AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ စဥ့္ကူးၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၏ ကားျဖင့္တိုက္မိသျဖင္႔ တစ္ဦး ေသဆံုးခဲ့သည္။

စဥ့္ကူးၿမိဳ႕နယ္ မႇ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာေဇာ္ဝင္းျမင့္သည္ လြတ္လပ္ေရးေန႔အခမ္းအနားတက္ရန္ သြားေရာက္စဥ္ မင္းႀကီးကုန္းေက်းရြာအနီး၌ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။

“ၾကံခုတ္သြားတဲ့ ဆိုင္ကယ္သံုးစီးနဲ႔ျဖစ္တာ ။ အဲ့ဒီနားက ေရ ခ်ဳိင့္ႀကီးတစ္ခုရွိတယ္ ။ သူတို႔ကလည္း ႐ုတ္တရက္ေပၚလာတယ္ ။ သူ႔တို႔အခ်င္းခ်င္းခ်ိတ္မိၿပီး ကြ်န္ေတာ့ကား ဘယ္ဘက္ဘန္ဘာနဲ႔ တိုက္မိသြားတာ ။ ေနာက္က ျပဳတ္က်ေနတဲ့သူ ေသတာ ။လူေသသြားတာျဖစ္တဲ့အတြက္ ဥပေဒအတိုင္းပဲ ဆက္လက္ေဆာင္ရြက္သြားမွာပါ ။” ဟု စဥ့္ကူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဇာ္ဝင္းျမင့္ က ေျပာသည္။

ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူ တစ္ဦးကို စဥ့္ကူးေဆးရံုမွ မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးကို လႊဲခဲ့ေၾကာင္း သိရသည္။

“ဥပေဒအတိုင္းမဟုတ္ရင္ ေထာက္လာၾကမယ့္ အဖြဲ႕အစည္းေတြကရွိေနေတာ့ သူ႔အတြက္မေကာင္းႏိုင္ဘူး ။ ေၾကေအးရင္ေတာင္မွ NLD အမတ္ကိုယ္တိုင္က ဥပေဒမေလးစားဘူးဆိုၿပီး ေျပာလာၾကမယ္ ။” ဟု စဥ့္ကူးၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးစိန္ထြန္း က ေျပာသည္ ။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စစ္ေဆးမႈမ်ားေဆာင္ရြက္စဲျဖစ္သည့္အတြက္ အမႈဖြင့္ထားျခင္းမရွိေသးေၾကာင္း စဥ့္ကူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ က သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကားဖြင့်တိုက်မိသဖြင့် တစ်ဦး သေဆုံးခဲ့သည်။

စဉ့်ကူးမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်ဝင်းမြင့်သည် လွတ်လပ်ရေးနေ့အခမ်းအနားတက်ရန် သွားရောက်စဉ် မင်းကြီးကုန်းကျေးရွာအနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

“ကြံခုတ်သွားတဲ့ ဆိုင်ကယ်သုံးစီးနဲ့ဖြစ်တာ ။ အဲ့ဒီနားက ရေ ချိုင့်ကြီးတစ်ခုရှိတယ် ။ သူတို့ကလည်း ရုတ်တရက်ပေါ်လာတယ် ။ သူ့တို့အချင်းချင်းချိတ်မိပြီး ကျွန်တော့ကား ဘယ်ဘက်ဘန်ဘာနဲ့ တိုက်မိသွားတာ ။ နောက်က ပြုတ်ကျနေတဲ့သူ သေတာ ။လူသေသွားတာဖြစ်တဲ့အတွက် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ ။” ဟု စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့် က ပြောသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို စဉ့်ကူးဆေးရုံမှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လွှဲခဲ့ကြောင်း သိရသည်။

“ဥပဒေအတိုင်းမဟုတ်ရင် ထောက်လာကြမယ့် အဖွဲ့အစည်းတွေကရှိနေတော့ သူ့အတွက်မကောင်းနိုင်ဘူး ။ ကြေအေးရင်တောင်မှ NLD အမတ်ကိုယ်တိုင်က ဥပဒေမလေးစားဘူးဆိုပြီး ပြောလာကြမယ် ။” ဟု စဉ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးစိန်ထွန်း က ပြောသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးမှုများဆောင်ရွက်စဲဖြစ်သည့်အတွက် အမှုဖွင့်ထားခြင်းမရှိသေးကြောင်း စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့ က သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top