န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသမီးမ်ားကို မဖြယ္​မရာျပဳလုပ္​သည္​ဟု လူမႈကြန္​ရက္​စာမ်က္​ႏွာတြင္​ ​ေကာလဟလ ျဖန္​႔​ေဝသူမ်ားကို ဆက္လက္​​တရားစြဲဆိုသြားမည္​ျဖစ္​​ေၾကာင္​း ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ​ေျပာသည္​။

အဆိုပါကိစၥႏွင္​့ပတ္​သက္​ၿပီးယ​ေန႔ ဇန္​နဝါရီလ ၃၁ ရက္​၊ နံနက္​ ၁ဝ နာရီ၊ ကမၻာ​ေအးဘုရားဝင္​းအတြင္​း႐ွိ ​​ေဗဒင္​ဆရာ​ေစာရန္​ႏိုင္​ဆိုင္​ခန္​းအတြင္​း ျပဳလုပ္သည့္ ​​​​သတင္​းစာ႐ွင္​းလင္​းပြဲတြင္​ ​ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ​ေျပာခဲ့ျခင္​းျဖစ္​သည္​။

” သူတို႔စြပ္​စြဲထားတဲ့ကိစၥ​ေတြက ကြၽန္​​ေတာ္​က ဟိုကိုင္​ဒီကိုင္​လုပ္​ပါတယ္​တဲ့။ ဟုတ္​ၿပီပဲထားဦး သူတို႔​ေအာ္​လို႔ရတယ္​၊ ​ေျပာလို႔ရတယ္​။ ​ေနာက္​ဆံုး​ေဂါပကကိုတိုင္​လို႔ရတယ္​။ ရဲစခန္​းမွာ အမႈဖြင္​့လို႔ရတယ္​။ အဲ့ဒီတုန္​းကမလုပ္​ဘဲနဲ႔ အခုမွထၿပီးလုပ္​တယ္​။ အဲ့ဒီ​ေတာ့ သူတို႔ကိုလည္​း ကြၽန္​​ေတာ္​က ျပန္​ၿပီးတရားစြဲဦးမယ္​”ဟု​ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက​ေျပာသည္​။

လက္​႐ွိတြင္​ အဆိုပါ ​ေကာလဟလျဖန္​႔​ေဝသူမ်ားကို တရားစြဲဆိုရန္​အတြက္​ ​ေ႐ွ႕​ေနထံလႊဲအပ္​ထားၿပီျဖစ္​​ေၾကာင္​းသိရသည္​။

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုမွာ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္း၊ ကိုးထပ္ႀကီး ဘုရားတြင္ ေဗဒင္ေဟာ ခန္း ဖြင့္ထားသူျဖစ္​ၿပီး ​ေဗဒင္​လာ​ေမးသည္​့ အမ်ိဳးသမီးမ်ားကို မဖြယ္​မရာျပဳလုပ္​​ခဲ့​ေၾကာင္​း အမ်ိဳးသမီးအမည္​ျဖင္​့ ​ေဖ့ဘုတ္​စ္​အ​ေကာင္​့အခ်ိဳ႕က လူမႈကြန္​ရက္​စာမ်က္​ႏွာတြင္​ ​ေရးသားတင္​ခဲ့ျခင္​းျဖစ္​သည္​။

ကိုးထပ္ႀကီးဘုရားရွိ ​ေဗဒင္ဆိုင္ခန္းမွာ လူအမ်ားျမင္​ႏိုင္​သည္​့ မွန္​အၾကည္​ျဖင္​့ကာထားျခင္​းျဖစ္​ၿပီး ​ေန႔စဥ္​ လူဦး​ေရ ၄ဝ ခန္​႔ ​ေဗဒင္​လာ​ေမးလ်က္​႐ွိ​ေၾကာင္​း၊ ၎အ​ေနျဖင္​့ အမ်ိဳးသမီးမ်ားကိုလည္​း မဖြယ္​မရာျပဳလုပ္​ခဲ့ျခင္​းမ႐ွိသည္​့အတြက္​ ဆက္လက္​​တရားစြဲဆိုသြားမည္​ျဖစ္​​ေၾကာင္​း ေဗဒင္ဆရာေအာင္ခ်စ္ပိုက ​ဆိုသည္​။

ထိုသို႔​လူမႈကြန္​ရက္​စာမ်က္​ႏွာတြင္​ ​ေရးသားတင္​မႈမ်ားႏွင္​့ပတ္​သက္​ၿပီး ​ “က်ြန္ေတာ့္ရဲ႕ ေအာင္ျမင္မႈ နာမည္ဂုဏ္သတင္းကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ တိုက္ခိုက္တာ”ဟု ေဗဒင္ဆရာေအာင္ခ်စ္ပိုက ေျပာသည္​။

ၿပီးခဲ့သည္​့ဇန္နဝါရီလ ၂၇ ရက္တြင္လည္း ေဗဒင္ဆရာေအာင္ခ်စ္ပိုက ​​Phyo Wai Win အေကာင့္ပိုင္ရွင္အား ဆက္သြယ္ေရးဥပေဒပုဒ္မ- ၆၆(ဃ)ျဖင့္ ​စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္ ​အမႈဖြင့္တိုင္ၾကားခဲ့သည္​။

အမႈဖြင့္တိုင္ၾကားခံရသည့္ ​Phyo Wai Win အေကာင့္ေပၚတြင္ “ေဗဒင္ေဟာတယ္ဆိုၿပီး မိန္းကေလးေတြကို ဟိုကိုင္ဒီကိုင္လုပ္တဲ့ ကိုးထပ္ႀကီးဘုရားက ေအာင္ခ်စ္ပို ေဗဒင္ခန္းအေၾကာင္း ဒါမ်ိဳးေတြက်ေတာ့ေရာ ၾကည့္ ေကာင္းေနၾကသလား “ဟု ​ေရးသား​ေဖာ္​ျပခဲ့ျခင္​းျဖစ္​သည္​။

အဆိုပါ Phyo Wai Win အေကာင့္အား အမႈဖြင္​့တိုင္​ၾကားထားျခင္​းႏွင္​့ပတ္​သက္​ၿပီး ​​ေက်နပ္သည့္အထိ​​တရားဝင္​ျပန္​​ေတာင္​းပန္​ပါက ​ေက်​ေအး​ေပးသြားမည္​ျဖစ္​​ေၾကာင္​း ေဗဒင္ဆရာေအာင္ခ်စ္ပို​ေျပာသည္။

” တရားဝင္​​ေတာင္​းပန္​ရင္​ရပါတယ္​။ ဘာျဖစ္​လို႔လည္​းဆို​ေတာ့ ကြၽန္​​ေတာ္​က ခ်စ္​ျခင္​း၊မုန္​းျခင္​းမွ မ႐ွိတာ။ ​ေနာက္​ၿပီး​ေတာ့ ပုဂၢိဳလ္​​ေရးအရလည္​း ဘာမွမရိွဘူး”ဟု ၎က ​ေျပာသည္​။

လက္​႐ွိတြင္​ေကခိုင္ျမင့္ျမတ္အေကာင့္ပိုင္ရွင္ကလည္း ေဗဒင္ဆရာေအာင္ခ်စ္ပိုအား စမ္းေခ်ာင္းရဲစခန္းတြင္ ​အမႈဖြင့္တိုင္ၾက​ားထားသည့္​အတြက္ ၎အ​​ေနျဖင္​့ရင္​ဆိုင္​သြားမည္​ျဖစ္​သည္​့အျပင္​ ျပန္​လည္​တရားစြဲဆိုသြားမည္​ျဖစ္​​ေၾကာင္​းသိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwinpyin

#Unicode Version#
အမျိုးသမီးများကို မဖွယ်မရာပြုလုပ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ကောလဟလ ဖြန့်ဝေသူများကို ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးယနေ့ ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၁ဝ နာရီ၊ ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဗေဒင်ဆရာစောရန်နိုင်ဆိုင်ခန်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောခဲ့ခြင်းဖြစ်သည်။

” သူတို့စွပ်စွဲထားတဲ့ကိစ္စတွေက ကျွန်တော်က ဟိုကိုင်ဒီကိုင်လုပ်ပါတယ်တဲ့။ ဟုတ်ပြီပဲထားဦး သူတို့အော်လို့ရတယ်၊ ပြောလို့ရတယ်။ နောက်ဆုံးဂေါပကကိုတိုင်လို့ရတယ်။ ရဲစခန်းမှာ အမှုဖွင့်လို့ရတယ်။ အဲ့ဒီတုန်းကမလုပ်ဘဲနဲ့ အခုမှထပြီးလုပ်တယ်။ အဲ့ဒီတော့ သူတို့ကိုလည်း ကျွန်တော်က ပြန်ပြီးတရားစွဲဦးမယ်”ဟု ဗေဒင်ဆရာ အောင်ချစ်ပိုကပြောသည်။

လက်ရှိတွင် အဆိုပါ ကောလဟလဖြန့်ဝေသူများကို တရားစွဲဆိုရန်အတွက် ရှေ့နေထံလွှဲအပ်ထားပြီဖြစ်ကြောင်းသိရသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီး ဘုရားတွင် ဗေဒင်ဟော ခန်း ဖွင့်ထားသူဖြစ်ပြီး ဗေဒင်လာမေးသည့် အမျိုးသမီးများကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးအမည်ဖြင့် ဖေ့ဘုတ်စ်အကောင့်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်ခဲ့ခြင်းဖြစ်သည်။

ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆိုင်ခန်းမှာ လူအများမြင်နိုင်သည့် မှန်အကြည်ဖြင့်ကာထားခြင်းဖြစ်ပြီး နေ့စဉ် လူဦးရေ ၄ဝ ခန့် ဗေဒင်လာမေးလျက်ရှိကြောင်း၊ ၎င်းအနေဖြင့် အမျိုးသမီးများကိုလည်း မဖွယ်မရာပြုလုပ်ခဲ့ခြင်းမရှိသည့်အတွက် ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဗေဒင်ဆရာအောင်ချစ်ပိုက ဆိုသည်။

ထိုသို့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတင်မှုများနှင့်ပတ်သက်ပြီး  “ကျွန်တော့်ရဲ့ အောင်မြင်မှု နာမည်ဂုဏ်သတင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ”ဟု ဗေဒင်ဆရာအောင်ချစ်ပိုက ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၂၇ ရက်တွင်လည်း ဗေဒင်ဆရာအောင်ချစ်ပိုက Phyo Wai Win အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုဖွင့်တိုင်ကြားခံရသည့် Phyo Wai Win အကောင့်ပေါ်တွင် “ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပို ဗေဒင်ခန်းအကြောင်း ဒါမျိုးတွေကျတော့ရော ကြည့် ကောင်းနေကြသလား “ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ Phyo Wai Win အကောင့်အား အမှုဖွင့်တိုင်ကြားထားခြင်းနှင့်ပတ်သက်ပြီး ကျေနပ်သည့်အထိတရားဝင်ပြန်တောင်းပန်ပါက ကျေအေးပေးသွားမည်ဖြစ်ကြောင်း ဗေဒင်ဆရာအောင်ချစ်ပိုပြောသည်။

” တရားဝင်တောင်းပန်ရင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ချစ်ခြင်း၊မုန်းခြင်းမှ မရှိတာ။ နောက်ပြီးတော့ ပုဂ္ဂိုလ်ရေးအရလည်း ဘာမှမရှိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်ကလည်း ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည့်အတွက် ၎င်းအနေဖြင့်ရင်ဆိုင်သွားမည်ဖြစ်သည့်အပြင် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top