လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

သားငယ္ကေတာ့ Myanmar idol ၿပိဳင္ပြဲႀကီး ၿပီးကတည္းက တစ္ကုိယ္ေတာ္အေခြထြက္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ ပရိသတ္ေတြကုိ အသစ္အသစ္ေတြ ခ်ျပခ်င္တဲ့ ဆႏၵေၾကာင့္ အေခြကုိလည္း ျမန္ျမန္ထြက္ခ်င္ေနၿပီလုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

'' အဆုိေတြ၊ အတီးေတြ အကုန္ၿပီးသြားပါၿပီ။ ကၽြန္ေတာ္လည္း ျမန္ျမန္ထြက္ခ်င္ေနၿပီ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ၾကန္႔ၾကာေနတာပါ။ သီခ်င္းေတြကေတာ့ အစုံပါတယ္ ၿပိဳင္ပြဲကလာတဲ့သူဆုိေတာ့ သီခ်င္းအမ်ဳိးအစားလည္း အမ်ားႀကီးဆုိခဲ့ရတာဆုိေတာ့ Vote ေပးရတဲ့သူေတြ လည္း ေက်နပ္ေအာင္ အစုံေလး ထည့္ေပးထားပါတယ္။ အေခြနာမည္ကေတာ့ မေျပာခ်င္ေသးဘူး ကၽြန္ေတာ္ ေခ်းမ်ားေနလုိ႔'' လုိ႔ သူက ဆုိပါတယ္။

အရမ္းႀကိဳက္တဲ့ ေတးေရးဆရာေတြက ေရးေပးထားတဲ့ သီခ်င္းေတြလည္း ပါဝင္ၿပီး ပရိသတ္အႀကိဳက္နဲ႔ သားငယ္အႀကိဳက္ ထပ္တူက်ရင္ေတာ့ ထူးျခားသြားႏုိင္တယ္လုိ႔ ဆုိပါတယ္။

'' သီခ်င္းကေတာ့ ကၽြန္ေတာ္ေရးတာမပါဘူး ကၽြန္ေတာ္သိပ္မေရးတတ္ဘူး။ သီခ်င္းေတြကလည္း တီးထား၊ ဆုိထားတာ ၁၄ ပုဒ္ေလာက္ရွိတယ္။ အဲ့ဒီထဲကေနျပန္ေရြးရမယ္ဆုိေတာ့ ေတးေရးအေန နဲ႔ ကုိေအာင္ကုိျမင့္၊ ကုိလင္းလင္း၊ ကုိညီမင္းခုိင္ တုိ႔ ကၽြန္ေတာ္အရမ္းႀကိဳက္ရတဲ့သူေတြပဲ ေလ၊ ၿပီးေတာ့ ကုိသာဒီးလူတုိ႔လည္းပါမယ္ေပါ့။ ထူးျခားတာ မထူးျခားတာကေတာ့ နားေထာင္တဲ့သူေတြရဲ႕ နားထဲမွာ ခ်ဳိခ်ဳိဝင္မလား ကန္႔လန္႔ ဝင္မလား အကဲျဖတ္ပါလိမ့္မယ္။ သူတုိ႔ႀကိဳက္တာ ကၽြန္ေတာ္ႀကိဳက္တာ ထပ္တူက်ရင္ေတာ့ သူတုိ႔နားထဲမွာ ထူးျခား သြားႏုိင္တာေပါ့" လုိ႔ သားငယ္က ေျပာပါတယ္။

ပထမဆုံးတစ္ကုိယ္ေတာ္အေခြအတြက္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကုိလည္း နားေထာင္ခ်င္သလုိ ကုိယ့္ကုိယ္ကုိ ျပန္သုံးသပ္တာမ်ဳိးေတြရွိတယ္လုိ႔ ဆုိပါတယ္။

'' ပရိသတ္ရဲ႕ Feedback ကုိလည္း နားေထာင္ပါတယ္။ ကုိယ့္ကုိယ္ကုိလည္း Feedback ျပန္ေပးပါတယ္။ ပရိသတ္ေတြကလည္း အသစ္ကို ေတာ္ေတာ္ နားေထာင္ခ်င္ေနၿပီ ဒါဟာသဘာဝပဲ အသစ္ေတြ နားေထာင္ခ်င္လုိ႔လည္း ကၽြန္ေတာ့္ကုိ အခ်ိန္ကုန္ခံ၊ ေငြကုန္ခံ၊ လင္မယားေတြ စကားမ်ားၾကၿပီး ကၽြန္ေတာ့္ကုိ Vote ေပးခဲ့ရတာေလ။ တစ္ခါလာလည္း ၿပိဳင္ပြဲ တုန္းက သီခ်င္းေတြပဲဆုိရင္ ျငီးေငြ႔လာမယ္ လုိ႔ထင္တယ္၊ ကၽြန္ေတာ္ကုိယ္တုိင္ကလည္း အသစ္ အသစ္ေတြ လုပ္ျပခ်င္တယ္'' လုိ႔ ဆုိပါတယ္။

အဆုိေတာ္ သားငယ္ကုိေတာ့ Myanmar idol Season 2 ကေန ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သားငယ္အေနနဲ႔ ၿပိဳင္ပြဲႀကီးၿပီးသြားတဲ့ေနာက္ အဆုိေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြဆီကုိ ခ်ျပမယ့္ ပထမဆုံးတစ္ကုိယ္ေတာ္ ေတးစီးရီးကုိေတာ့ ၂၀၁၈ ႏွစ္ဆန္းပုိင္းေလာက္မွာ ထြက္ရွိႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။

Photo:သားငယ္ေဖ့စ္ဘုတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သားငယ်ကတော့ Myanmar idol ပြိုင်ပွဲကြီး ပြီးကတည်းက တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေကို အသစ်အသစ်တွေ ချပြချင်တဲ့ ဆန္ဒကြောင့် အခွေကိုလည်း မြန်မြန်ထွက်ချင်နေပြီလို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' အဆိုတွေ၊ အတီးတွေ အကုန်ပြီးသွားပါပြီ။ ကျွန်တော်လည်း မြန်မြန်ထွက်ချင်နေပြီ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာပါ။ သီချင်းတွေကတော့ အစုံပါတယ် ပြိုင်ပွဲကလာတဲ့သူဆိုတော့ သီချင်းအမျိုးအစားလည်း အများကြီးဆိုခဲ့ရတာဆိုတော့ Vote ပေးရတဲ့သူတွေ လည်း ကျေနပ်အောင် အစုံလေး ထည့်ပေးထားပါတယ်။ အခွေနာမည်ကတော့ မပြောချင်သေးဘူး ကျွန်တော် ချေးများနေလို့'' လို့ သူက ဆိုပါတယ်။

အရမ်းကြိုက်တဲ့ တေးရေးဆရာတွေက ရေးပေးထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး ပရိသတ်အကြိုက်နဲ့ သားငယ်အကြိုက် ထပ်တူကျရင်တော့ ထူးခြားသွားနိုင်တယ်လို့ ဆိုပါတယ်။

'' သီချင်းကတော့ ကျွန်တော်ရေးတာမပါဘူး ကျွန်တော်သိပ်မရေးတတ်ဘူး။ သီချင်းတွေကလည်း တီးထား၊ ဆိုထားတာ ၁၄ ပုဒ်လောက်ရှိတယ်။ အဲ့ဒီထဲကနေပြန်ရွေးရမယ်ဆိုတော့ တေးရေးအနေ နဲ့ ကိုအောင်ကိုမြင့်၊ ကိုလင်းလင်း၊ ကိုညီမင်းခိုင် တို့ ကျွန်တော်အရမ်းကြိုက်ရတဲ့သူတွေပဲ လေ၊ ပြီးတော့ ကိုသာဒီးလူတို့လည်းပါမယ်ပေါ့။ ထူးခြားတာ မထူးခြားတာကတော့ နားထောင်တဲ့သူတွေရဲ့ နားထဲမှာ ချိုချိုဝင်မလား ကန့်လန့် ဝင်မလား အကဲဖြတ်ပါလိမ့်မယ်။ သူတို့ကြိုက်တာ ကျွန်တော်ကြိုက်တာ ထပ်တူကျရင်တော့ သူတို့နားထဲမှာ ထူးခြား သွားနိုင်တာပေါ့" လို့ သားငယ်က ပြောပါတယ်။

ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း နားထောင်ချင်သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

'' ပရိသတ်ရဲ့ Feedback ကိုလည်း နားထောင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း Feedback ပြန်ပေးပါတယ်။ ပရိသတ်တွေကလည်း အသစ်ကို တော်တော် နားထောင်ချင်နေပြီ ဒါဟာသဘာဝပဲ အသစ်တွေ နားထောင်ချင်လို့လည်း ကျွန်တော့်ကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လင်မယားတွေ စကားများကြပြီး ကျွန်တော့်ကို Vote ပေးခဲ့ရတာလေ။ တစ်ခါလာလည်း ပြိုင်ပွဲ တုန်းက သီချင်းတွေပဲဆိုရင် ငြီးငွေ့လာမယ် လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း အသစ် အသစ်တွေ လုပ်ပြချင်တယ်'' လို့ ဆိုပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သားငယ်အနေနဲ့ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေဆီကို ချပြမယ့် ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးကိုတော့ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo:သားငယ်ဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top