လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

အေပၚပိုင္း ဗလာက်င္းေနတဲ့ အမ်ိဳးသမီး တေယာက္က ခ်က္သမၼတကို ပူတင္ရဲ႕ မိန္းမပ်က္ ေအာ္ဟစ္ဆဲေရးခဲ့ပါတယ္။

ခ်က္သမၼတႏိုင္ငံမွာ ဇန္န၀ါရီ ၁၂ ရက္ေန႔ က်င္းပေနတဲ့ သမၼတေရြးေကာက္ပြဲအတြင္း ၿမိဳ႕ေတာ္ ပရပ္ဂ္ကမဲ႐ုံမွာ လက္ရွိ သမၼတက မဲေပးဖို႔ ျပင္ဆင္ေနခ်ိန္မွာ ခုလိုျဖစ္ခဲ့တာပါ။

႐ုပ္သံထဲမွာေတာ့ သတင္းေထာက္အုပ္ထဲက အမ်ိဳးသမီးတေယာက္ သူ႔အက်ႌကို ဆြဲခၽြတ္ၿပီး ေရြးေကာက္ပြဲ ေကာ္မရွင္ဆီမွာ မွတ္ပံုတင္ျပေနတဲ့ ခ်က္သမၼတ မီလို ဇီးမဲန္းဆီ ေျပးဝင္သြားခဲ့တာပါ။

အဲဒီေနာက္ အဂၤလိပ္ဘာသာနဲ႔ ဇီးမန္း! ပူတင္ရဲ႕ မိန္းမပ်က္လို႔ ေအာ္ဟစ္ ဆဲေရးခဲ့ပါတယ္။ သူ႔ရင္ဘတ္မွာလည္း အဲဒီ စာသားကိုပဲ ေရးထားပါတယ္။ သမၼတရဲ႕ ကိုယ္ရံေတာ္ေတြက သူ႔ကို ခ်က္ခ်င္း ၾကမ္းျပင္ေပၚ လွဲခ်ခဲ့ၿပီး ခ်ဳပ္ေႏွာင္ ေခၚေဆာင္သြားခဲ့ပါတယ္။

သမၼတကေတာ့ အျခံအရံေတြနဲ႔ အျမန္ထြက္သြားခဲ့ပါတယ္။ ေနာက္မွ သူ႔အတြက္ မဲကို ျပန္လာေပးခဲ့ပါတယ္။

“အမ်ိဳးသမီး တေယာက္ ေႏွာင့္ယွက္ခံရတဲ့ လူတိုင္းကို က်ေနာ္ ေတာင္းပန္ပါတယ္။ ဒီလႈပ္ရွားမႈဟာ ဟိုတေလာကလည္း ပုပ္ရဟန္းမင္းႀကီးကို အလားတူ တိုက္ခိုက္ခဲ့ဖူးလို႔ ခုလို က်ေနာ့္ကို သူတို႔ တိုက္ခိုက္တာကို ဂုဏ္ယူပါတယ္” လို႔ ခ်က္သမၼတက လူအုပ္ကို ေျပာပါတယ္။

ဒီအမ်ိဳးသမီးဟာ ယူကရိန္း ႏို္င္ငံသူ အိန္ဂ်လိနာ ဒီးယက္ရွ္ ဆိုသူ ျဖစ္တယ္လို႔ ယူကရိန္း ႏိုင္ငံက အမ်ိဳးသမီးေရး အုပ္စု ဖွဲမဲန္းက သူ႔ရဲ႕ အင္တာနက္ စာမ်က္ႏွာေပၚမွာ ေရးပါတယ္။

ခ်က္သမၼတ ဇီးမဲန္းဟာ သူ႔ရဲ႕ ေရႊ႕ေျပာင္းေနထိုင္မႈ ဆန္႔က်င္တဲ့ အျမင္ေတြေၾကာင့္ ကြန္ျမဴနစ္ ႏိုင္ငံေဟာင္း ခ်က္ႏိုင္ငံမွာ လူႀကိဳက္မ်ားပါတယ္။

ဒါေပမယ့္ ႐ုရွနဲ႔ တ႐ုတ္ႏို္င္ငံေတြနဲ႔ ေႏြးေထြးတဲ့ ဆက္ဆံေရးေတြ ဆက္ရွိေရးကို အာ႐ုံစိုက္ခဲ့လို႔ ဥေရာပသမဂၢ နဲ႔ ေနတိုးအဖြဲ႔ဝင္ ႏိုင္ငံေတြရွိတဲ့ လူ႔အဖြဲ႔အစည္းၾကားမွာ သီးျခား ကြဲထြက္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
အပေါ်ပိုင်း ဗလာကျင်းနေတဲ့ အမျိုးသမီး တယောက်က ချက်သမ္မတကို ပူတင်ရဲ့ မိန်းမပျက် အော်ဟစ်ဆဲရေးခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံမှာ ဇန်နဝါရီ ၁၂ ရက်နေ့ ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲအတွင်း မြို့တော် ပရပ်ဂ်ကမဲရုံမှာ လက်ရှိ သမ္မတက မဲပေးဖို့ ပြင်ဆင်နေချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။

ရုပ်သံထဲမှာတော့ သတင်းထောက်အုပ်ထဲက အမျိုးသမီးတယောက် သူ့အကျႌကို ဆွဲချွတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ပြနေတဲ့ ချက်သမ္မတ မီလို ဇီးမဲန်းဆီ ပြေးဝင်သွားခဲ့တာပါ။

အဲဒီနောက် အင်္ဂလိပ်ဘာသာနဲ့ ဇီးမန်း! ပူတင်ရဲ့ မိန်းမပျက်လို့ အော်ဟစ် ဆဲရေးခဲ့ပါတယ်။ သူ့ရင်ဘတ်မှာလည်း အဲဒီ စာသားကိုပဲ ရေးထားပါတယ်။ သမ္မတရဲ့ ကိုယ်ရံတော်တွေက သူ့ကို ချက်ချင်း ကြမ်းပြင်ပေါ် လှဲချခဲ့ပြီး ချုပ်နှောင် ခေါ်ဆောင်သွားခဲ့ပါတယ်။

သမ္မတကတော့ အခြံအရံတွေနဲ့ အမြန်ထွက်သွားခဲ့ပါတယ်။ နောက်မှ သူ့အတွက် မဲကို ပြန်လာပေးခဲ့ပါတယ်။

“အမျိုးသမီး တယောက် နှောင့်ယှက်ခံရတဲ့ လူတိုင်းကို ကျနော် တောင်းပန်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ဟိုတလောကလည်း ပုပ်ရဟန်းမင်းကြီးကို အလားတူ တိုက်ခိုက်ခဲ့ဖူးလို့ ခုလို ကျနော့်ကို သူတို့ တိုက်ခိုက်တာကို ဂုဏ်ယူပါတယ်” လို့ ချက်သမ္မတက လူအုပ်ကို ပြောပါတယ်။

ဒီအမျိုးသမီးဟာ ယူကရိန်း နိုင်ငံသူ အိန်ဂျလိနာ ဒီးယက်ရှ် ဆိုသူ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံက အမျိုးသမီးရေး အုပ်စု ဖှဲမဲန်းက သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးပါတယ်။

ချက်သမ္မတ ဇီးမဲန်းဟာ သူ့ရဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်တဲ့ အမြင်တွေကြောင့် ကွန်မြူနစ် နိုင်ငံဟောင်း ချက်နိုင်ငံမှာ လူကြိုက်များပါတယ်။

ဒါပေမယ့် ရုရှနဲ့ တရုတ်နိုင်ငံတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ဆက်ရှိရေးကို အာရုံစိုက်ခဲ့လို့ ဥရောပသမဂ္ဂ နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရှိတဲ့ လူ့အဖွဲ့အစည်းကြားမှာ သီးခြား ကွဲထွက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top