ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×











Credit: ThitHtoolwin

# Unicode Version ဖြင့် ဖတ်ပါ #

အမျိုးသမီးတစ်ဦးဟာ နှာညှစ်တာ အားပြင်းပြင်းနဲ့ ညှစ်လိုက်လို့ မျက်စိကန်းလုနီးပါးဖြစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီအဖြစ်အပျက်ကတော့ ဗြိတိန်မှာ ဖြစ်ခဲ့တာပါ။

သူဟာ ဖြစ်ဖြစ်ချင်း Leicester Royal Infirmary ( နိုင်ငံတော် ကျန်းမာရေး ဝန်ဆောင်မှု ဆေးရုံ) ကို သွားရောက် ပြသခဲ့ပါတယ်။

အဲ့ဒီ့အချိန်မှာ သူမရဲ့မျက်လုံးက ပိတ်နေပြီး ဘာကိုမှ မမြင်ရခဲ့ပါဘူး။

သူဟာ ဆေးရုံမရောက်ခင် ၄နာရီက အားပြင်းပြင်းနဲ့ နှာညှစ်လိုက်တာဟာ မျက်လုံးပိတ်ပြီး ဂေါက်သီးလောက်အရွယ်ရှိတဲ့ မျက်အိမ်ကြီးဖြစ်လာပါတယ်။

ဒါကို မကုသဘဲထားမယ်ဆိုရင် မျက်လုံးကို သက်ရောက်ခဲ့တဲ့ ဖိအားကြောင့် မျက်လုံးအာရုံကြောတွေ ထိခိုက်ပျက်စီးသွားကာ မျက်မမြင်ဘဝနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

နှာခေါင်းတော့ ထိခိုက်မှုရှိလားဆိုတာကို မသိရသေးပါဘူး။

ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေအရ သူ့ရဲ့ အခြေအနေကို “Orbital emphysema” လို့ ခေါ်ပါတယ်။

မျက်လုံးတစ်ဝိုကင်က တစ်သျှူးပျော့တွေနေရာမှာ လေတည်သွားပြီး ဖောင်းလာကာ မျက်လုံးပိတ်သွားတာပါ။

သူ့ရဲ့ အံ့ဖွယ်ဖြစ်ရပ်ကို ဗြိတိန်ဆေးဂျာနယ် (BMJ) မှာ မှတ်တမ်းတင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ThitHtoolwin

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top