လှိုင်မြို့ နယ် MICT Park အနီး မဟာဆွေကွန်ဒို အထူးအရောင်းပြပွဲ
×

# ZawGyiဖြင့်ဖတ်ရန် #













Credit: cantwait2say

# Unicdeဖြင့်ဖတ်ရန် #
အာရှမှာ လိင်ပျော်ပါးမှုရှိရာ အများဆုံးမြို့တော်ဆိုရင် ကလကတ္တားဖြစ်ပါတယ်။အိန္ဒိယမြို့တော်ဖြစ်ပြီး လေးနှစ်တာ အတွင်း လိင်အလုပ်သမတွေနဲ့ လိင်ခန်းတွေ ပေါများခဲ့တာဖြစ်ပါတယ်။ဒါက ဗြိတိသျှအစိုးရလက်ချက်ဖြစ်ပြီး နီပေါ၊အိန္ဒိယနဲ့ ဘင်္ဂလားတွေများစွာ လိင်အလုပ်သမားတွေ လုပ်နေတာဖြစ်ပါတယ်။

Sonagachi ဆိုတာ ကလကတ္တားရဲ့ ဒုတိယနာမည်ဖြစ်ပြီး အဲ့မှာ ရှိတဲ့ ပြည်တန်ဆာတွေဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့တွေ ဖြစ်ပါတယ်။

Sonagachi မှာ လိင်အလုပ်သမားပေါင်း တသိန်းလောက် နေထိုင်ကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အရေအတွက်များပြီး နောက်ပိုင်းတိုးလာတဲ့ လူမျိုးတွေကတော့ Nepali, Rajasthani နဲ့ ‘Agrawali’ တို့ဖြစ်ပါတယ်။

Gazir Mazar ဆိုတဲ့ ဘာသာရေးခေါင်းဆောင်က ဒီနေရာကို အုပ်ချုပ်တာဖြစ်ပါတယ်။

တညတာပျော်ပါးမှုအတွက် ရူပီး 300 ကနေ 1 သိန်းအထိ ဈေးအစားစားရှိတာဖြစ်ပါတယ်။

ဒီမြို့က လူတွေအားလုံး လိင်အလုပ်သမားမဟုတ်ပေမယ့် မြို့က မိကောင်းဖခင် သမီးပျိုတွေကတော့ ဒီမြို့မှာ နေထိုင်တာမဟုတ်ပဲ မိဘတွေက အဝေးပို့တတ်ပါတယ်။

1992 ခုနှစ်မှာ စီးပွားရေး အကြပ်အတည်းကြောင့် လုပ်စားခဲ့ရာကနေ ဈေးကွက်တခုလို တစထက် တစ ပိုပိုပြီးး အင်အားကြီးလာတာဖြစ်ပါတယ်။ဒီအင်အားစုက တနိုင်ငံလုံးက လိင်အလုပ်သမားကွန်ယက်နဲ့ ပက်သက်မှုရှိပြီး သူတို့အားလုံးပေါင်းရင် 6 သိန်း 5 သောင်း လောက်ရှိပါတယ်။တကယ် ဒီမြို့မှာ နေတာ အရေအတွက်နည်းတယ်လို့တောင်ပြောလို့ရပါတယ်။

Born Into Broths: Calcutta Red Light Kids’ ဆိုတဲ့ ရုပ်ရှင်က ဒီမြို့လေးထဲနေထိုင်တဲ့ Brysky and Raf Kafman တို့ရဲ့ ဇာတ်လမ်းကို ရိုက်ခဲ့တာဖြစ်ပြီး 2004 ခုနှစ်မှာ အော်စကာဆုရခဲ့ပါတယ်။

ဒီဒေသမှာရှိတဲ့ လိင်အလုပ်သမားတွေ အခြားနေရာပြောင်းသွားရင်လဲ အလုပ်ရဖို့မခက်ပါဘူး။အကြောင်းကတော့ အဲ့ဒီက ဆရာကြီးတွေသာ မွေးထုတ်ပေးနေတာဖြစ်ပါတယ်။

အစိုးရ ထိန်းရခက်တဲ့ ဒီဒေသမှာ နောက်ဆုံးစည်းမျဉ်းအနေနဲ့ 1992 ခုနှစ်မှာ ကွန်ဒုံးသုံးဖို့သာ ကျန်းမာရေး အသိပေးခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ ဒီနေရာဟာ လိင်လုပ်ငန်းတွေ လုပ်ကိုင်မှုက နှစ် ရာချီကာရှိနေတာဖြစ်ပြီး 1880 ခုနှစ်မှာ စာရေးဆရာတစ်ယောက်ရဲ့ ဖော်ပြချက်တွေအရ တော်တော်ကို ဆိုးဝါးတဲ့ ကိစ္စတွေနဲ့ ရောထွေးနေပြီး ကေလးဈေးကွက်က ဒီမှာသီးသန့်ရှိတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top