဟုတ္​ ပါဘူး —-
No automatic alt text available.
ကြၽန္​​ေတာ္​တို႔ တၿမိဳ႕လံုး မွာ ဦးၾကည္​ဝင္​း ကို မသိတဲ့သူမ႐ွိ သူက တျခားစိတ္​​ေဝဒနာ႐ွင္​​ အမ်ားစုလို ပတ္​ဝန္​းက်င္​ကို ဒုကၡ မ​ေပး ​ေက်ာက္​ခဲ ​ေလး​ေတြ႐ွာ လမ္​းဖာ လမ္​းျပင္​ အလုပ္​ကို မိုးလင္​း ကမိုးခ်ဳပ္​ ထိ လုပ္​​ေနတတ္​သူ ​ေပးလ်ွင္​ယူသည္​ ​ေကြၽးလ်ွင္​စားသည္​ မည္​သူ႔ ကိုမွ မ​ေႏွာက္​ယွက္​တတ္​သူ နတ္​ျပည္​မွာ သူ႔အတြက္​ ဘံုဗိမာန္​ ​ေပါက္​​ေနသည္​ဟု သတင္​းႀကီး​ေန သူ —–
Image may contain: one or more people and outdoor
မွတ္​မွတ္​ ရရ ကြၽန္​​ေတာ္​ ၈ တန္​း​ေလာက္​ က ဝက္​စာထမင္​းရည္​ လိုက္​သယ္​သူ တ​ေယာက္​ လမ္​းထိပ္​တြင္​ ခ်ထား​ေသာ ထမင္​းရည္​ပံုး ကို “ဦးၾကည္​ဝင္​း အဲ့ဒီပုံးႀကီး လမ္​း​ေဘးမွာ ႐ႈပ္​တယ္​ဗ်ာ ပိတ္​ ကန္​လိုက္​” ဟု အခြၽန္​ႏွင္​့ မ,​ေပးလိုက္​မိရာ” ဦးၾကည္​ဝင္​း ျပန္​​ေျပာ​ေသာ စကားတခြန္​း ​ေၾကာင္​့ ​ေနာက္​​ေနာင္​ ဦးၾကည္​ဝင္​း ကို မစ ရဲ​ေတာ့ပါ သူျပန္​​ေျပာသည္​ က “စိတ္​​ေကာင္​းထားပါကြ လူတဖက္​သား ကို မ​ေကာင္​းမၾကံ ပါနဲ႔” တဲ့ —-

​ေနပူပူ မိုးရြာရြာ ​ေဆာင္​း​ေအး​ေအး တကုပ္​ကုပ္​လမ္​းျပင္​​ေနတတ္​သူ ဦးၾကည္​ဝင္​း ကို (၁၂-၁-၂၀၁၈)ည​ေန မွာ ​ေရႊ​ေတာင္​ လမ္​းကုမၸဏီ က ကားနဲ႔တိုက္​မိ ၿပီးကြယ္​လြန္​ ခဲ့တယ္​လို႔ သိရပါတယ္​ ဒီ​ေန႔​ေနလည္​မွာ ​ေတာ့ ဦးၾကည္​ဝင္​းရဲ႕စ်ာပနကို တၿမိဳ႕လံုးနီးပါးကလိုက္​ပါပို႔​ေဆာင္​​ေပးခဲ့ၾကပါတယ္​​​ေတာ္​ရံု လူဂုဏ္​တန္​ တ​ေယာက္​ရဲ႕စ်ာပန ဆိုရင္​​ေတာင္​ သူ႔​ေလာက္​စည္​ကား မွာ မဟုတ္​ပါဘူး —-
Image may contain: one or more people and outdoor
အညတရ တ​ေယာက္​ စိတ္​​ေဝဒနာ႐ွင္​ တ​ေယာက္​​ေပမယ္​့ အမ်ားအက်ိဳးသယ္​ပိုးခဲ့သူ ဆို​ေတာ့ လူအမ်ားကလဲ ​ေမတၱာ႐ွိၾကတယ္​ ကြၽန္​​ေတာ္​တို႔ၿမိဳ႕သူ ၿမိဳ႕သား​ေတြ အ​ေန နဲ႔လဲ ဦးၾကည္​ဝင္​း ကိုအမွတ္​ရ​ေနၾကမွာပါ​ဦးၾကည္​ဝင္​းရဲ႕ အတိတ္​က ဝဋ္​​ေႂကြး​ေတြ ဒီဘဝ မွာဘဲ အားလံုး​ေၾကပါ​ေစ ကြၽန္​​ေတာ္​တို႔ၾကားဘူး ထားသလို နတ္​ျပည္​က ဘံုဗိမာန္​ မွာ နတ္​သမီးတဖက္​ ၅၀၀ စီနဲ႔လဲ စံစားႏိုင္​ပါ​ေစ ​ေၾကာင္​း ဆုမြန္​​ေတာင္​း ရင္​းနဲ႔ အမ်ွ အမ်ွ အမ်ွ ပါ ဦးၾကည္​ဝင္​း ​ေရ —-
Image may contain: 2 people, crowd and outdoor
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Htin Aung Kyaw

# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့မြို့ က စိတ်ဝေဒနာရှင်ကြီး ဦးကြည်ဝင်း (၁၂-၁-၂၀၁၈)က ကားတိုက်ခံရလို့ ဆုံးပြီ ဆိုတဲ့ သတင်းကိုကြားရ တော့ အတော်စိတ်မကောင်းဖြစ် သွားမိတယ် ရိုးရိုး နာလို့ ဖျားလို့ ဆုံးသွားရင်တောင် ဒီလောက်စိတ်မကောင်း ဖြစ်မိမှာ မဟုတ် ပါဘူး —-

ကျွန်တော်တို့ တမြို့လုံး မှာ ဦးကြည်ဝင်း ကို မသိတဲ့သူမရှိ သူက တခြားစိတ်ဝေဒနာရှင် အများစုလို ပတ်ဝန်းကျင်ကို ဒုက္ခ မပေး ကျောက်ခဲ လေးတွေရှာ လမ်းဖာ လမ်းပြင် အလုပ်ကို မိုးလင်း ကမိုးချုပ် ထိ လုပ်နေတတ်သူ ပေးလျှင်ယူသည် ကျွေးလျှင်စားသည် မည်သူ့ ကိုမှ မနှောက်ယှက်တတ်သူ နတ်ပြည်မှာ သူ့အတွက် ဘုံဗိမာန် ပေါက်နေသည်ဟု သတင်းကြီးနေ သူ —–

မှတ်မှတ် ရရ ကျွန်တော် ၈ တန်းလောက် က ဝက်စာထမင်းရည် လိုက်သယ်သူ တယောက် လမ်းထိပ်တွင် ချထားသော ထမင်းရည်ပုံး ကို “ဦးကြည်ဝင်း အဲ့ဒီပုံးကြီး လမ်းဘေးမှာ ရှုပ်တယ်ဗျာ ပိတ် ကန်လိုက်” ဟု အချွန်နှင့် မ,ပေးလိုက်မိရာ” ဦးကြည်ဝင်း ပြန်ပြောသော စကားတခွန်း ကြောင့် နောက်နောင် ဦးကြည်ဝင်း ကို မစ ရဲတော့ပါ သူပြန်ပြောသည် က “စိတ်ကောင်းထားပါကွ လူတဖက်သား ကို မကောင်းမကြံ ပါနဲ့” တဲ့ —-

နေပူပူ မိုးရွာရွာ ဆောင်းအေးအေး တကုပ်ကုပ်လမ်းပြင်နေတတ်သူ ဦးကြည်ဝင်း ကို (၁၂-၁-၂၀၁၈)ညနေ မှာ ရွှေတောင် လမ်းကုမ္ပဏီ က ကားနဲ့တိုက်မိ ပြီးကွယ်လွန် ခဲ့တယ်လို့ သိရပါတယ် ဒီနေ့နေလည်မှာ တော့ ဦးကြည်ဝင်းရဲ့ဈာပနကို တမြို့လုံးနီးပါးကလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်တော်ရုံ လူဂုဏ်တန် တယောက်ရဲ့ဈာပန ဆိုရင်တောင် သူ့လောက်စည်ကား မှာ မဟုတ်ပါဘူး —-

အညတရ တယောက် စိတ်ဝေဒနာရှင် တယောက်ပေမယ့် အများအကျိုးသယ်ပိုးခဲ့သူ ဆိုတော့ လူအများကလဲ မေတ္တာရှိကြတယ် ကျွန်တော်တို့မြို့သူ မြို့သားတွေ အနေ နဲ့လဲ ဦးကြည်ဝင်း ကိုအမှတ်ရနေကြမှာပါဦးကြည်ဝင်းရဲ့ အတိတ်က ဝဋ်ကြွေးတွေ ဒီဘဝ မှာဘဲ အားလုံးကြေပါစေ ကျွန်တော်တို့ကြားဘူး ထားသလို နတ်ပြည်က ဘုံဗိမာန် မှာ နတ်သမီးတဖက် ၅၀၀ စီနဲ့လဲ စံစားနိုင်ပါစေ ကြောင်း ဆုမွန်တောင်း ရင်းနဲ့ အမျှ အမျှ အမျှ ပါ ဦးကြည်ဝင်း ရေ —-

ဖိုးသူတော် (www.phothutaw.com)
Credit: Htin Aung Kyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top