ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ျဗိတိန္နုိင္ငံက ဓာတ္ပုံဆရာေလး Dan O’Donnell က ျမန္မာနိုင္ငံအတြင္းပိုင္း ေဝးလံေခါင္ဖ်ားေနရာေတြက လူမ်ိဳးစုေတြ သဘာဝအလွေတြကို သြားေရာက္ေလ့လာျပီး မွတ္္တမ္းတင္ဓာတ္ပံုအေျမာက္အမ်ား ရိုက္ကူးခဲ့ပါတယ္။ Dan က ျမန္မာနိုင္ငံရဲ႕ နိုင္ငံေရးပဋိပကၡေတြကို မ်က္ကြယ္ျပဳလို႔ ျငိမ္းခ်မ္းတိတ္ဆိတ္တဲ့ ေဒသေတြဆီကို ခရီးဆန္႔ျပီး ရိုးသားျဖဴစင္တဲ့ ေဒသခံျပည္သူေတြရဲ႕ ေအးခ်မ္းတဲ့ေမတၱာအရိပ္မွာ ခဏတာခိုလံႈခဲ့တယ္လုိ႔ဆုိပါတယ္။

ေတြ႔ၾကံဳရသမ်ွေတြထဲမွာ ဓာတ္ပံုဆရာေလးရဲ႕စိတ္နွလံုးကိုအဖမ္းစားဆုံးအရာကေတာ့ ေတာင္တန္းေဒသေတြေပၚက ပေလာင္၊ရွမ္း လူမ်ိဳးစုေလးေတြနဲ႔ မ်က္နွာမွာေနရာမလပ္ေဆးမင္ေၾကာင္ထိုးထားတဲ့ ခ်င္းအမ်ိဳးသမီးၾကီးေတြပါပဲတဲ့။

ကမၻာအရပ္ရပ္ကို ေျခဆန္႔ဖူးတဲ့ ဓာတ္ပံုဆရာေလးက “က်ြန္ေတာ္သြားဖူးသမ်ွနို္င္ငံေတြထဲမွာ ျမန္မာက အေဖာ္ေရြဆံုးလို႔ေျပာရမယ္။ ေနာက္ျပီး လမ္းပမ္းဆက္သြယ္ေရးအခက္အခဲေတြနဲ႔ ေဝးလံေခါင္သီမႈေၾကာင့္ က်ြန္ေတာ္သာ ျမန္မာနုိင္ငံကိုမေရာက္ခဲ့ရင္ အဲဒီက အေတြ႔အၾကံဳေတြကိို ဘယ္ကမွ ရရွိနိုင္မယ္မဟုတ္္ဘူး” လို႔ ျဗိတိန္နို္င္ငံရဲ႕ Dailymail သတင္းစာတိုက္ကိုေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ ဓာတ္ပံုလက္ရာေတြအေၾကာင္းေဆြးေႏြးၾကတဲ့အခါမွာေတာ့ ဓာတ္္ပံုဆရာေလးက သူ႔ဓာတ္ပံုေတြထဲက ပေလာင္လူမ်ိဳးေတြနဲ႔ ရွမ္္းလူမ်ိဳးေတြအေၾကာင္းကုိခုလိုရွင္းျပခဲ့ပါတယ္။

“ပေလာင္ေတြက ျမန္မာနုိင္ငံရဲ႕ ေရွးအက်ဆံုးမ်ိဳးႏြယ္စုေတြထဲမွာ တစ္ခုအပါအဝင္ပါ။သူတို႔စုိက္တဲ့ လက္ဖက္ကို လူသိမ်ားၾကပါတယ္။ လက္ဖက္က အနာေရာဂါေတြကုိလည္း ေပ်ာက္ကင္းေစတယ္ခင္ဗ်။ အျခားလူမ်ိဳးစုေတြနဲ႔မတူတာက ပေလာင္ေတြက ေရာင္စံုက​တၱီပါအေႏြးထည္ေတြနဲ႔ လံုခ်ည္ကုိခါးပတ္ေတြနဲ႔ဝတ္တာပါပဲ။ ရွမ္းလူမ်ိဳးေတြကိုေလ့လာၾကည့္တဲ့အခါမွာ ဟုိးအရင္တုန္းကနဲအခုနဲ႔ သိပ္အမ်ားၾကီးတိုးတက္ေျပာင္းလဲလာတာမေတြ႔ရဘူး။ လူမ်ိဳးစုအလိုက္ ရြာငယ္ေလးေတြနဲ႔ေနၾကတယ္။စပါးနည္းနည္းနဲ႔ ရာသီေပၚအသီးအနွံေတြစိုက္ပ်ိဳးၾကတယ္ေပါ့။”

ဓာတ္ပံုဆရာေလးက သူ မွတ္တမ္္းတင္ရို္က္ကူးခဲ့တဲ့ ခ်င္းအမ်ိဳးသမီးၾကီးေတြအေၾကာင္းကိုေတာ့

“ပါးစပ္ရာဇဝင္ေတြအရေတာ့ ေရွးေခတ္က ျမန္မာဘုရင္ေတြက တိုင္းခန္းလွည့္လည္တဲ့အခါ ခ်င္းအမ်ိဳးသမီးေတြကို လွပမႈေၾကာင့္ေတာ္ေကာက္တာေတြရွိတယ္။ေတာ္ေကာက္ခံလိုက္ရရင္ ဘုရင့္အလုပ္အေက်ြးျဖစ္သြားျပီေပါ့၊ကိုယ့္သေဘာနဲ႔ကိုယ္ေနထုိင္စားေသာက္ခြင့္မရွိေတာ့ဘူး။ ဒါေၾကာင့္
ေတာ္ေကာက္မခံရေအာင္ မ်က္နွာေတြကို သစ္ခက္ေတြနဲ႔ဖ်က္ဆီးပစ္ၾကတယ္၊ သစ္ရြက္ေတြသစ္ဖုေတြကအေရာင္ေတြ ယူျခယ္ပစ္တယ္။ခ်င္းအမ်ိဳးသမီးေတြ မ်က္နွာမွာ ေဆးမင္ေၾကာင္ေတြထိုးၾကတယ္ဆုိတာ ဒီလိုေနာက္ခံရာဇဝင္ရွိပါတယ္။ ခုေခတ္ေတာ့ ဘယ္ကမွ ေတာ္ေကာက္မယ့္ ဘုရင္မရွိေတာ့လို႔ ဘယ္သူမွ ေဆးမင္ေၾကာင္မထိုးၾကေတာ့ပါဘူး။ အဖြားေတြမ်က္နွာေတြမွာပဲ ေဆးမင္ေၾကာင္ေတြက်န္ေနခဲ့တာေပါ့၊မၾကာခင္မွာ ဒီဓေလ့ဟာ တိမ္္ေကာပေပ်ာက္သြားမယ္ထင္ရတာပါပဲ”လို႔ေျပာျပခဲ့ပါတယ္။


အသက္ 26 နွစ္ရွိျပီျဖစ္တဲ့ ဓာတ္ပံုဆရာေလးက ျမန္မာနို္င္ငံ ေတာင္တန္းေဒသေတြမွာ သူေနထုိင္ခဲ့တဲ့ ေန႔ရက္ေတြအေၾကာင္း စျမံဳ႕ျပန္ေျပာၾကားရင္း ျပန္္ေျပာင္းသတိရေနပါေသးတယ္။

” က်ြန္ေတာ့္အေနနဲ႔ သူတို႔ိကုိ ဒီလို ဓာတ္ပံုေတြရိုက္ခြင့္ရဖုိ႔ သူတို႔နဲ႔ဒိုးတူေဘာင္ဖက္ေနထုိင္ျဖစ္ခဲ့ပါတယ္။ သူတို႔ရဲ႕ေဆြမိ်ဳးသားခ်င္းလို သူတို႔ထဲကတစ္ေယာက္ဆိုတဲ့ခံစားမႈမ်ိဳးက က်ြန္ေတာ့္ ဓာတ္ပံုေတြကို သက္ဝင္လႈပ္ရွားေစခဲ့တယ္။ သူတို႔က က်ြန္ေတာ့္ကို သူတို႔ အိမ္ေတြကိုဖိတ္တယ္။ အရသာရွိတဲ့ ထူးဆန္းအံ့ၾသဖြယ္ ရိုးရာအစားအေသာက္ေတြေက်ြးေမြးဧည့္ခံတယ္။ အိပ္စရာေနရာလည္းေပးၾကတယ္။ က်ြန္ေတာ္ တည္းခိုေနထုိင္ခဲ့တဲ့ ရြာေလးက လူတစ္ေယာက္ခ်င္းစီတိုင္းနဲ႔ က်ြန္ေတာ့္ၾကားမွာေႏြးေထြးတဲ့ဆက္ဆံေရးရွိခဲ့ပါတယ္။ တခ်ိဳ႕ဆို က်ြန္္ေတာ့္ ကိုသူတုိ႔ ဘဝအေၾကာင္းေတြတတ္သမ်ွမွတ္သမ်ွေျပာျပၾကတယ္။ ပြဲလမ္းသဘင္ေတြမွာ ရြာက လူေတြၾကားထဲ ဝင္ျပီးကခဲ့ရတာလည္း လွပတဲ့အမွတ္တရေတြပါပဲ။

က်ြန္ေတာ္ ဘာသာစကားအသစ္ေတြသင္ယူခြင့္ရတယ္၊ မစားဖူးတာေတြျမည္းစမ္းခြင့္ရသလို ဘယ္တုန္းကမွ မသိခဲ့မၾကားခဲ့ရတဲ့ ဗဟုသုတေတြလည္း ရင္နဲ႔အျပည့္ ၾကားသိခြင့္ရခဲ့ပါတယ္။” လို႔ ဓာတ္ပံုဆရာေလးက ေအာက္ေမ့တသစြာေျပာၾကားခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: buzzy

# Unicode Version ျဖင့္ ဖတ္ပါ #
ဗြိတိန်နိုင်ငံက ဓာတ်ပုံဆရာလေး Dan O’Donnell က မြန်မာနိုင်ငံအတွင်းပိုင်း ဝေးလံခေါင်ဖျားနေရာတွေက လူမျိုးစုတွေ သဘာဝအလှတွေကို သွားရောက်လေ့လာပြီး မှတ်တမ်းတင်ဓာတ်ပုံအမြောက်အများ ရိုက်ကူးခဲ့ပါတယ်။ Dan က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကို မျက်ကွယ်ပြုလို့ ငြိမ်းချမ်းတိတ်ဆိတ်တဲ့ ဒေသတွေဆီကို ခရီးဆန့်ပြီး ရိုးသားဖြူစင်တဲ့ ဒေသခံပြည်သူတွေရဲ့ အေးချမ်းတဲ့မေတ္တာအရိပ်မှာ ခဏတာခိုလှုံခဲ့တယ်လို့ဆိုပါတယ်။

တွေ့ကြုံရသမျှတွေထဲမှာ ဓာတ်ပုံဆရာလေးရဲ့စိတ်နှလုံးကိုအဖမ်းစားဆုံးအရာကတော့ တောင်တန်းဒေသတွေပေါ်က ပလောင်၊ရှမ်း လူမျိုးစုလေးတွေနဲ့ မျက်နှာမှာနေရာမလပ်ဆေးမင်ကြောင်ထိုးထားတဲ့ ချင်းအမျိုးသမီးကြီးတွေပါပဲတဲ့။

ကမ္ဘာအရပ်ရပ်ကို ခြေဆန့်ဖူးတဲ့ ဓာတ်ပုံဆရာလေးက “ကျွန်တော်သွားဖူးသမျှနိုင်ငံတွေထဲမှာ မြန်မာက အဖော်ရွေဆုံးလို့ပြောရမယ်။ နောက်ပြီး လမ်းပမ်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ဝေးလံခေါင်သီမှုကြောင့် ကျွန်တော်သာ မြန်မာနိုင်ငံကိုမရောက်ခဲ့ရင် အဲဒီက အတွေ့အကြုံတွေကို ဘယ်ကမှ ရရှိနိုင်မယ်မဟုတ်ဘူး” လို့ ဗြိတိန်နိုင်ငံရဲ့ Dailymail သတင်းစာတိုက်ကိုပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ဓာတ်ပုံလက်ရာတွေအကြောင်းဆွေးနွေးကြတဲ့အခါမှာတော့ ဓာတ်ပုံဆရာလေးက သူ့ဓာတ်ပုံတွေထဲက ပလောင်လူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေအကြောင်းကိုခုလိုရှင်းပြခဲ့ပါတယ်။

“ပလောင်တွေက မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးမျိုးနွယ်စုတွေထဲမှာ တစ်ခုအပါအဝင်ပါ။သူတို့စိုက်တဲ့ လက်ဖက်ကို လူသိများကြပါတယ်။ လက်ဖက်က အနာရောဂါတွေကိုလည်း ပျောက်ကင်းစေတယ်ခင်ဗျ။ အခြားလူမျိုးစုတွေနဲ့မတူတာက ပလောင်တွေက ရောင်စုံကတ္တီပါအနွေးထည်တွေနဲ့ လုံချည်ကိုခါးပတ်တွေနဲ့ဝတ်တာပါပဲ။ ရှမ်းလူမျိုးတွေကိုလေ့လာကြည့်တဲ့အခါမှာ ဟိုးအရင်တုန်းကနဲအခုနဲ့ သိပ်အများကြီးတိုးတက်ပြောင်းလဲလာတာမတွေ့ရဘူး။ လူမျိုးစုအလိုက် ရွာငယ်လေးတွေနဲ့နေကြတယ်။စပါးနည်းနည်းနဲ့ ရာသီပေါ်အသီးအနှံတွေစိုက်ပျိုးကြတယ်ပေါ့။”

ဓာတ်ပုံဆရာလေးက သူ မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ချင်းအမျိုးသမီးကြီးတွေအကြောင်းကိုတော့

“ပါးစပ်ရာဇဝင်တွေအရတော့ ရှေးခေတ်က မြန်မာဘုရင်တွေက တိုင်းခန်းလှည့်လည်တဲ့အခါ ချင်းအမျိုးသမီးတွေကို လှပမှုကြောင့်တော်ကောက်တာတွေရှိတယ်။တော်ကောက်ခံလိုက်ရရင် ဘုရင့်အလုပ်အကျွေးဖြစ်သွားပြီပေါ့၊ကိုယ့်သဘောနဲ့ကိုယ်နေထိုင်စားသောက်ခွင့်မရှိတော့ဘူး။ ဒါကြောင့် တော်ကောက်မခံရအောင် မျက်နှာတွေကို သစ်ခက်တွေနဲ့ဖျက်ဆီးပစ်ကြတယ်၊သစ်ရွက်တွေသစ်ဖုတွေကအရောင်တွေ ယူခြယ်ပစ်တယ်။ချင်းအမျိုးသမီးတွေ မျက်နှာမှာ ဆေးမင်ကြောင်တွေထိုးကြတယ်ဆိုတာ ဒီလိုနောက်ခံရာဇဝင်ရှိပါတယ်။ ခုခေတ်တော့ ဘယ်ကမှ တော်ကောက်မယ့် ဘုရင်မရှိတော့လို့ ဘယ်သူမှ ဆေးမင်ကြောင်မထိုးကြတော့ပါဘူး။ အဖွားတွေမျက်နှာတွေမှာပဲ ဆေးမင်ကြောင်တွေကျန်နေခဲ့တာပေါ့၊မကြာခင်မှာ ဒီဓလေ့ဟာ တိမ်ကောပပျောက်သွားမယ်ထင်ရတာပါပဲ”လို့ပြောပြခဲ့ပါတယ်။

အသက် 26 နှစ်ရှိပြီဖြစ်တဲ့ ဓာတ်ပုံဆရာလေးက မြန်မာနိုင်ငံ တောင်တန်းဒေသတွေမှာ သူနေထိုင်ခဲ့တဲ့ နေ့ရက်တွေအကြောင်း စမြုံ့ပြန်ပြောကြားရင်း ပြန်ပြောင်းသတိရနေပါသေးတယ်။

” ကျွန်တော့်အနေနဲ့ သူတို့ိကို ဒီလို ဓာတ်ပုံတွေရိုက်ခွင့်ရဖို့ သူတို့နဲ့ဒိုးတူဘောင်ဖက်နေထိုင်ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ဆွေမျိုးသားချင်းလို သူတို့ထဲကတစ်ယောက်ဆိုတဲ့ခံစားမှုမျိုးက ကျွန်တော့် ဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားစေခဲ့တယ်။ သူတို့က ကျွန်တော့်ကို သူတို့ အိမ်တွေကိုဖိတ်တယ်။ အရသာရှိတဲ့ ထူးဆန်းအံ့သြဖွယ် ရိုးရာအစားအသောက်တွေကျွေးမွေးဧည့်ခံတယ်။ အိပ်စရာနေရာလည်းပေးကြတယ်။ ကျွန်တော် တည်းခိုနေထိုင်ခဲ့တဲ့ ရွာလေးက လူတစ်ယောက်ချင်းစီတိုင်းနဲ့ ကျွန်တော့်ကြားမှာနွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ တချို့ဆို ကျွန်တော့် ကိုသူတို့ ဘဝအကြောင်းတွေတတ်သမျှမှတ်သမျှပြောပြကြတယ်။ ပွဲလမ်းသဘင်တွေမှာ ရွာက လူတွေကြားထဲ ဝင်ပြီးကခဲ့ရတာလည်း လှပတဲ့အမှတ်တရတွေပါပဲ။

ကျွန်တော် ဘာသာစကားအသစ်တွေသင်ယူခွင့်ရတယ်၊ မစားဖူးတာတွေမြည်းစမ်းခွင့်ရသလို ဘယ်တုန်းကမှ မသိခဲ့မကြားခဲ့ရတဲ့ ဗဟုသုတတွေလည်း ရင်နဲ့အပြည့် ကြားသိခွင့်ရခဲ့ပါတယ်။” လို့ ဓာတ်ပုံဆရာလေးက အောက်မေ့တသစွာပြောကြားခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top