iMyanmarHouse.com - Best Property Website for Myanmar
×

“အနမ္းဝိုင္”ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ဇာတ္ညႊန္းနဲ႔ ဝတၳဳေရးသားသူ စာေရးဆရာမ ပုညခင္က ဒီလိုဝတၳဳမ်ိဳးဟာ ေနာက္ထပ္ ေရးဖို႔မလြယ္ကူေတာ့ဘဲ ေရးလည္းေရးျဖစ္ ေတာ့မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

“အနမ္းဝိုင္ ဝတၳဳကေတာ့ ၂၀၁၅ အေစာပိုင္းကာလေတြက ေရးခဲ့တဲ့ Romance ဝတၳဳေလးပါ။ ခုခ်ိန္မွာ ထပ္ေရးဖို႔မလြယ္ေတာ့တဲ့ ေနာက္လည္း ေရးျဖစ္မွာမဟုတ္ ေတာ့တဲ့ဝတၳဳမ်ိဳးပါ။ ကၽြန္မ ငယ္ႏုစဥ္ကာလ ၊တစ္ခုေသာ တန္ေဆာင္မုန္းလျပည့္ည ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲခင္းထဲက ညမီးက်ီး မီးပံုးပ်ံေပါက္ ကြဲခ်ိန္မွာရခဲ့တဲ့ အေတြးတစ္စကို အေျခခံၿပီး ေရးဖြဲ႕ျဖစ္ခဲ့တဲ့၊ေကာင္းကင္ျပာႀကီးရဲ႕ေအာက္ သိပ္လွတဲ့ စိမ္းျမျမ စပ်စ္ခင္းႀကီးထဲမွာ လမ္းေလွ်ာက္ရင္း အေတြးေတြရခဲ့တဲ့ ဝတၳဳပါ”လို႔ ဆရာမပုညခင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားတာျဖစ္ပါတယ္။

ဒါ့အျပင္ “အနမ္းဝိုင္”ရုပ္ရွင္ကိုသြားေရာက္ရိုက္ကူးခဲ့တဲ့  ရွမ္းျပည္နယ္၊ မဲနယ္ေတာင္ၾကားနဲ႔ ေက်ာကၠခ်ားအမည္ရွိ ပအို႔ဝ္ရြာအေၾကာင္းဟာ ဝတၳဳထဲမွာထည့္မေရးထားေပမယ့္ ကိုယ္တိုင္ကိုယ္က် သြားေရာက္ေလ့လာခဲ့တဲ့အတြက္ ဒီေဒသေတြရဲ႕အလွကို ပရိသတ္ေတြကိုပါျမင္ေတြ႕ေစခ်င္ တာေၾကာင့္ ဇာတ္ညႊန္းထပ္ျဖည့္ေရးသားၿပီး ရိုက္ကူးခဲ့တယ္လို႔လည္းသိရပါတယ္။

“႐ုပ္ရွင္႐ိုက္ခါနီး location သြားၾကည့္ခဲ့တဲ့ မဲနယ္ေတာင္ၾကားလမ္းနေဘးက သိပ္လွတဲ့ပအို႔ဝ္ ရြာေလးေတြဆီ ျပန္သြားခ်င္တဲ့စိတ္က ခုလို ေဆာင္းတြင္းမွာ ပိုၿပီး ႏိုးၾကားလာတယ္ ။ ေငြကုန္ေၾကး က်ခံၿပီး က်မ ႐ိုက္ေစခ်င္တဲ့ မဲနယ္ေတာင္ၾကားအလွ ၊ေက်ာကၠခ်ား ရြာေလးရဲ႕ အလွအပေတြကို သြား႐ိုက္ဖို႔ စီစဥ္ေပးခဲ့တဲ့ ပ႐ိုဂ်ဴဆာေတြ ကိုလည္း ေက်းဇူးတင္ပါတယ္ ။ ကၽြန္မကေတာ့ ကၽြန္မခ်စ္ တဲ့ႏိုင္ငံထဲက လွပတဲ့ေနရာ ေတြကို ဝတၳဳထဲမွာ ထည့္ေရးသလို ႐ုပ္ရွင္ထဲမွာလည္း႐ိုက္ျပေစ ခ်င္တယ္”လို႔ ဆရာမ ပုညခင္ကဆိုပါတယ္။

“အနမ္းဝိုင္”ရုပ္ရွင္ဇာတ္ကားႀကီးကို ဒါရိုက္တာေအာင္ျမတ္ကရိုက္ကူးထားၿပီး အဓိက ဇာတ္ေကာင္ေတြျဖစ္တဲ့ ေအာင္ရဲလင္း (မိုးသစ္ပင္)နဲ႔ ဝတ္မႈန္ေရႊရည္ (လရိပ္ေအး)အပါအဝင္  မင္းဦး၊ စိုးျမတ္သူဇာတို႔ကပါဝင္ သရုပ္ေဆာင္ထားၾကၿပီး လာမယ့္ ေဖေဖာ္ဝါရီ(ခ်စ္သူမ်ားေန႔)မတိုင္ခင္ ရုံတင္ျဖစ္ဖို႔မွန္းထားတယ္ လို႔လည္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
“အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းနဲ့ ဝတ္ထုရေးသားသူ စာရေးဆရာမ ပုညခင်က ဒီလိုဝတ္ထုမျိုးဟာ နောက်ထပ် ရေးဖို့မလွယ်ကူတော့ဘဲ ရေးလည်းရေးဖြစ် တော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“အနမ်းဝိုင် ဝတ္ထုကတော့ ၂၀၁၅ အစောပိုင်းကာလတွေက ရေးခဲ့တဲ့ Romance ဝတ္ထုလေးပါ။ ခုချိန်မှာ ထပ်ရေးဖို့မလွယ်တော့တဲ့ နောက်လည်း ရေးဖြစ်မှာမဟုတ် တော့တဲ့ဝတ္ထုမျိုးပါ။ ကျွန်မ ငယ်နုစဉ်ကာလ ၊တစ်ခုသော တန်ဆောင်မုန်းလပြည့်ည တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲက ညမီးကျီး မီးပုံးပျံပေါက် ကွဲချိန်မှာရခဲ့တဲ့ အတွေးတစ်စကို အခြေခံပြီး ရေးဖွဲ့ဖြစ်ခဲ့တဲ့၊ကောင်းကင်ပြာကြီးရဲ့အောက် သိပ်လှတဲ့ စိမ်းမြမြ စပျစ်ခင်းကြီးထဲမှာ လမ်းလျှောက်ရင်း အတွေးတွေရခဲ့တဲ့ ဝတ္ထုပါ”လို့ ဆရာမပုညခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် “အနမ်းဝိုင်”ရုပ်ရှင်ကိုသွားရောက်ရိုက်ကူးခဲ့တဲ့  ရှမ်းပြည်နယ်၊ မဲနယ်တောင်ကြားနဲ့ ကျောက္ကချားအမည်ရှိ ပအို့ဝ်ရွာအကြောင်းဟာ ဝတ္ထုထဲမှာထည့်မရေးထားပေမယ့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တဲ့အတွက် ဒီဒေသတွေရဲ့အလှကို ပရိသတ်တွေကိုပါမြင်တွေ့စေချင် တာကြောင့် ဇာတ်ညွှန်းထပ်ဖြည့်ရေးသားပြီး ရိုက်ကူးခဲ့တယ်လို့လည်းသိရပါတယ်။

“ရုပ်ရှင်ရိုက်ခါနီး location သွားကြည့်ခဲ့တဲ့ မဲနယ်တောင်ကြားလမ်းနဘေးက သိပ်လှတဲ့ပအို့ဝ် ရွာလေးတွေဆီ ပြန်သွားချင်တဲ့စိတ်က ခုလို ဆောင်းတွင်းမှာ ပိုပြီး နိုးကြားလာတယ် ။ ငွေကုန်ကြေး ကျခံပြီး ကျမ ရိုက်စေချင်တဲ့ မဲနယ်တောင်ကြားအလှ ၊ကျောက္ကချား ရွာလေးရဲ့ အလှအပတွေကို သွားရိုက်ဖို့ စီစဉ်ပေးခဲ့တဲ့ ပရိုဂျူဆာတွေ ကိုလည်း ကျေးဇူးတင်ပါတယ် ။ ကျွန်မကတော့ ကျွန်မချစ် တဲ့နိုင်ငံထဲက လှပတဲ့နေရာ တွေကို ဝတ္ထုထဲမှာ ထည့်ရေးသလို ရုပ်ရှင်ထဲမှာလည်းရိုက်ပြစေ ချင်တယ်”လို့ ဆရာမ ပုညခင်ကဆိုပါတယ်။

“အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအောင်မြတ်ကရိုက်ကူးထားပြီး အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အောင်ရဲလင်း (မိုးသစ်ပင်)နဲ့ ဝတ်မှုန်ရွှေရည် (လရိပ်အေး)အပါအဝင်  မင်းဦး၊ စိုးမြတ်သူဇာတို့ကပါဝင် သရုပ်ဆောင်ထားကြပြီး လာမယ့် ဖေဖော်ဝါရီ(ချစ်သူများနေ့)မတိုင်ခင် ရုံတင်ဖြစ်ဖို့မှန်းထားတယ် လို့လည်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top