လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ကုိလံဘီလံႏိုင္ငံသားတစ္ေယာက္ဟာ ညစ္ပတ္ေပေရေနတဲ႕ ေျမေအာက္မွာ သူနဲ႕ သူ႕ဇနီး၊ သူတို႕ေခြးေလး အတူေနဖုိ႕အတြက္ ေကာင္းေကာင္းမြန္မြန္ဖန္တီးထားႏိုင္ခဲ့ပါတယ္။

အိမ္သာစတဲ႕ စြန္႕ပစ္အညစ္အေညးေတြကေနထြက္ေပၚလာတဲ႕အနံ႕အသက္ေတြဟာ တကယ့္ကို အင္အားျပင္းတဲ႕ အေႏွာက္အယွက္ေတြျဖစ္ၿပီး ကမၻာတစ္လႊားမွာ အဆိုပါျပႆနာနဲ႕ရင္္ဆိုင္ေနရပါတယ္။
အံဖတ္ေတြ၊ ေရပုတ္နဲ႕ေတြ၊ ၾကက္ဥပုတ္န႕ံေတြ ၊ ဒီအနံ႕ အားလံုးဟာ ေရႏွဳတ္ေျမာင္းထဲမွာပဲ စုေဝးေရာက္ရွိလာၾကတာပါ။ ဒါ႕ေၾကာင့္လဲ ေရႏွဳတ္ေျမာင္းေတြ၊ အေပါက္ဖြင့္ထားတဲ႕ ေျမေအာက္က်င္းေတြနားမွာ ေနခ်င္တဲ႕လူမ်ားမ်ားစားစားမရွိတာပါ။ ဟုတ္ပါ့ဗ်ာ၊ ဒီလုိ အန႕ံအသက္မေကာင္းတဲ႕ ေရႏွဳတ္ေျမာင္းေတြထဲမွာ ေနဖုိ႕ဆိုတာေဝလာေဝးေပါ့။

သို႕ေသာ္လည္း ေနစရာအိမ္မရွိျခင္းက လူေတြကို ဒီလုိ စိတ္မသတီစရာ ေနရာမ်ိဳးမွာ ေနဖုိ႕တြန္းအားေပးခံေနရေပမယ့္ ဒါဟာ သူတို႕အတြက္ ေနစရာ “အိမ္” ျဖစ္ေနေသးတယ္ဆိုတာကို စံုတြဲတစ္တြဲက သက္ေသျပလုိက္ပါၿပီ။

မီဂြယ္ရက္စ္ထရာပိုဟာ ပ်က္စီးေနၿပီျဖစ္တဲ႕ ေျမေအာက္ပိုက္လိုင္းထဲမွာ သူ႕ခ်စ္ဇနီး၊ ေခြးကေလးနဲ႕ အတူေနလာၾကတာ အခုဆို ႏွစ္ေပါင္း ၂၂ ႏွစ္ေတာင္ရွိေနပါၿပီ။ အဆိုပါ ပိုက္လံုးေခါင္းကိုျပန္လည္ဆန္းသစ္ဖုိ႕ အဆိုပါ ၂၂ ႏွစ္အတြင္း သူတို႕ဘာေတြလုပ္ခဲ႕ရသလဲဆိုတာကလဲ တကယ့္ကို မယံုႏိုင္စရာပါပဲ။

မီဂြယ္ရဲ႕ဇနီးျဖစ္သူ မာရီယာ ဟာ အေႏြးဓာတ္ရေအာင္ မီးလင္းဖိုတစ္ခု၊ အေအးဓာတ္ရေအာင္ ေလပန္ကာတစ္ခုနဲ႕ အိပ္ယာတစ္ခုေတာင္ အဆိုပါ ေျမေအာက္ပိုက္လံုးေခါင္းထဲကို ထည့္ထားပါသတဲ႕။ ေနာက္ၿပီးပ်င္းတဲ႕အခါၾကည့္ရေအာင္ တီဗီ တစ္လံုးေတာင္ထည့္ထားလုိက္ပါေသးသတဲ႕။

အဆိုပါ ေျမေအာက္ပိုက္လံုးေခါင္းဟာ အက်ယ္ ၃ မီတာသာရွိၿပီး၊ အနက္ ၂ မီတာနဲ႕ အျမင့္က ၁.၄ မီတာသာရွိတာပါ။ သုိ႕ေပမယ့္ အဆိုပါေနရာေလးကေတာ့ သူတို႕အတြက္ နားခိုစရာေနရာနဲ႕ ျပန္လာစရာအိမ္အျဖစ္တည္ရွိလာတာ ဆယ္စုႏွစ္ ၂ ခုၾကာပါၿပီ။

မီဂြယ္နဲ႕သူ႕အမ်ိဳးသမီးတို႕ဟာ အိမ္ေျခယာမဲ႕ေတြျဖစ္ၿပီး ကိုလံဘီယာႏိုင္ငံ၊ မယ္ဒယ္လင္ၿမိဳ႕ကျဖစ္ပါတယ္။ ေဒသခံအစိုးရကေတာ့ သူတို႕ကိုအဆိုပါ ပိုက္လံုးေခါင္းထဲက ထြက္ခြါဖုိ႕ အခ်ိန္တိုင္းဖိအားေပးေနေပမယ့္ သူတုိ႕ကေတာ့ ပိုေနျမဲက်ားေနျမဲပါပဲ။ သတင္းတစ္ခ်ိဳ႕မွာေဖာ္ျပခ်က္အရေတာ့ မီဂြယ္ဟာ မူးယစ္ေဆးဝါးစြဲဖူးသူျဖစ္ၿပီး ေဆးစြဲမွဳေၾကာင့္သူပိုင္ဆိုင္သမွ်အားလံုးဆံုးရွဳံးသြားခဲ႕တာလုိ႕ဆိုပါတယ္။

မယ္ဒယ္လင္ၿမိဳ႕ဟာ ကိုလံဘီယာႏိုင္ငံမွာ ဒုတိယေျမာက္အၾကီးဆံုးၿမိဳ႕ျဖစ္ၿပီး
လူဦးေရ ၂.၇ သန္းရွိပါတယ္။ ဒါ႕အျပင္ အဆိုပါၿမိဳ႕ဟာ မူးယစ္ေဆးဝါးကူးသန္းေရာင္းဝယ္မွဳေတြေၾကာင့္လဲ နာမည္္ႀကီးပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( Myanmar Post )
#Unicode Version#
ကိုလံဘီလံနိုင်ငံသားတစ်ယောက်ဟာ ညစ်ပတ်ပေရေနေတဲ့ မြေအောက်မှာ သူနဲ့ သူ့ဇနီး၊ သူတို့ခွေးလေး အတူနေဖို့အတွက် ကောင်းကောင်းမွန်မွန်ဖန်တီးထားနိုင်ခဲ့ပါတယ်။

အိမ်သာစတဲ့ စွန့်ပစ်အညစ်အညေးတွေကနေထွက်ပေါ်လာတဲ့အနံ့အသက်တွေဟာ တကယ့်ကို အင်အားပြင်းတဲ့ အနှောက်အယှက်တွေဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ အဆိုပါပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။
အံဖတ်တွေ၊ ရေပုတ်နဲ့တွေ၊ ကြက်ဥပုတ်နံ့တွေ ၊ ဒီအနံ့ အားလုံးဟာ ရေနှုတ်မြောင်းထဲမှာပဲ စုဝေးရောက်ရှိလာကြတာပါ။ ဒါ့ကြောင့်လဲ ရေနှုတ်မြောင်းတွေ၊ အပေါက်ဖွင့်ထားတဲ့ မြေအောက်ကျင်းတွေနားမှာ နေချင်တဲ့လူများများစားစားမရှိတာပါ။ ဟုတ်ပါ့ဗျာ၊ ဒီလို အနံ့အသက်မကောင်းတဲ့ ရေနှုတ်မြောင်းတွေထဲမှာ နေဖို့ဆိုတာဝေလာဝေးပေါ့။

သို့သော်လည်း နေစရာအိမ်မရှိခြင်းက လူတွေကို ဒီလို စိတ်မသတီစရာ နေရာမျိုးမှာ နေဖို့တွန်းအားပေးခံနေရပေမယ့် ဒါဟာ သူတို့အတွက် နေစရာ “အိမ်” ဖြစ်နေသေးတယ်ဆိုတာကို စုံတွဲတစ်တွဲက သက်သေပြလိုက်ပါပြီ။

မီဂွယ်ရက်စ်ထရာပိုဟာ ပျက်စီးနေပြီဖြစ်တဲ့ မြေအောက်ပိုက်လိုင်းထဲမှာ သူ့ချစ်ဇနီး၊ ခွေးကလေးနဲ့ အတူနေလာကြတာ အခုဆို နှစ်ပေါင်း ၂၂ နှစ်တောင်ရှိနေပါပြီ။ အဆိုပါ ပိုက်လုံးခေါင်းကိုပြန်လည်ဆန်းသစ်ဖို့ အဆိုပါ ၂၂ နှစ်အတွင်း သူတို့ဘာတွေလုပ်ခဲ့ရသလဲဆိုတာကလဲ တကယ့်ကို မယုံနိုင်စရာပါပဲ။

မီဂွယ်ရဲ့ဇနီးဖြစ်သူ မာရီယာ ဟာ အနွေးဓာတ်ရအောင် မီးလင်းဖိုတစ်ခု၊ အအေးဓာတ်ရအောင် လေပန်ကာတစ်ခုနဲ့ အိပ်ယာတစ်ခုတောင် အဆိုပါ မြေအောက်ပိုက်လုံးခေါင်းထဲကို ထည့်ထားပါသတဲ့။ နောက်ပြီးပျင်းတဲ့အခါကြည့်ရအောင် တီဗီ တစ်လုံးတောင်ထည့်ထားလိုက်ပါသေးသတဲ့။

အဆိုပါ မြေအောက်ပိုက်လုံးခေါင်းဟာ အကျယ် ၃ မီတာသာရှိပြီး၊ အနက် ၂ မီတာနဲ့ အမြင့်က ၁.၄ မီတာသာရှိတာပါ။ သို့ပေမယ့် အဆိုပါနေရာလေးကတော့ သူတို့အတွက် နားခိုစရာနေရာနဲ့ ပြန်လာစရာအိမ်အဖြစ်တည်ရှိလာတာ ဆယ်စုနှစ် ၂ ခုကြာပါပြီ။

မီဂွယ်နဲ့သူ့အမျိုးသမီးတို့ဟာ အိမ်ခြေယာမဲ့တွေဖြစ်ပြီး ကိုလံဘီယာနိုင်ငံ၊ မယ်ဒယ်လင်မြို့ကဖြစ်ပါတယ်။ ဒေသခံအစိုးရကတော့ သူတို့ကိုအဆိုပါ ပိုက်လုံးခေါင်းထဲက ထွက်ခွါဖို့ အချိန်တိုင်းဖိအားပေးနေပေမယ့် သူတို့ကတော့ ပိုနေမြဲကျားနေမြဲပါပဲ။ သတင်းတစ်ချို့မှာဖော်ပြချက်အရတော့ မီဂွယ်ဟာ မူးယစ်ဆေးဝါးစွဲဖူးသူဖြစ်ပြီး ဆေးစွဲမှုကြောင့်သူပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးသွားခဲ့တာလို့ဆိုပါတယ်။

မယ်ဒယ်လင်မြို့ဟာ ကိုလံဘီယာနိုင်ငံမှာ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်ပြီး
လူဦးရေ ၂.၇ သန်းရှိပါတယ်။ ဒါ့အပြင် အဆိုပါမြို့ဟာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကြောင့်လဲ နာမည်ကြီးပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ( Myanmar Post )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top