စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

#ZawGyiျဖင့္ဖတ္ရန္ #

ေျမာက္ဦး အေရးအခင္းျပီးေနာက္ ေျပာင္းေရႊ႕ခံရသူ ယခင္ ေျမာက္ဦးျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း ဘိုဘိုမင္းသိုက္ ယေန႕ ညေနက လုပ္ၾကံသတ္ျဖတ္ခံရသည္မွာ ဟုတ္မွန္ေၾကာင္း ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ေဆြက နိရဥၥရာ သတင္းဌာနသုိ႕ အတည္ျပဳ ေျပာၾကားသည္။

” ေသဆံုးသြားတာ မွန္ပါတယ္။ ဒီကေန႕ ညေန ၅ နာရီခန္႕မွာ ပု႑ားကၽြန္းျမိဳ႕နယ္ သရက္ခ်ိဳေက်းရြာအနီး ကားလမ္းေပၚမွာ ကားနဲ႕သြားေနတုန္း လုပ္ၾကံခံရတာျဖစ္ပါတယ္။ ကားေပၚမွာ အတူပါလာတဲ့ လူသံုးဦးက လုပ္ၾကံျပီး ထြက္ေျပးသြားတယ္လို႕ သိရပါတယ္” ဟု ဦးတင္ေမာင္ေဆြက ေျပာၾကားသည္။

ယခုအခါ သတ္ျဖတ္သြားသူမ်ားကို အပူတျပင္း လိုက္လံျပီး ရဲက ရွာေဖြေနေၾကာင္း ေျပာၾကားသည္။

ဘိုဘိုမင္းသုိက္သည္ ေျမာက္ဦးျဖစ္စဥ္ ျဖစ္ပြားျပီးေနာက္ ခ်င္ခ်င္းဆိုသလို စစ္ေတြျမိဳ႕သို႕ လက္ေထာက္ ညႊန္မွဴး အျဖစ္ျဖင့္ ေျပာင္းေရႊ႕ခံခဲ့ရသည္။

” ေျမာက္ဦး ျဖစ္စဥ္နဲ႕ ဆက္စပ္သလားဆိုတာေတာ့ မေျပာႏိုင္ေသးဘူး။ အခု လူသတ္တရားခံေတြကို လိုက္လံ ဖမ္းဆီးေနတဲ့ အတြက္ ဘယ္လို ျဖစ္တယ္ဆိုတာ မေျပာႏိုင္ေသးပါဘူး” ဟု ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက ဆက္လက္ ေျပာၾကားသည္။

သူ၏ အေလာင္းကို ရဲကဆက္လက္ထိန္းသိမ္းထားသည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Narinjara
# Unicodeဖြင့်ဖတ်ရန် #

မြောက်ဦး အရေးအခင်းပြီးနောက် ပြောင်းရွှေ့ခံရသူ ယခင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် ယနေ့ ညနေက လုပ်ကြံသတ်ဖြတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

” သေဆုံးသွားတာ မှန်ပါတယ်။ ဒီကနေ့ ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ကားလမ်းပေါ်မှာ ကားနဲ့သွားနေတုန်း လုပ်ကြံခံရတာဖြစ်ပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ လူသုံးဦးက လုပ်ကြံပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

ယခုအခါ သတ်ဖြတ်သွားသူများကို အပူတပြင်း လိုက်လံပြီး ရဲက ရှာဖွေနေကြောင်း ပြောကြားသည်။

ဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချင်ချင်းဆိုသလို စစ်တွေမြို့သို့ လက်ထောက် ညွှန်မှူး အဖြစ်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

” မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်သလားဆိုတာတော့ မပြောနိုင်သေးဘူး။ အခု လူသတ်တရားခံတွေကို လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ဘယ်လို ဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

သူ၏ အလောင်းကို ရဲကဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top