လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ေက်းရြာသုသာန္တြင္ အေလာင္းမ်ား ေတြ႕ရွိမႈႏွင့္ပတ္သက္၍ အင္းဒင္ေက်းရြာေန ေက်ာင္းဆရာတစ္ဦးကို ၿမိဳ႕နယ္ တရား႐ံုး၌ တရားစြဲဆိုထားေၾကာင္း အမႈလိုက္ပါေဆာင္ရြက္ေပးေနသည့္ အထက္ တန္းေရွ႕ေန ဦးခင္ဝင္းက ေျပာၾကားသည္။

အဆုိပါ ေက်ာင္းဆရာသည္ ၿပီးခဲ့သည့္ ဩဂုတ္က ဘဂၤါလီလူ မ်ိဳးမ်ား ဖမ္းဆီးသတ္ျဖတ္ခံရ သည့္ အင္းဒင္ေက်းရြာေဒသခံ ဦးေမာင္နီ၏သားျဖစ္ေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။

ယင္းေက်ာင္းဆရာကို ၿပီးခဲ့ သည့္ ဇန္နဝါရီလဆန္းက လူ သတ္မႈပုဒ္မ ၃၀၂/၃၄ ျဖင့္ တရား စြဲဆိုထားေၾကာင္း ဦးခင္ဝင္းက ဆုိသည္။

‘‘တရားစြဲထားတာ မွန္ပါ တယ္။ ကြၽန္ေတာ္ ေရွ႕ေနလိုက္ ေပးေနပါတယ္။ ဘယ္သူဘယ္ဝါ မွန္းမသိတဲ့ ႐ုပ္အေလာင္းေတြ ေတြ႕ရွိမႈနဲ႔ ဖမ္းဆီးထားတာပါ။ တရားဥပေဒအရ ေခ်ပသြားပါ မယ္’’ဟု ဦးခင္ဝင္းက ေျပာသည္။

ေမာင္ေတာၿမိဳ႕နယ္ အင္း ဒင္ေက်းရြာသုသာန္တြင္ ဦးေခါင္း ခြံ ၁၀ လံုးႏွင့္ အ႐ိုးစုမ်ားကို အ မည္မသိသူ သတင္းေပးခ်က္အရ ဟုဆိုကာ ဒီဇင္ဘာ ၁၉ ရက္၌ သက္ဆုိင္ရာက တူးေဖာ္ေတြ႕ရွိခဲ့ သည္။

အင္းဒင္ေက်းရြာသုသာန္၌ ေတြ႕ရွိခဲ့ေသာ ႐ုပ္အေလာင္း ၁၀ ေလာင္းသည္ ဘဂၤါလီအၾကမ္း ဖက္သမားမ်ား၏ ႐ုပ္အေလာင္း မ်ားျဖစ္ၿပီး လံုၿခံဳေရးတပ္ဖြဲ႕ဝင္ မ်ားႏွင့္ ရြာသားအခ်ိဳ႕က သတ္ ျဖတ္ခဲ့သည္ဟု စစ္ေဆးေတြ႕ရွိ ေၾကာင္း တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္႐ံုးက ဇန္နဝါရီ ၁၀ ရက္က သတင္းထုတ္ျပန္သည္။ ထုတ္ျပန္ခ်က္တြင္ ဖမ္းမိထားသည့္ ဘဂၤါလီအၾကမ္းဖက္သမား မ်ားကို ဦးေမာင္နီ၏ သားႏွစ္ဦးႏွင့္အျခားရြာသားတစ္ဦးက ဓားျဖင့္ခုတ္ခဲ့ၿပီး လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေလး ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ ခတ္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

တရားစြဲဆိုထားသည့္ ေက်ာင္းဆရာကို အင္းဒင္ေက်း ရြာမွ ႐ုပ္အေလာင္းမ်ား တူးေဖာ္ မည့္ ဒီဇင္ဘာ ၁၇ ရက္က စစ္ ဘက္ေရးရာ လံုၿခံဳေရးတပ္ဖြဲ႕ (စရဖ)ႏွင့္ ရဲတပ္ဖြဲ႕က လာေရာက္ ဖမ္းဆီးခဲ့သည္။ ထို႔အျပင္ ရြာသား ႏွစ္ဦးႏွင့္ ေနာက္ထပ္ေက်ာင္း ဆရာတစ္ဦးကို ဖမ္းဆီးစစ္ေဆး ခဲ့ၿပီး ေက်ာင္းဆရာတစ္ဦးႏွင့္ ရြာ သားႏွစ္ဦးကို ဇန္နဝါရီ ၅ ရက္ တြင္ ျပန္လႊတ္ေပးခဲ့သည္။

အင္းဒင္ေက်းရြာ ျဖစ္စဥ္ တြင္ ပါဝင္ခဲ့ေသာ ရြာသားအခ်ိဳ႕ ႏွင့္ ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္း မ်ား (Rules of Engagement) ကို ခ်ိဳးေဖာက္ခဲ့ေသာ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္မည္ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ ျပထားသည္။

ထုိ႔အျပင္ အဆုိပါျဖစ္ရပ္ကို အထက္ဌာနအဆင့္ဆင့္သို႔ တင္ ျပျခင္းမရွိသျဖင့္ ျဖစ္စဥ္တြင္ တိုက္႐ိုက္ပါဝင္ပတ္သက္မႈမရွိေသာ္ လည္း ကြပ္ကဲရန္ တာဝန္ရွိသူမ်ား ကို ေဖာ္ထုတ္အေရးယူေဆာင္ ရြက္မည္ဟု ဆုိသည္။

ေမာင္ေတာၿမိဳ႕နယ္ အင္း ဒင္ေက်းရြာ သတ္ျဖတ္မႈကို တပ္မေတာ္က စိစစ္အေရးယူမည္ဟု ဆုိျခင္းႏွင့္ပတ္သက္၍ ႏုိင္ငံအ တြက္ ေျခလွမ္းသစ္တစ္ခု ေရွ႕သို႔ လွမ္းလိုက္ျခင္းဟုျမင္ေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်တွင် အလောင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ အင်းဒင်ကျေးရွာနေ ကျောင်းဆရာတစ်ဦးကို မြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက် တန်းရှေ့နေ ဦးခင်ဝင်းက ပြောကြားသည်။

အဆိုပါ ကျောင်းဆရာသည် ပြီးခဲ့သည့် ဩဂုတ်က ဘင်္ဂါလီလူ မျိုးများ ဖမ်းဆီးသတ်ဖြတ်ခံရ သည့် အင်းဒင်ကျေးရွာဒေသခံ ဦးမောင်နီ၏သားဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယင်းကျောင်းဆရာကို ပြီးခဲ့ သည့် ဇန်နဝါရီလဆန်းက လူ သတ်မှုပုဒ်မ ၃၀၂/၃၄ ဖြင့် တရား စွဲဆိုထားကြောင်း ဦးခင်ဝင်းက ဆိုသည်။

‘‘တရားစွဲထားတာ မှန်ပါ တယ်။ ကျွန်တော် ရှေ့နေလိုက် ပေးနေပါတယ်။ ဘယ်သူဘယ်ဝါ မှန်းမသိတဲ့ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ ဖမ်းဆီးထားတာပါ။ တရားဥပဒေအရ ချေပသွားပါ မယ်’’ဟု ဦးခင်ဝင်းက ပြောသည်။

မောင်တောမြို့နယ် အင်း ဒင်ကျေးရွာသုသာန်တွင် ဦးခေါင်း ခွံ ၁၀ လုံးနှင့် အရိုးစုများကို အ မည်မသိသူ သတင်းပေးချက်အရ ဟုဆိုကာ ဒီဇင်ဘာ ၁၉ ရက်၌ သက်ဆိုင်ရာက တူးဖော်တွေ့ရှိခဲ့ သည်။

အင်းဒင်ကျေးရွာသုသာန်၌ တွေ့ရှိခဲ့သော ရုပ်အလောင်း ၁၀ လောင်းသည် ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ ရုပ်အလောင်း များဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရွာသားအချို့က သတ် ဖြတ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၀ ရက်က သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ဖမ်းမိထားသည့် ဘင်္ဂါလီအကြမ်းဖက်သမား များကို ဦးမောင်နီ၏ သားနှစ်ဦးနှင့်အခြားရွာသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်လေး ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရားစွဲဆိုထားသည့် ကျောင်းဆရာကို အင်းဒင်ကျေး ရွာမှ ရုပ်အလောင်းများ တူးဖော် မည့် ဒီဇင်ဘာ ၁၇ ရက်က စစ် ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့သည်။ ထို့အပြင် ရွာသား နှစ်ဦးနှင့် နောက်ထပ်ကျောင်း ဆရာတစ်ဦးကို ဖမ်းဆီးစစ်ဆေး ခဲ့ပြီး ကျောင်းဆရာတစ်ဦးနှင့် ရွာ သားနှစ်ဦးကို ဇန်နဝါရီ ၅ ရက် တွင် ပြန်လွှတ်ပေးခဲ့သည်။

အင်းဒင်ကျေးရွာ ဖြစ်စဉ် တွင် ပါဝင်ခဲ့သော ရွာသားအချို့ နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း များ (Rules of Engagement) ကို ချိုးဖောက်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြထားသည်။

ထို့အပြင် အဆိုပါဖြစ်ရပ်ကို အထက်ဌာနအဆင့်ဆင့်သို့ တင် ပြခြင်းမရှိသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသော် လည်း ကွပ်ကဲရန် တာဝန်ရှိသူများ ကို ဖော်ထုတ်အရေးယူဆောင် ရွက်မည်ဟု ဆိုသည်။

မောင်တောမြို့နယ် အင်း ဒင်ကျေးရွာ သတ်ဖြတ်မှုကို တပ်မတော်က စိစစ်အရေးယူမည်ဟု ဆိုခြင်းနှင့်ပတ်သက်၍ နိုင်ငံအ တွက် ခြေလှမ်းသစ်တစ်ခု ရှေ့သို့ လှမ်းလိုက်ခြင်းဟုမြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top