စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အသက္ ၁၀ ႏွစ္ အ ရြယ္သာရွိေသးတဲ့ ဆက္မီတာ ဘာရမ္ဆုိတဲ့ေကာင္မေလးဟာ သူ ရဲ႕အကိုျဖစ္သူကို ေက်ာင္းတက္သြားႏုိင္ဖို႔ ေနစဥ္ ေက်ာ့ပိုးကာေက်ာင္းတက္ရမႈအေပၚ ေတြျမင့္ရသူေတြ စိတ္မေကာင္းျဖစ္ရတယ္လုိ႔ဆုိပါတယ္။

အသက္ ၁၂ ႏွစ္အရြယ္ရွိ လက္မန္ ဟာ ေမြးရာပါမသန္စြမ္းျဖစ္ေနၿပီး လမ္းေလွ်ာက္ႏိုင္မႈမရွိတာေၾကာင့္ ညီမျဖစ္သူက ေက်ာင္းသြားခ်ိန္မွာအကိုျဖစ္သူကို ေက်ာပိုးကာ ေက်ာင္းကိုေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

သူတုိ႔ ေမာင္ႏွစ္မ ဟာ Shree Madane Danda ၿမိဳ႕ မူလတန္းေက်ာင္းမွာအတူ ပညာသင္ၾကားတာျဖစ္ၿပီး ဆက္မီတာ က ႏွစ္တန္းသာရွိေသးၿပီးအကိုျဖစ္သူက သံုးတန္းရွိပါတယ္။ ညီမျဖစ္သူ ဟာ အကိုျဖစ္သူကိုေက်ာင္းတက္ပို႔ေက်ာပိုးရံုသာမက ေက်ာင္းစာသင့္ခန္းထဲမွာအကိုျဖစ္သူလက္မန္ စာသင္ၾကားေရးအဆင္ေျပေအာင္ ကူညီေပးရတယ္လုိ႔ဆုိပါတယ္။

အကိုုျဖစ္သူ လက္မန္ ဟာ စာသင္ခန္းအတြင္းထုိင္ဖုိ႔ နဲ႔ စားပြဲခံုကိုေရြႊႏိုင္ဖုိ႔အျခားသူတစ္ဦးရဲ႕ အကူညီလိုပါတယ္။ ဒါအျပင္ ညီမျဖစ္သူ ဟာ အကိုျဖစ္သူ လက္မန္ ကို ေက်ာင္းအတြင္း အားကစားပြဲေတြၾကည့္ႏုိင္ဖုိ႔ ၊အိမ္သာသြားႏုိင္ဖုိ႔နဲ႔ ေနလည္စာ စားသံုးႏိုင္ဖို႔ စတဲ့ကိစၥေတြကို အကူညီေပးရတယ္လုိ႔ဆုိပါတယ္။ ညီမျဖစ္သူ ဆက္မီတာ ေနမေကာင္းလို႔ ေက်ာင္းမသြားႏုိင္ခ်ိန္မွာ အကုိျဖစ္သူ ကလည္းေက်ာင္းမသြားႏုိင္ဘူးလို႔သိရပါတယ္။ သူတုိ႔ရဲ႕အဘြားျဖစ္သူ မန္နာရာ ဘာရမ္က “ သူအေနနဲ႔ အသက္အရြယ္ၾကီးေနတာေၾကာင့္ ေျမးျဖစ္သူကို ေက်ာင္းတက္ႏုိင္ေအာင္ ခ်ီပိုးပို႔ဖုိ႔အဆင္မေျပဘူး၊ ဒါေၾကာင့္ ညီမျဖစ္သူကသာ သူအကိုကို ေက်ာင္းတက္ႏုိင္ဖုိ႔ ေနစဥ္ခ်ီပိုး ၿပီးေက်ာင္းပို႔ေနတာျဖစ္တယ္ “လို႔ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PTH

# Unicode Version ျဖင့္ ဖတ္ပါ #
အသက် ၁၀ နှစ် အ ရွယ်သာရှိသေးတဲ့ ဆက်မီတာ ဘာရမ်ဆိုတဲ့ကောင်မလေးဟာ သူ ရဲ့အကိုဖြစ်သူကို ကျောင်းတက်သွားနိုင်ဖို့ နေစဉ် ကျော့ပိုးကာကျောင်းတက်ရမှုအပေါ် တွေမြင့်ရသူတွေ စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။

အသက် ၁၂ နှစ်အရွယ်ရှိ လက်မန် ဟာ မွေးရာပါမသန်စွမ်းဖြစ်နေပြီး လမ်းလျှောက်နိုင်မှုမရှိတာကြောင့် ညီမဖြစ်သူက ကျောင်းသွားချိန်မှာအကိုဖြစ်သူကို ကျောပိုးကာ ကျောင်းကိုခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူတို့ မောင်နှစ်မ ဟာ Shree Madane Danda မြို့ မူလတန်းကျောင်းမှာအတူ ပညာသင်ကြားတာဖြစ်ပြီး ဆက်မီတာ က နှစ်တန်းသာရှိသေးပြီးအကိုဖြစ်သူက သုံးတန်းရှိပါတယ်။ ညီမဖြစ်သူ ဟာ အကိုဖြစ်သူကိုကျောင်းတက်ပို့ကျောပိုးရုံသာမက ကျောင်းစာသင့်ခန်းထဲမှာအကိုဖြစ်သူလက်မန် စာသင်ကြားရေးအဆင်ပြေအောင် ကူညီပေးရတယ်လို့ဆိုပါတယ်။

အကိုုဖြစ်သူ လက်မန် ဟာ စာသင်ခန်းအတွင်းထိုင်ဖို့ နဲ့ စားပွဲခုံကိုရွှေနိုင်ဖို့အခြားသူတစ်ဦးရဲ့ အကူညီလိုပါတယ်။ ဒါအပြင် ညီမဖြစ်သူ ဟာ အကိုဖြစ်သူ လက်မန် ကို ကျောင်းအတွင်း အားကစားပွဲတွေကြည့်နိုင်ဖို့ ၊အိမ်သာသွားနိုင်ဖို့နဲ့ နေလည်စာ စားသုံးနိုင်ဖို့ စတဲ့ကိစ္စတွေကို အကူညီပေးရတယ်လို့ဆိုပါတယ်။ ညီမဖြစ်သူ ဆက်မီတာ နေမကောင်းလို့ ကျောင်းမသွားနိုင်ချိန်မှာ အကိုဖြစ်သူ ကလည်းကျောင်းမသွားနိုင်ဘူးလို့သိရပါတယ်။ သူတို့ရဲ့အဘွားဖြစ်သူ မန်နာရာ ဘာရမ်က “ သူအနေနဲ့ အသက်အရွယ်ကြီးနေတာကြောင့် မြေးဖြစ်သူကို ကျောင်းတက်နိုင်အောင် ချီပိုးပို့ဖို့အဆင်မပြေဘူး၊ ဒါကြောင့် ညီမဖြစ်သူကသာ သူအကိုကို ကျောင်းတက်နိုင်ဖို့ နေစဉ်ချီပိုး ပြီးကျောင်းပို့နေတာဖြစ်တယ် “လို့ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PTH
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top