iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာပလာဇာတြင္ ျပဳလုပ္သည့္ MMA ၿပိဳင္ပြဲအႀကိဳကစားသမားေတြ႕ဆုံပြဲ၌ ေအာင္လအန္ဆန္ သ႐ုပ္ျပေနစဥ္ (ဓာတ္ပံု − ေရႊဘုတ္)

MMA လိုက္ဟဲဗီးဝိတ္ ကမၻာ့ခ်န္ပီယံလုပြဲတြင္ ၿပိဳင္ ဘက္ ဘရာဇီးႏိုင္ငံသား အလက္ ဇႏၵား မာခ်ာဒိုကို သုံးခ်ီအတြင္း အလဲထိုးႏိုင္မည္ဟု ယုံၾကည္ ေၾကာင္း ေအာင္လအန္ဆန္က ေျပာၾကားသည္။

ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားအားကစား ႐ံု (၁) သုဝဏၰ၌ က်င္းပမည့္ MMA (One Championship) ၿပိဳင္ပြဲ တြင္ အဓိကပြဲစဥ္အျဖစ္ MMA မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ႏွင့္ ဘရာဇီး ႏိုင္ငံသား အလက္ဇႏၵားမာခ်ာဒို တုိ႔ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

‘‘ကြၽန္ေတာ့္ရဲ႕ တိုက္ခိုက္မႈ ကို မာခ်ာဒို ငါးခ်ီအထိ ခံႏိုင္မယ္ မထင္ပါဘူး။ သုံးခ်ီအတြင္း အလဲ  ထိုးႏိုင္မယ္လို႔ ယုံၾကည္တယ္။ မာခ်ာဒိုက ဂ်ဴဂ်စ္ဆု အရမ္းေကာင္းတဲ့အတြက္ ခ်ဳပ္ကြက္နဲ႔ႏိုင္ဖို႔ မေမွ်ာ္မွန္းထားဘူး။ Stand fight နည္းနဲ႔ ႏိုင္ဖို႔နည္းျပေတြနဲ႔လည္း ၿပိဳင္ပြဲပုံစံ ေလ့က်င့္ထားပါတယ္’’ ဟု ေအာင္လအန္ဆန္က ဆို သည္။

မာခ်ာဒိုသည္ ဂ်ဴဂ်စ္ဆု တိုက္ခိုက္နည္းတြင္ ခါးပတ္နက္ ရရွိထားသည့္ MMA ကစားသမား ျဖစ္ၿပီး ၂၀၁၆ ေနာက္ဆုံးပြဲတြင္ ဂါလာနီကို ဒုတိယအခ်ီအတြင္း အႏိုင္ရရွိထားသည္။

ထုိဘရာဇီးႏိုင္ငံသားသည္ MMA ၿပိဳင္ပြဲတစ္ေလွ်ာက္ ၁၀ ပြဲ ကစား၊ ရွစ္ပြဲႏုိင္၊ ႏွစ္ပြဲ႐ႈံးထား သည္။

MMA လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံဆုကို မူလက အ သက္ (၃၆)ႏွစ္ရွိ ဘရာဇီးႏုိင္ငံ သား ေရာ္ဂ်ာကေရ႕စ္က ရရွိထား ေသာ္လည္း လက္ရွိတြင္ အသက္ အရြယ္ေၾကာင့္ MMA ကစားသ မားဘဝမွ အနားယူခဲ့သည္။

ထို႔ေၾကာင့္ လစ္လပ္ေန သည့္ MMA လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံဆုအတြက္ ေအာင္လအန္ဆန္ႏွင့္ အလက္ဇႏၵားမာခ်ာဒိုတုိ႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ လက္ရွိတြင္ MMA မစ္ဒယ္ဝိတ္ တန္း ခ်န္ပီယံခါးပတ္ ရရွိထားသျဖင့္ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီ ယံခါးပတ္ရရွိပါက ပထမဦးဆုံး ခ်န္ပီယံခါးပတ္   ႏွစ္ခုရရွိသည့္ MMA ကစားသမားျဖစ္လာမည္ျဖစ္သည္။

ကခ်င္တုိင္းရင္းသား ေအာင္ လအန္ဆန္သည္ MMA ၿပိဳင္ပြဲ တစ္ေလွ်ာက္ ၃၁ ပြဲ ယွဥ္ၿပိဳင္ထား ၿပီး ၂၁ ပြဲႏိုင္၊ ၁၀ ပြဲ႐ႈံးနိမ့္ထား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day

#Unicode Version#
မြန်မာပလာဇာတွင် ပြုလုပ်သည့် MMA ပြိုင်ပွဲအကြိုကစားသမားတွေ့ဆုံပွဲ၌ အောင်လအန်ဆန် သရုပ်ပြနေစဉ် (ဓာတ်ပုံ − ရွှေဘုတ်)

MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပြိုင် ဘက် ဘရာဇီးနိုင်ငံသား အလက် ဇန္ဒား မာချာဒိုကို သုံးချီအတွင်း အလဲထိုးနိုင်မည်ဟု ယုံကြည် ကြောင်း အောင်လအန်ဆန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည့် MMA (One Championship) ပြိုင်ပွဲ တွင် အဓိကပွဲစဉ်အဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒားမာချာဒို တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ကျွန်တော့်ရဲ့ တိုက်ခိုက်မှု ကို မာချာဒို ငါးချီအထိ ခံနိုင်မယ် မထင်ပါဘူး။ သုံးချီအတွင်း အလဲ  ထိုးနိုင်မယ်လို့ ယုံကြည်တယ်။ မာချာဒိုက ဂျူဂျစ်ဆု အရမ်းကောင်းတဲ့အတွက် ချုပ်ကွက်နဲ့နိုင်ဖို့ မမျှော်မှန်းထားဘူး။ Stand fight နည်းနဲ့ နိုင်ဖို့နည်းပြတွေနဲ့လည်း ပြိုင်ပွဲပုံစံ လေ့ကျင့်ထားပါတယ်’’ ဟု အောင်လအန်ဆန်က ဆို သည်။

မာချာဒိုသည် ဂျူဂျစ်ဆု တိုက်ခိုက်နည်းတွင် ခါးပတ်နက် ရရှိထားသည့် MMA ကစားသမား ဖြစ်ပြီး ၂၀၁၆ နောက်ဆုံးပွဲတွင် ဂါလာနီကို ဒုတိယအချီအတွင်း အနိုင်ရရှိထားသည်။

ထိုဘရာဇီးနိုင်ငံသားသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၀ ပွဲ ကစား၊ ရှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထား သည်။

MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို မူလက အ သက် (၃၆)နှစ်ရှိ ဘရာဇီးနိုင်ငံ သား ရော်ဂျာကရေ့စ်က ရရှိထား သော်လည်း လက်ရှိတွင် အသက် အရွယ်ကြောင့် MMA ကစားသ မားဘဝမှ အနားယူခဲ့သည်။

ထို့ကြောင့် လစ်လပ်နေ သည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အောင်လအန်ဆန်နှင့် အလက်ဇန္ဒားမာချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် လက်ရှိတွင် MMA မစ်ဒယ်ဝိတ် တန်း ချန်ပီယံခါးပတ် ရရှိထားသဖြင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီ ယံခါးပတ်ရရှိပါက ပထမဦးဆုံး ချန်ပီယံခါးပတ်   နှစ်ခုရရှိသည့် MMA ကစားသမားဖြစ်လာမည်ဖြစ်သည်။

ကချင်တိုင်းရင်းသား အောင် လအန်ဆန်သည် MMA ပြိုင်ပွဲ တစ်လျှောက် ၃၁ ပွဲ ယှဉ်ပြိုင်ထား ပြီး ၂၁ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထား သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top