န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

1-ေကာင္းစြာတန္ဆာဆင္အပ္ေသာ
   နတ္သမီးရွစ္ေသာင္း ေျခာက္ေထာင္တို႕
   ညအခါ နံက္အခါတို႕၌ဆည္းကပ္ခစားခံရျခင္း

   (ဒကာမမ်ားကသာႀကာပန္းလွဴႀကတာဆိုေတာ့
    နတ္သားျဖစ္ျပီးခစားတာျဖစ္နိုင္သလို/နတ္မိဖုရား
    ႀကီးျဖစ္ခါ ခစားခံရတာလဲျဖစ္နိုင္ပါည္။ဤကား
    အက်ြန္ဳပ္၏အယူအဆေပတည္း)

2-လူ႕ဘဝေရာက္ေသာအခါ ခ်မ္းသာႀကြယ္ဝသူျဖစ္၍
    စည္းစိမ္ဥစၥာမ်ားဆုတ္ယုတ္မွဳ႕မရွိျခင္း

3-ႀကာစြယ္လွဴသည့္အခ်ိန္မွစ၍  ကမ႓ာတစ္သိန္း
    ဒုဂၢတိဘဝသို႕မေရာက္ျခင္း

4-ေနာက္ဆုံးဘဝ၌ ကိေလသာကုန္ခမ္းရဟႏၱာျဖစ္ျခင္း
(အပ!၂။၁၇၈။)(အပ!ျမန္!၂။ ၁၇၂။)

(နိဗၺာန္ရည္မွန္း လွဴဒါန္းသူသာရဟႏၱာျဖစ္နိုင္ )

နတ္သမီးအျခံအရံ အေရအတြက္ အတိအက်ပါတဲ႕
ထူးျခားတဲ႔ သုတ္ မို႕  ဒကာဒကာမေတြ အားက်ေစ
ပါေတာ့ဆိုတဲ႕ ေစတနာလဲ ပါပါတယ္

ဒကာႀကီးေတြလဲ လွဴတတ္ရင္ရပါတယ္
မလွဴတတ္ရင္လဲ လွဴမဲ႔ဒကာမေတြကိုခူးေပး
လိုက္ေပါ့ ။ ဒါေပမဲ႕…

ေက်းေတာသူေတြအတြက္ပါ
ေက်းေတာသူေတြသာ ႀကာပန္းခ်ိဳးလွဴတတ္ေသာ
အေလ့အထရွိတာမို႕ပါ။

ျမိဳ႕ႀကီးသူေတြကိုေတာ့ လွဴျဖစ္လိမ့္မည္
လွဴခ်င္စိတ္ပင္လာလိမ့္မည္ ထင္မထားပါ ။

ႀကာပန္းတစ္ေထာင္လွဴဒါန္းျခင္းသည္
ေနာင္ပြင့္ေတာ္မူမည့္ ေမေတၱယ်ဘုရားရွင္နွင့္
ေတြ႕ဆုံဖူးေမ်ွာ္ရန္ အေႀကာင္းတစ္ပါးေပတည္း။

ေက်ာင္းမွာကထိန္အဝင္ေန႕ပါ။ စိတ္ရွဳပ္တဲ႕အႀကားက
ေရးသားရတဲ႔  တိုနွံ႕ ႏွံ႕ အေရးသားမို႕ ခြင့္လြတ္ပါ။

လူတိုင္းသတိမထားမိတဲ႕အက်ိဳးေပးေလးမို႕
သိေစခ်င္တဲ႔စိတ္ ျပင္းျပလာလို႕ ေရးရျခင္းပါ။

အာခံတြင္းက ႀကာညိုနံ႕သင္းတာ မပါေသး ။

(ဥဴဇင္းေက်ာင္းအနီးမွ မီွခိုေနေသာ ႀကာကန္ႀကီးပါ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဇဝန ( မေကြး )

# Unicode Version ျဖင့္ ဖတ္ပါ #
1-ကောင်းစွာတန်ဆာဆင်အပ်သော
   နတ်သမီးရှစ်သောင်း ခြောက်ထောင်တို့
   ညအခါ နံက်အခါတို့၌ဆည်းကပ်ခစားခံရခြင်း

   (ဒကာမများကသာကြာပန်းလှူကြတာဆိုတော့
    နတ်သားဖြစ်ပြီးခစားတာဖြစ်နိုင်သလို/နတ်မိဖုရား
    ကြီးဖြစ်ခါ ခစားခံရတာလဲဖြစ်နိုင်ပါည်။ဤကား
    အကျွန်ုပ်၏အယူအဆပေတည်း)

2-လူ့ဘဝရောက်သောအခါ ချမ်းသာကြွယ်ဝသူဖြစ်၍
    စည်းစိမ်ဥစ္စာများဆုတ်ယုတ်မှု့မရှိခြင်း

3-ကြာစွယ်လှူသည့်အချိန်မှစ၍  ကမ္ဘာတစ်သိန်း
    ဒုဂ္ဂတိဘဝသို့မရောက်ခြင်း

4-နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်းရဟန္တာဖြစ်ခြင်း
(အပ!၂။၁၇၈။)(အပ!မြန်!၂။ ၁၇၂။)

(နိဗ္ဗာန်ရည်မှန်း လှူဒါန်းသူသာရဟန္တာဖြစ်နိုင် )

နတ်သမီးအခြံအရံ အရေအတွက် အတိအကျပါတဲ့
ထူးခြားတဲ့ သုတ် မို့  ဒကာဒကာမတွေ အားကျစေ
ပါတော့ဆိုတဲ့ စေတနာလဲ ပါပါတယ်

ဒကာကြီးတွေလဲ လှူတတ်ရင်ရပါတယ်
မလှူတတ်ရင်လဲ လှူမဲ့ဒကာမတွေကိုခူးပေး
လိုက်ပေါ့ ။ ဒါပေမဲ့…

ကျေးတောသူတွေအတွက်ပါ
ကျေးတောသူတွေသာ ကြာပန်းချိုးလှူတတ်သော
အလေ့အထရှိတာမို့ပါ။

မြို့ကြီးသူတွေကိုတော့ လှူဖြစ်လိမ့်မည်
လှူချင်စိတ်ပင်လာလိမ့်မည် ထင်မထားပါ ။

ကြာပန်းတစ်ထောင်လှူဒါန်းခြင်းသည်
နောင်ပွင့်တော်မူမည့် မေတ္တေယျဘုရားရှင်နှင့်
တွေ့ဆုံဖူးမျှော်ရန် အကြောင်းတစ်ပါးပေတည်း။

ကျောင်းမှာကထိန်အဝင်နေ့ပါ။ စိတ်ရှုပ်တဲ့အကြားက
ရေးသားရတဲ့  တိုနှံ့ နှံ့ အရေးသားမို့ ခွင့်လွတ်ပါ။

လူတိုင်းသတိမထားမိတဲ့အကျိုးပေးလေးမို့
သိစေချင်တဲ့စိတ် ပြင်းပြလာလို့ ရေးရခြင်းပါ။

အာခံတွင်းက ကြာညိုနံ့သင်းတာ မပါသေး ။

(ဥူဇင်းကျောင်းအနီးမှ မှီခိုနေသော ကြာကန်ကြီးပါ)

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဇဝန ( မကွေး )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top