ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဇန္န၀ါရီ ၁ ရက္တြင္ က်င္းပခဲ့သည့္ ေရႊတိဂုံေစတီ ေတာ္ အေနကဇာတင္မဟာ မဂၤလာႏွင့္ သံဃာအပါး ၁၈,၀၀၀ အား ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ အတြက္ အလွဴေငြက်ပ္သိန္းသုံး ေသာင္းေက်ာ္ရရွိထားေၾကာင္း ရန္ကုန္တိုင္းအစုိးရအဖြဲ႕တာ၀န္ ရွိသူတစ္ဦးက ေျပာသည္။

‘‘အဲဒါ ဒီေန႔သိရသေလာက္ ပါ။ အတိအက်ကေတာ့ ႐ုံးဖြင့္ ရက္ ဘဏ္ေတြဖြင့္ေတာ့မွ ထပ္ သိရပါမယ္’’ ဟု ရန္ကုန္တိုင္းေဒ သႀကီးအစုိးရအဖြဲ႕႐ုံး ဒုၫႊန္ၾကား ေရးမွဴးေဒၚခင္လွျမင့္က ယမန္ေန႔ က ေျပာသည္။

ယင္းေငြေၾကးမ်ားကုိ အခမ္း အနားျဖစ္ေျမာက္ေရး စီစဥ္ရာ တြင္ အသုံးျပဳၿပီးယင္းမွပုိလွ်ံေသာ ေငြမ်ားကုိ ေရႊတိဂုံေစတီတြင္ အ သုံးျပဳရန္ သံဃနာယကအဖြဲ႕က စီစဥ္မည္ျဖစ္ေၾကာင္း ၎ကဆုိ သည္။

ဇန္န၀ါရီ ၁ ရက္တြင္က်င္းပ ခဲ့သည့္ ယင္းမဂၤလာအခမ္းအနား သည္ ေရႊတိဂံုေစတီေတာ္သမိုင္း တြင္ ပထမဆုံး သံဃာအပါး ၁၈,၀၀၀ ျဖင့္ အေနကဇာတင္ျခင္း ျဖစ္သည္။

ေရႊတိဂုံေစတီေတာ္ကုိ ေဂါပကအဖြဲ႕က ႏွစ္စဥ္တေပါင္း လျပည့္ေန႔တိုင္း အေနကဇာတင္ ေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ သံဃာအပါး ၁၈,၀၀၀ အား ဆြမ္း ဆန္စိမ္းေလာင္းလွဴပြဲကုိပါ အစုိး ရကက်င္းပျခင္းျဖစ္သည္။

အေနကဇာတင္ပြဲတြင္ ႏုိင္ငံ ေတာ္ဩ၀ါဒါစရိယဆရာေတာ္ မ်ား၊ ႏုိင္ငံေတာ္သံဃမဟာနာယ ကဆရာေတာ္မ်ား၊ တိုင္းႏွင့္ျပည္ နယ္အသီးသီး၏ ကုိယ္စားျပဳ ဆရာေတာ္ႀကီးမ်ားႏွင့္ ျပည္မွ ဆရာေတာ္ႀကီးမ်ားႂကြခဲ့သည္။

မဂၤလာ အခမ္းအနားအ တြက္ လွဴဒါန္းႏုိင္ရန္ေရႊတိဂုံဘု ရား၊ သာသနာေရးဦးစီးဌာန၊စည္ပင္သာယာႏွင့္တိုင္းအစိုးရအဖြဲ႕ ႐ုံးတို႔တြင္ အလွဴခံဌာနမ်ား ဖြင့္ လွစ္ခဲ့ၿပီး ႏုိ၀င္ဘာေနာက္ဆုံးပတ္ မွ ဒီဇင္ဘာ ၃၁ ရက္ညေန ၄ နာရီ အထိ လွဴဒါန္းႏုိင္ေၾကာင္း ေၾက ညာခဲ့သည္။

သံဃာေတာ္အပါး ၁၈,၀၀၀ ျဖင့္ ေရႊတိဂုံေစတီရင္ျပင္တြင္ ရြတ္ဖတ္ပူေဇာ္ကာ အေနကဇာ တင္မည္ျဖစ္၍ ဒီဇင္ဘာ ၃၁ ရက္ ညေနမွ ဇန္န၀ါရီ ၁ ရက္မြန္းတည့္ ၁၂ နာရီအထိ ဘုရားတံခါးမ်ား ကုိ နာရီ ၂၀ ၾကာပိတ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ဇန်နဝါရီ ၁ ရက်တွင် ကျင်းပခဲ့သည့် ရွှေတိဂုံစေတီ တော် အနေကဇာတင်မဟာ မင်္ဂလာနှင့် သံဃာအပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အတွက် အလှူငွေကျပ်သိန်းသုံး သောင်းကျော်ရရှိထားကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘အဲဒါ ဒီနေ့သိရသလောက် ပါ။ အတိအကျကတော့ ရုံးဖွင့် ရက် ဘဏ်တွေဖွင့်တော့မှ ထပ် သိရပါမယ်’’ ဟု ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး ဒုညွှန်ကြား ရေးမှူးဒေါ်ခင်လှမြင့်က ယမန်နေ့ က ပြောသည်။

ယင်းငွေကြေးများကို အခမ်း အနားဖြစ်မြောက်ရေး စီစဉ်ရာ တွင် အသုံးပြုပြီးယင်းမှပိုလျှံသော ငွေများကို ရွှေတိဂုံစေတီတွင် အ သုံးပြုရန် သံဃနာယကအဖွဲ့က စီစဉ်မည်ဖြစ်ကြောင်း ၎င်းကဆို သည်။

ဇန်နဝါရီ ၁ ရက်တွင်ကျင်းပ ခဲ့သည့် ယင်းမင်္ဂလာအခမ်းအနား သည် ရွှေတိဂုံစေတီတော်သမိုင်း တွင် ပထမဆုံး သံဃာအပါး ၁၈,၀၀၀ ဖြင့် အနေကဇာတင်ခြင်း ဖြစ်သည်။

ရွှေတိဂုံစေတီတော်ကို ဂေါပကအဖွဲ့က နှစ်စဉ်တပေါင်း လပြည့်နေ့တိုင်း အနေကဇာတင် လေ့ရှိသော်လည်း ယခုနှစ်တွင် သံဃာအပါး ၁၈,၀၀၀ အား ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကိုပါ အစိုး ရကကျင်းပခြင်းဖြစ်သည်။

အနေကဇာတင်ပွဲတွင် နိုင်ငံ တော်ဩဝါဒါစရိယဆရာတော် များ၊ နိုင်ငံတော်သံဃမဟာနာယ ကဆရာတော်များ၊ တိုင်းနှင့်ပြည် နယ်အသီးသီး၏ ကိုယ်စားပြု ဆရာတော်ကြီးများနှင့် ပြည်မှ ဆရာတော်ကြီးများကြွခဲ့သည်။

မင်္ဂလာ အခမ်းအနားအ တွက် လှူဒါန်းနိုင်ရန်ရွှေတိဂုံဘု ရား၊ သာသနာရေးဦးစီးဌာန၊စည်ပင်သာယာနှင့်တိုင်းအစိုးရအဖွဲ့ ရုံးတို့တွင် အလှူခံဌာနများ ဖွင့် လှစ်ခဲ့ပြီး နိုဝင်ဘာနောက်ဆုံးပတ် မှ ဒီဇင်ဘာ ၃၁ ရက်ညနေ ၄ နာရီ အထိ လှူဒါန်းနိုင်ကြောင်း ကြေ ညာခဲ့သည်။

သံဃာတော်အပါး ၁၈,၀၀၀ ဖြင့် ရွှေတိဂုံစေတီရင်ပြင်တွင် ရွတ်ဖတ်ပူဇော်ကာ အနေကဇာ တင်မည်ဖြစ်၍ ဒီဇင်ဘာ ၃၁ ရက် ညနေမှ ဇန်နဝါရီ ၁ ရက်မွန်းတည့် ၁၂ နာရီအထိ ဘုရားတံခါးများ ကို နာရီ ၂၀ ကြာပိတ်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top