လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ရာသီဥတုကပူ ဦးေရေတြကေျခာက္၊ အဆီထြက္တဲ့ဦးေရကလည္းထြက္ေနေတာ့ေလ ေဗာက္ကေလးေတြထၾကတာမ်ားတယ္ေနာ့္။ လူၾကားထဲမွာေခါင္းတစ္ခါခါ လည္တစ္ခါခါကုတ္ေနရတာ အရမ္း႐ုပ္ေပါက္၊ ရွက္စရာလဲေကာင္းေရာ။ ဒါေလးေတြကို ေျဖရွင္းဖို႔နည္းေလးေတြ၊ ပစၥည္းေလးေတြကကိုယ့္အိမ္တြင္းမွာဘဲရွိေနတယ္ဆို ေယာင္းတို႔အဆင္ေျပၿပီေပါ့ေနာ္။ ဒီေဆာင္းပါးေလးထဲမွာ ႏွင္းက ပစၥည္းေလးေတြေရာ အသံုးျပဳနည္းေလးေတြကိုေဖာ္ျပေပးမွာမို႔ အတူတူဖတ္ၾကည့္ရေအာင္ေနာ္…။

(၁) မုန္႔ဖုတ္ဆိုဒါ
baking soda

မုန္႔ေလးေတြဖုတ္တဲ့အခါသံုးတဲ့ မုန္႔ဖုတ္ေဆာ္ဒါေလးက ေဗာက္ေတြကိုေပ်ာက္ေစမွာပါ။ ေခါင္းကိုေရဆြတ္လိုက္မယ္၊ ေနာက္ၿပီးရင္လက္တစ္ဆုပ္စာ မုန္႔ဖုတ္ေဆာ္ဒါကိုေခါင္းေပၚမွာပြတ္လိုက္ၿပီး ေသခ်ာႏွိပ္ေပးလိုက္ပါ။ စစခ်င္းေတာ့ဆံပင္ကအရမ္းေျခာက္တတ္ေပမယ့္ ေနာက္တျဖည္းျဖည္း အသားက်လာတဲ့အခါ ဆံပင္ေလးကပံုမွန္အဆီေလးေတြထြက္ၿပီး ပိုေပ်ာ့လာတဲ့အျပင္ ေဗာက္လဲေပ်ာက္သြားမွာျဖစ္ပါတယ္။

(၂)ပန္းသီးအရက္ဗီနီကာ

ပန္းသီးအရက္ဗီနီကာက ဦးေရျပားရဲ႕ PH level ကိုၫွိေပးတာေၾကာင့္ မႈိတစ္မ်ိဳးျဖစ္တဲ့ေဗာက္ရဲ႕ႀကီးထြားႏႈန္းကိုေလ်ာ့ေစပါတယ္။ ဗီနီကာတစ္ဆ၊ ေရတစ္ဆနဲ႔ေရာရင္း ျဖန္းေဆးဘူးထဲထည့္ နည္းနည္းခ်င္းစီဖ်န္းေပးပါ။ တဘက္နဲ႔ခဏသုတ္၊ (၁၅) မိနစ္ကေနတစ္နာရီေလာက္ထားၿပီးရင္ ခါတိုင္းလိုေခါင္းေလွ်ာ္လိုက္ပါ။ တစ္ပတ္ေလာက္ၾကာရင္ amazing result ကိုေတြ႕ရပါလိမ့္မယ္။

(၃) ခံတြင္းေဆးရည္

အံ့ၾသသြားလားေယာင္းေရ? Alcohol based ထားတဲ့ခံတြင္းေဆးရည္ကလဲ ေဗာက္ေပ်ာက္ေအာင္ကုသေပးတဲ့ေနရာမွာအကူအညီေပးပါတယ္။ ခါတိုင္းေခါင္းေလွ်ာ္ေနက်အတိုင္းေလွ်ာ္ၿပီး ဒီေဆးရည္ေလးနဲ႔ေဆးခ်လိုက္တဲ့အခါ ေနာက္တစ္ပတ္ေလာက္ေနရင္ ေဗာက္ေလးေတြရွင္းသြားမွာျဖစ္ပါတယ္ရွင့္။

(၄) အုန္းဆီ

အုန္းဆီကေတာ့ ျမန္မာ့႐ိုးရာလက္စြဲ ဆံပင္သန္ အံုထူၿပီး လွေစတဲ့အျပင္ ေဗာက္ျပႆနာကိုလည္းေျဖရွင္းေပးႏိုင္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ လၻက္ရည္ ၃-၄ ဇြန္းေလာက္ထည့္ၿပီး ေခါင္းကိုႏွိပ္ေပးပါ။ ေနာက္ခါတိုင္းလိုေခါင္းေလွ်ာ္ခ်လိုက္ၿပီး result ကိုေစာင့္ၾကည့္တဲ့အခါ စိတ္ေက်နပ္ေစမွာပါေနာ္။

(၅)ရွားေစာင္းလက္ပတ္

အုန္းဆီလိုပါဘဲ။ ရွားေစာင္းလက္ပတ္ကိုလဲ ေခါင္းမေလွ်ာ္ခင္သုတ္ေပးတဲ့အခါ ယားယံျခင္းကိုသက္သာေစတာမို႔ လူၾကားသူၾကားအရမ္းကုတ္မေနရေတာ့ဖူးေပါ့။

ေဗာက္ကလဲမႈိတစ္မ်ိဳးပဲမို႔ မကုဘဲထားရင္တစ္ျဖည္းျဖည္းပြားလာၿပီး လူျမင္သူျမင္အျဖဴဖတ္ႀကီးေတြနဲ႔ ရွက္စရာလဲေကာင္းပါတယ္။ တစ္ကိုယ္ရည္သန္႔ရွင္းမႈ မရွိဘူးလို႔လဲ လူအမ်ားကအျမင္မွားသြားႏိုင္ပါတယ္။ ဒါေၾကာင့္ လြယ္လြယ္ကူကူရတဲ့ပစၥည္းေတြနဲ႔ အသံုးျပဳႏိုင္တဲ့ပစၥည္းေလးေတြကိုသံုးေစခ်င္ပါတယ္လို႔…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #
ရာသီဥတုကပူ ဦးရေတွေကခြောက်၊ အဆီထွက်တဲ့ဦးရေကလည်းထွက်နေတော့လေ ဗောက်ကလေးတွေထကြတာများတယ်နော့်။ လူကြားထဲမှာခေါင်းတစ်ခါခါ လည်တစ်ခါခါကုတ်နေရတာ အရမ်းရုပ်ပေါက်၊ ရှက်စရာလဲကောင်းရော။ ဒါလေးတွေကို ဖြေရှင်းဖို့နည်းလေးတွေ၊ ပစ္စည်းလေးတွေကကိုယ့်အိမ်တွင်းမှာဘဲရှိနေတယ်ဆို ယောင်းတို့အဆင်ပြေပြီပေါ့နော်။ ဒီဆောင်းပါးလေးထဲမှာ နှင်းက ပစ္စည်းလေးတွေရော အသုံးပြုနည်းလေးတွေကိုဖော်ပြပေးမှာမို့ အတူတူဖတ်ကြည့်ရအောင်နော်…။

(၁) မုန့်ဖုတ်ဆိုဒါ
baking soda

မုန့်လေးတွေဖုတ်တဲ့အခါသုံးတဲ့ မုန့်ဖုတ်ဆော်ဒါလေးက ဗောက်တွေကိုပျောက်စေမှာပါ။ ခေါင်းကိုရေဆွတ်လိုက်မယ်၊ နောက်ပြီးရင်လက်တစ်ဆုပ်စာ မုန့်ဖုတ်ဆော်ဒါကိုခေါင်းပေါ်မှာပွတ်လိုက်ပြီး သေချာနှိပ်ပေးလိုက်ပါ။ စစချင်းတော့ဆံပင်ကအရမ်းခြောက်တတ်ပေမယ့် နောက်တဖြည်းဖြည်း အသားကျလာတဲ့အခါ ဆံပင်လေးကပုံမှန်အဆီလေးတွေထွက်ပြီး ပိုပျော့လာတဲ့အပြင် ဗောက်လဲပျောက်သွားမှာဖြစ်ပါတယ်။

(၂)ပန်းသီးအရက်ဗီနီကာ

ပန်းသီးအရက်ဗီနီကာက ဦးရေပြားရဲ့ PH level ကိုညှိပေးတာကြောင့် မှိုတစ်မျိုးဖြစ်တဲ့ဗောက်ရဲ့ကြီးထွားနှုန်းကိုလျော့စေပါတယ်။ ဗီနီကာတစ်ဆ၊ ရေတစ်ဆနဲ့ရောရင်း ဖြန်းဆေးဘူးထဲထည့် နည်းနည်းချင်းစီဖျန်းပေးပါ။ တဘက်နဲ့ခဏသုတ်၊ (၁၅) မိနစ်ကနေတစ်နာရီလောက်ထားပြီးရင် ခါတိုင်းလိုခေါင်းလျှော်လိုက်ပါ။ တစ်ပတ်လောက်ကြာရင် amazing result ကိုတွေ့ရပါလိမ့်မယ်။

(၃) ခံတွင်းဆေးရည်

အံ့သြသွားလားယောင်းရေ? Alcohol based ထားတဲ့ခံတွင်းဆေးရည်ကလဲ ဗောက်ပျောက်အောင်ကုသပေးတဲ့နေရာမှာအကူအညီပေးပါတယ်။ ခါတိုင်းခေါင်းလျှော်နေကျအတိုင်းလျှော်ပြီး ဒီဆေးရည်လေးနဲ့ဆေးချလိုက်တဲ့အခါ နောက်တစ်ပတ်လောက်နေရင် ဗောက်လေးတွေရှင်းသွားမှာဖြစ်ပါတယ်ရှင့်။

(၄) အုန်းဆီ

အုန်းဆီကတော့ မြန်မာ့ရိုးရာလက်စွဲ ဆံပင်သန် အုံထူပြီး လှစေတဲ့အပြင် ဗောက်ပြဿနာကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင် လ္ဘက်ရည် ၃-၄ ဇွန်းလောက်ထည့်ပြီး ခေါင်းကိုနှိပ်ပေးပါ။ နောက်ခါတိုင်းလိုခေါင်းလျှော်ချလိုက်ပြီး result ကိုစောင့်ကြည့်တဲ့အခါ စိတ်ကျေနပ်စေမှာပါနော်။

(၅)ရှားစောင်းလက်ပတ်

အုန်းဆီလိုပါဘဲ။ ရှားစောင်းလက်ပတ်ကိုလဲ ခေါင်းမလျှော်ခင်သုတ်ပေးတဲ့အခါ ယားယံခြင်းကိုသက်သာစေတာမို့ လူကြားသူကြားအရမ်းကုတ်မနေရတော့ဖူးပေါ့။

ဗောက်ကလဲမှိုတစ်မျိုးပဲမို့ မကုဘဲထားရင်တစ်ဖြည်းဖြည်းပွားလာပြီး လူမြင်သူမြင်အဖြူဖတ်ကြီးတွေနဲ့ ရှက်စရာလဲကောင်းပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိဘူးလို့လဲ လူအများကအမြင်မှားသွားနိုင်ပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူရတဲ့ပစ္စည်းတွေနဲ့ အသုံးပြုနိုင်တဲ့ပစ္စည်းလေးတွေကိုသုံးစေချင်ပါတယ်လို့…။

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top