မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×



#Unicode Version#
အကျင့်ဆိုးများ : ငယ်ငယ်တုန်းကဆိုရင် ကွဲနေတဲ့ ဆံပင်အဖျားကနေကိုင်ပြီးတော့ ကိုယ်တိုင်ဆက်ပြီး အဆုံးထိခွဲနိုင်ရင် ကျေနပ်ခဲ့ကြပါတယ်။ ဒီအကျင့်ဆိုးက ဆံပင်တွေကို အားနည်းစေပြီး ပိုပြီး ကွဲအက်သွားစေပါတယ်။ နောက်ထပ် ဆံပင်အဖျားကွဲရခြင်းကတော့ ဆံပင်ခြောက်သွားအောင် လေပူမှုတ်တဲ့စက်၊ ဆံပင်ဖြောင့်စက်၊ ကောက်စက် စတဲ့ပစ္စည်းတွေ အသုံးပြုခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ : အဖျားကွဲနေတဲ့ ဆံပင်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဖျား တိပေးခြင်းပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ ဆံပင်တွေ သန်မာစေပြီး နောက်ထပ် အက်ကွဲခြင်းဖြစ်မလာအောင် ကာကွယ်နိုင်တဲ့ ဆေးတွေကိုလည်း ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဆံပင်တွေကို ရေဓါတ်ပိုဖြည့်ပေးဖို့ လိုအပ်ပြီး သင့်ဆံပင် ပုံမသွင်းခင်မှာ ပြုလုပ်ဖို့ ပေးထားတဲ့အချက်လေးတွေကို ဂရုတစိုက် တဆင့်ပြီးတဆင့် ပြုလုပ်သင့်ပါတယ်။ ပြီးတော့ ခေါင်းလျှော်ရင်း သို့မဟုတ် ရေစိုနေတဲ့ဆံပင်ကို ဘီးဖြီးတော့မယ်ဆိုရင်တော့ သီးခြား ထုတ်ထားတဲ့ဘီးကိုပဲ အသုံးပြုသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top