iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ျဖင့္ဖတ္ရန္ #

တ႐ုတ္ႏိုင္ငံမွာ ထူးထူးျခားျခား ေျမေအာက္ကမၻာမွာေနထိုင္ၾကတဲ့ ေရွးေဟာင္းၿမိဳ႕တၿမိဳ႕ကို ဒ႐ုန္း႐ုိက္ခ်က္တခုမွတဆင့္ ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ ေမရာသတင္းမွာ ဇန္နဝါရီ ၂၄ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒီၿမိဳ႕ေဟာင္းဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄ ေထာင္ေလာက္က ေျမေအာက္ကမၻာမွာ ေနထိုင္ခဲ့ၾကတဲ့ လူ႔အဖြဲ႔အစည္းတရပ္ကို ျပသေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟီနန္ခ႐ုိင္တြင္းမွာ ေတြ႔ခဲ့ရတဲ့ ေျမေအာက္ၿမိဳ႕ေဟာင္းထဲမွာ အိမ္ေျခအေဆာက္အအံု ၁ ေသာင္းေလာက္ရွိေနၿပီး လူဦးေရ ၃ ေထာင္ေလာက္ ေနထိုင္ခဲ့တာ ျဖစ္ႏုိင္တယ္လို႔ တ႐ုတ္သတင္းမီဒီယာေတြမွာ ေဖာ္ျပပါတယ္။

လက္ရွိမွာေတာ့ ဒီေနအိမ္ေတြကို ထိန္းသိမ္းကာကြယ္ထားၿပီး ယဥ္ေက်းမႈ အေမြအႏွစ္ပံုစံနဲ႔ တ႐ုတ္အစိုးရ အာဏာပိုင္ေတြက ထားရွိထားတာပါ။

အဲဒီေဒသတြင္းမွာ အပူခ်ိန္ဟာ ေဆာင္းရာသီမွာ ၁၀ ဒီဂရီစင္တီဂရိတ္ေက်ာ္နဲ႔ ေႏြရာသီမွာေတာ့ ၂၀ ဒီဂရီစင္တီဂရိတ္ရွိေနၿပီး ကာကြယ္ထိန္းသိမ္းေရးလုပ္ငန္း အစီအစဥ္ေတြနဲ႔အတူ ခရီးသြားလုပ္ငန္း ဖြံ႔ၿဖိဳးမႈကို တိုးတက္ေစမယ္လို႔ ေဒသတြင္း အာဏာပိုင္ေတြက ဆိုပါတယ္။

လက္ရွိမွာေတာ့ ဒီေျမေအာက္ကမၻာၿမိဳ႕ေဟာင္းဟာ ထူးဆန္းတဲ့ ေက်းရြာဆိုၿပီး ကမၻာလွည့္ခရီးသြားေတြၾကားမွာ နာမည္ႀကီးေနခဲ့တာပါ။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ဒီေျမေအာက္ေရွးေဟာင္းၿမိဳ႕ေတာ္ဆီ ေျမေအာက္ဥမင္ေတြကတဆင့္ ဘယ္လိုသြားေရာက္လည္ပတ္ႏုိင္မလဲ ဆိုတာကို ျပသထားတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode ဖြင့်ဖတ်ရန် #

တရုတ်နိုင်ငံမှာ ထူးထူးခြားခြား မြေအောက်ကမ္ဘာမှာနေထိုင်ကြတဲ့ ရှေးဟောင်းမြို့တမြို့ကို ဒရုန်းရိုက်ချက်တခုမှတဆင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မေရာသတင်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ဒီမြို့ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ထောင်လောက်က မြေအောက်ကမ္ဘာမှာ နေထိုင်ခဲ့ကြတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင်းမှာ တွေ့ခဲ့ရတဲ့ မြေအောက်မြို့ဟောင်းထဲမှာ အိမ်ခြေအဆောက်အအုံ ၁ သောင်းလောက်ရှိနေပြီး လူဦးရေ ၃ ထောင်လောက် နေထိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဒီနေအိမ်တွေကို ထိန်းသိမ်းကာကွယ်ထားပြီး ယဉ်ကျေးမှု အမွေအနှစ်ပုံစံနဲ့ တရုတ်အစိုးရ အာဏာပိုင်တွေက ထားရှိထားတာပါ။

အဲဒီဒေသတွင်းမှာ အပူချိန်ဟာ ဆောင်းရာသီမှာ ၁၀ ဒီဂရီစင်တီဂရိတ်ကျော်နဲ့ နွေရာသီမှာတော့ ၂၀ ဒီဂရီစင်တီဂရိတ်ရှိနေပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်တွေနဲ့အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို တိုးတက်စေမယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဒီမြေအောက်ကမ္ဘာမြို့ဟောင်းဟာ ထူးဆန်းတဲ့ ကျေးရွာဆိုပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးနေခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီမြေအောက်ရှေးဟောင်းမြို့တော်ဆီ မြေအောက်ဥမင်တွေကတဆင့် ဘယ်လိုသွားရောက်လည်ပတ်နိုင်မလဲ ဆိုတာကို ပြသထားတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top