ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမို႕ရွိ အမွတ္ (၂) အေျခခံပညာအထက္တန္းေက်ာင္းမွ ဆ႒မတန္းေက်ာင္းသား ၆ ဦးကို အတန္းပိုင္မဟုတ္သည့္ သခ်ၤာဘာသာရပ္ျပ ဆရာမတစ္ဦးမွ စာသင္ခန္းအတြင္ ဆံပင္ကို ကတ္ေၾကးျဖင့္ ထိုး ခဲ့ျခင္းအား မေက်နပ္သျဖင့္ တိုင္ၾကားသြားမည္ျဖစ္သည္ဟု ေက်ာင္းသားမိဘတစ္ဦးက ကေမၻာဇတုိင္းသို႔ ေျပာၾကား ခဲ့သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဆံပင္အား ကတ္ေၾကးျဖင့္ ထိုးညႇပ္ခဲ့သည့္ ဆ႒မတန္း သခ်ၤာဘာသာရပ္ျပ ဆရာမ ေဒၚသီတာဆိုသူမွ ေက်ာင္းအုပ္ႀကီး႐ံုးခန္းတြင္ ေျဖၾကားရွင္လင္းမည္ဟု ေျပာဆိုခဲ့သည္။

“ဇန္န၀ါရီ ၇ ရက္၊ တနဂၤေႏြေန႔ကမွ သိရတာျဖစ္ပါတယ္။ ကေလးက သိပ္ေၾကာက္ေနေတာ့ မနည္းေခ်ာ့ေမးခဲ့ရ ပါတယ္။ အခုလို ဆံပင္ကို ပံုပ်က္ပန္းပ်က္ျဖစ္ေအာင္ ကပ္ေၾကးနဲ႔ ထိုးညႇပ္ခဲ့တဲ့ ဆရာမက ဒီတစ္ႀကိမ္တည္း မဟုတ္ဘဲ အႀကိမ္မ်ားေနၿပီလို႔ သိထားရပါတယ္။ ကေလးမွာ ေက်ာင္းစည္းကမ္း လိုက္နာေဆာင္ရြက္ဖို႔ ပ်က္ကြက္ ခဲ့တယ္ဆိုရင္ေတာင္ ဆရာစိတ္နဲ႔ သားသမီးလို သေဘာထားဆံုးမေပးမယ္ဆိုရင္ လက္ခံပါတယ္”ဟု ေက်ာင္းသား မိဘတစ္ဦးမွ ကေမၻာဇတုိင္းသို႔ ေျပာၾကားခဲ့သည္။

ေက်ာင္းသားမ်ား၏ ပညာသင္ယူဆဲကာလတြင္ ယခုကဲ့သို႔ အျပဳအမူမ်ားေၾကာင့္ စိတ္ဒဏ္ရာ ရရွိႏုိင္ေၾကာင္း ၎မွ ဆက္လက္ေျပာၾကားခဲ့သည္။

က်ိဳင္းတံုၿမိဳ႕၊ အမွတ္ (၂) အေျခခံပညာအထက္တန္းေက်ာင္းတြင္ သခ်ၤာဘာသာရပ္ဆရာမအျဖစ္ တာ၀န္ ထမ္းေဆာင္ေနသည့္ ေဒၚသီတာက ယခင္က က်ိဳင္းတံုခ႐ိုင္အတြင္းရွိ တံုတာၿမိဳ႕၊ ပန္တာေလ၊ မိုင္းပ်ဥ္းၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားတြင္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးၿပီး ေက်ာင္းသားမိဘမ်ားႏွင့္ က်ဴရွင္ခအပါအ၀င္ ေငြေၾကးေကာက္ခံမႈမ်ားေၾကာင့္ ေျဖရွင္းေပးခဲ့ရသည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးသည္ဟု သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ကေမၻာဇတုိင္း သတင္းဂ်ာနယ္မွ က်ိဳင္းတံုအေျခခံပညာအလယ္တန္းေက်ာင္း၊ ေက်ာင္းအုပ္ႀကီး၊ တာ၀န္ခံလက္ေထာက္ အတန္းပိုင္ဆရာမတို႔အား ေတြ႕ဆံုလိုေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးႏွင့္ ခ႐ိုင္ပညာေရးမွဴးမ်ားထံသို႔ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းခဲ့ ေသာ္လည္း ေတြ႕ဆံုခြင့္ မရရွိခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kanbawza Tai News
ထက္တုိင္းေက်ာ္၊ ကေမၻာဇတုိင္း

# Unicode Version ျဖင့္ ဖတ္ပါ #
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသား ၆ ဦးကို အတန်းပိုင်မဟုတ်သည့် သင်္ချာဘာသာရပ်ပြ ဆရာမတစ်ဦးမှ စာသင်ခန်းအတွင် ဆံပင်ကို ကတ်ကြေးဖြင့် ထိုး ခဲ့ခြင်းအား မကျေနပ်သဖြင့် တိုင်ကြားသွားမည်ဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆံပင်အား ကတ်ကြေးဖြင့် ထိုးညှပ်ခဲ့သည့် ဆဋ္ဌမတန်း သင်္ချာဘာသာရပ်ပြ ဆရာမ ဒေါ်သီတာဆိုသူမှ ကျောင်းအုပ်ကြီးရုံးခန်းတွင် ဖြေကြားရှင်လင်းမည်ဟု ပြောဆိုခဲ့သည်။

“ဇန်နဝါရီ ၇ ရက်၊ တနင်္ဂနွေနေ့ကမှ သိရတာဖြစ်ပါတယ်။ ကလေးက သိပ်ကြောက်နေတော့ မနည်းချော့မေးခဲ့ရ ပါတယ်။ အခုလို ဆံပင်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် ကပ်ကြေးနဲ့ ထိုးညှပ်ခဲ့တဲ့ ဆရာမက ဒီတစ်ကြိမ်တည်း မဟုတ်ဘဲ အကြိမ်များနေပြီလို့ သိထားရပါတယ်။ ကလေးမှာ ကျောင်းစည်းကမ်း လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တယ်ဆိုရင်တောင် ဆရာစိတ်နဲ့ သားသမီးလို သဘောထားဆုံးမပေးမယ်ဆိုရင် လက်ခံပါတယ်”ဟု ကျောင်းသား မိဘတစ်ဦးမှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။

ကျောင်းသားများ၏ ပညာသင်ယူဆဲကာလတွင် ယခုကဲ့သို့ အပြုအမူများကြောင့် စိတ်ဒဏ်ရာ ရရှိနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

ကျိုင်းတုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် သင်္ချာဘာသာရပ်ဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒေါ်သီတာက ယခင်က ကျိုင်းတုံခရိုင်အတွင်းရှိ တုံတာမြို့၊ ပန်တာလေ၊ မိုင်းပျဉ်းမြို့ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကျောင်းသားမိဘများနှင့် ကျူရှင်ခအပါအဝင် ငွေကြေးကောက်ခံမှုများကြောင့် ဖြေရှင်းပေးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်း သတင်းဂျာနယ်မှ ကျိုင်းတုံအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ တာဝန်ခံလက်ထောက် အတန်းပိုင်ဆရာမတို့အား တွေ့ဆုံလိုကြောင်း မြို့နယ်ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူးများထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kanbawza Tai News
ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top