iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၉ ႏွစ္အ႐ြယ္ မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ႀကံစည္သည့္ အသက္ ၆၇ ႏွစ္အ႐ြယ္ အမ်ိဳးသားကို ဇန္နဝါရီလ ၅ ရက္ေန႔က အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးတြင္ တရားစြဲဆို တင္ပို႔ထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။

ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ေနထိုင္သူ အသက္ ၆၇ ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ၉ ရက္ ည ၁၀ နာရီခြဲခန္႔က ေနအိမ္ဧည့္ခန္းတြင္ အိပ္ေပ်ာ္ေနေသာ အသက္ ၉ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို သားမယားျပဳက်င့္ရန္ ႀကံစည္ခဲ့သည္ဟုဆိုကာ သားမယားျပဳက်င့္ရန္ ႀကံစည္ခံရသူ မိန္းကေလး၏မိခင္က တရားလို ျပဳလုပ္တိုင္ၾကားသျဖင့္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၆/ ၅၁၁ ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ၿပီး တရားစြဲဆို တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“သားမယား ျပဳက်င့္ရန္ ႀကံစည္မႈနဲ႔ တရားစြဲခံရသူက တရားလို မိန္းကေလးရဲ႕ ပေထြးပါ။ သူ႔မွာ မိန္းမလည္း ရွိတယ္၊ သားမယား ျပဳက်င့္ရန္ ႀကံစည္ခံရတဲ့ မိန္းကေလး မိသားစုနဲ႔အတူ တျခား မိသားစုေတြလည္း ရွိတယ္၊ ျဖစ္တဲ့ညက ေခါင္းရင္းအိမ္မွာေနတဲ့ အမ်ိဳးသမီးတစ္ဦးကေတြ႔ၿပီး တျခားအိမ္သားေတြကို ေျပာျပရာက သိခဲ့တာ”ဟု စစ္ေဆးေပၚေပါက္ခ်က္အရ ယင္းရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

သားမယားျပဳက်င့္ရန္ ႀကံစည္မႈျဖင့္ ယင္းအမ်ိဳးသားကို ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕မရဲစခန္းက ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ၁၁ ရက္ေန႔ နံနက္ပိုင္းတြင္ ဖမ္းဆီးၿပီး တရားစြဲဆို တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၆ ခုႏွစ္တြင္ မုဒိမ္းမႈ ၂၂၉ မႈျဖစ္ခဲ့ရာ ၂၀၁၇ ခုႏွစ္တြင္ မုဒိမ္းမႈ ၂၇၀ ျဖစ္ခဲ့ေၾကာင္း၊ ယင္းအမႈမ်ားတြင္ အသက္ ၁၆ ႏွစ္ေအာက္ ခိုးရာလိုက္ေျပးသျဖင့္ သားမယားျပဳက်င့္ခံရၿပီး တိုင္ၾကားမႈ ၁၁၆ မႈျဖစ္ခဲ့ေၾကာင္း၊ သက္ငယ္မုဒိမ္းမႈအေနျဖင့္ ၇၀ မႈျဖစ္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoice

#Unicode Version#
အသက် ၉ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသားကို ဇန်နဝါရီလ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်သူ အသက် ၆၇ နှစ်အရွယ် အမျိုးသားသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ည ၁၀ နာရီခွဲခန့်က နေအိမ်ဧည့်ခန်းတွင် အိပ်ပျော်နေသော အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုကာ သားမယားပြုကျင့်ရန် ကြံစည်ခံရသူ မိန်းကလေး၏မိခင်က တရားလို ပြုလုပ်တိုင်ကြားသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ပြီး တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သားမယား ပြုကျင့်ရန် ကြံစည်မှုနဲ့ တရားစွဲခံရသူက တရားလို မိန်းကလေးရဲ့ ပထွေးပါ။ သူ့မှာ မိန်းမလည်း ရှိတယ်၊ သားမယား ပြုကျင့်ရန် ကြံစည်ခံရတဲ့ မိန်းကလေး မိသားစုနဲ့အတူ တခြား မိသားစုတွေလည်း ရှိတယ်၊ ဖြစ်တဲ့ညက ခေါင်းရင်းအိမ်မှာနေတဲ့ အမျိုးသမီးတစ်ဦးကတွေ့ပြီး တခြားအိမ်သားတွေကို ပြောပြရာက သိခဲ့တာ”ဟု စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ယင်းအမျိုးသားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးပြီး တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှု ၂၂၉ မှုဖြစ်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု ၂၇၀ ဖြစ်ခဲ့ကြောင်း၊ ယင်းအမှုများတွင် အသက် ၁၆ နှစ်အောက် ခိုးရာလိုက်ပြေးသဖြင့် သားမယားပြုကျင့်ခံရပြီး တိုင်ကြားမှု ၁၁၆ မှုဖြစ်ခဲ့ကြောင်း၊ သက်ငယ်မုဒိမ်းမှုအနေဖြင့် ၇၀ မှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top