လှိုင်မြို့ နယ် MICT Park အနီး မဟာဆွေကွန်ဒို အထူးအရောင်းပြပွဲ
×


ဖြစ်စဉ်မှာ ၉- ၁ -၂၀၁၈ ရက်နေ့ ည (၇း၀၀) နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ပီမိုးနင်းလမ်းပေါ်ရှိ တရားပွဲသို့သွားရောက်ခဲ့သူ မ———(ခ)———-အသက် (၁၁) နှစ် (၇) လ ရှိ (၅) တန်းကျောင်းတက်နေသူမှာ ထိုနေ့ည (၁၁း၀၀) နာရီအချိန်ထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိခင်ဖြစ်သူဒေါ်ဌေးဌေးမြင့် မှ လိုက်လံစုံစမ်းရှာဖွေခဲ့သည်။


Credit:  ညီညီ – MCRA-ဗဟို

#Unicode Version#
လှိုင်သာယာမြို့နယ် ၌ ၁၁ နှစ် ၇ လ (၅)တန်းကျောင်းသူလေးအား ဖြားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းမှု လှိုင်သာယာ၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၉- ၁ -၂၀၁၈ ရက်နေ့ ည (ရး၀၀) နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ပီမိုးနင်းလမ်းပေါ်ရှိ တရားပွဲသို့သွားရောက်ခဲ့သူ မ———(ခ)———-အသက် (၁၁) နှစ် (၇) လ ရှိ (၅) တန်းကျောင်းတက်နေသူမှာ ထိုနေ့ည (၁၁း၀၀) နာရီအချိန်ထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိခင်ဖြစ်သူဒေါ်ဌေးဌေးမြင့် မှ လိုက်လံစုံစမ်းရှာဖွေခဲ့သည်။

၁၀- ၁ -၂၀၁၈ ရက်နေ့ ၌ လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက် ချင်းတွင်း (၁) လမ်းရှိ ကျော်ကြီး (ခ) နိုးနိုး ၏ အခန်းတွင် ပြန်လည်တွေရှိရပြီး သမီးဖြစ်သူအားမေးမြန်းရာ ၉- ၁- ၂၀၁၈ ရက်နေ့ည (၈း၀၀) နာရီအချိန်ခန့်က ကျော်ကြီး (ခ) နိုးနိုး က တရားပွဲမှ ခေါ်ဆောင်သွားပြီး ၎င်းနေထိုင်ရာအဆောင်ရှိအခန်းတွင် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ကြောင်းသိရှိရသည် ။

မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ မ———(ခ)——–အား ဖြားယောင်းသွေးဆောင်ခိုးယူပေါင်းသင်းသူ ကျော်ကြီး(ခ)နိုးနိုး အား ဥပဒေအရအရေးယူပေးပါရန် ဒေါ်ဌေးဌေးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျော်ကြီး(ခ)နိုးနိုးအား လှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၁၆၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  ညီညီ – MCRA-ဗဟို
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top