AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

သ႐ုပ္ေဆာင္ ရဲတိုက္ ၊ျမင့္ျမတ္ႏွင့္ ေ႐ႊထူးတို႔ အၿပိဳင္သ႐ုပ္ေဆာင္ တေစၥေၾကာက္တဲ့စုန္းေက၀ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ၂၀၁၈ခုႏွစ္အတြင္း ႐ိုက္ကူးေတာ့မွာပဲ ျဖစ္ပါတယ္။ တေစၥေၾကာက္တဲ့စုန္းကေဝလို႔ အမည္ရတဲ့ ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ ဝင္းလြင္ထက္က႐ိုက္ကူးမွာပဲျဖစ္ပါတယ္။ ပါဝင္မယ့္ သ႐ုပ္ေဆာင္မ်ားကေတာ့ ရဲတိုက္ ၊ ျမင့္ျမတ္နဲ႔ မင္းသမီး တစ္ဦး ပါဝင္သ႐ုပ္ေဆာင္မယ္လို႔သိရပါတယ္။

မင္းသား သုံးေယာက္ပါဝင္ျခင္းႏွင့္ပက္သက္၍လည္း ပရိသတ္အခ်စ္ေတာ္မင္းသားမ်ားျဖစ္သည့္ အျပင္ ယခုလိုတြဲဖက္ ေပးလိုက္ျခင္းကလည္း ပရိသတ္ေတြရဲ႕ အျမင္ဆန္းေစတယ္လို႔ Myamar Media 7 မွ ကိုေဝမင္းေမာင္ကေျပာျပထားပါတယ္။ မင္းသားသုံးေယာက္လုံး ဇာတ္လမ္းဇာတ္ကြက္ အကုန္ ညီတူညီမွ် သ႐ုပ္ေဆာင္ေဆာင္ၾကမွာ ျဖစ္တယ္လို႔လည္း ဆက္လက္ ေျပာျပထားပါတယ္။

ဇာတ္လမ္း အမ်ိဳးအစားကေတာ့ အခ်စ္ Romanticပုံစံမ်ိဳး ျဖစ္ၿပီး ပါဝင္သ႐ုပ္ေဆာင္မည့္ မင္းသမီးကိုေတာ့ မေ႐ြးခ်ယ္ရေသးဘူးလို႔ သိရပါတယ္။ ေ႐ြးခ်ယ္မည့္မင္းသမီးကိုေတာ့ ဇာတ္လမ္းနဲ႔လိုက္ဖတ္ၿပီး မင္းသားေတြနဲ႔အတြဲညီညီသ႐ုပ္ေဆာင္ႏိုင္မယ့္သူကို ေ႐ြးခ်ယ္သြားမယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ ထိုဇာတ္ကား ထဲတြင္ မင္းသား ၃ေယာက္ရဲ႕ အားၿပိဳင္မႈ ကို အဓိကျမင္ေတြ႕ရမယ္လို႔လည္း သိရပါတယ္။ ပရိသတ္ႀကီးလည္း မင္းသား၃လက္ အားၿပိဳင္ေတာ့မယ့္ တေစၥေၾကာက္တဲ့စုန္းေက၀ ဇာတ္ကားႀကီးထြက္ရွိလာရင္လည္း အားေပးလိုက္ၾကပါအုန္းေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media

# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် ရဲတိုက် ၊မြင့်မြတ်နှင့် ရွှေထူးတို့ အပြိုင်သရုပ်ဆောင် တစ္စေကြောက်တဲ့စုန်းကေ၀ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်အတွင်း ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ တစ္စေကြောက်တဲ့စုန်းကဝေလို့ အမည်ရတဲ့ ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်ကရိုက်ကူးမှာပဲဖြစ်ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်များကတော့ ရဲတိုက် ၊ မြင့်မြတ်နဲ့ မင်းသမီး တစ်ဦး ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။

မင်းသား သုံးယောက်ပါဝင်ခြင်းနှင့်ပက်သက်၍လည်း ပရိသတ်အချစ်တော်မင်းသားများဖြစ်သည့် အပြင် ယခုလိုတွဲဖက် ပေးလိုက်ခြင်းကလည်း ပရိသတ်တွေရဲ့ အမြင်ဆန်းစေတယ်လို့ Myamar Media 7 မှ ကိုဝေမင်းမောင်ကပြောပြထားပါတယ်။ မင်းသားသုံးယောက်လုံး ဇာတ်လမ်းဇာတ်ကွက် အကုန် ညီတူညီမျှ သရုပ်ဆောင်ဆောင်ကြမှာ ဖြစ်တယ်လို့လည်း ဆက်လက် ပြောပြထားပါတယ်။

ဇာတ်လမ်း အမျိုးအစားကတော့ အချစ် Romanticပုံစံမျိုး ဖြစ်ပြီး ပါဝင်သရုပ်ဆောင်မည့် မင်းသမီးကိုတော့ မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။ ရွေးချယ်မည့်မင်းသမီးကိုတော့ ဇာတ်လမ်းနဲ့လိုက်ဖတ်ပြီး မင်းသားတွေနဲ့အတွဲညီညီသရုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်သွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် ထိုဇာတ်ကား ထဲတွင် မင်းသား ၃ယောက်ရဲ့ အားပြိုင်မှု ကို အဓိကမြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးလည်း မင်းသား၃လက် အားပြိုင်တော့မယ့် တစ္စေကြောက်တဲ့စုန်းကေ၀ ဇာတ်ကားကြီးထွက်ရှိလာရင်လည်း အားပေးလိုက်ကြပါအုန်းနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top