iMyanmarHouse.com - Best Property Website for Myanmar
×

Related image

Ref:Contactmusic
Credit: 7day
#Unicode Version#
နာမည်ကျော် အ မေရိကန်မော်ဒယ် ကိုင်လီဂျန်နာ သည် မီးဖွားမည့်နေ့ရက်ကို ရေတွက်ကာ စိတ်လှုပ်ရှားနေကြောင်း ဆိုသည်။ အသက် (၂၀) အရွယ်ကိုင်လီဂျန်နာနှင့် ချစ်သူထရာဗစ်စကော့တို့၏ ရင်သွေးလေးသည် မိန်းကလေးဖြစ်ပြီး ဖေဖော်ဝါရီ လဆန်းတွင် မီးဖွားနိုင်ကြောင်း ဆရာဝန်များက ခန့်မှန်းသည်။

‘‘ကိုင်လီဂျန်နာက သူ့ရဲ့ ကလေးလေးနဲ့ တွေ့ရမယ့်ရက်ကို ရေတွက်နေပြီးတော့ မိခင်တစ် ယောက်ဖြစ်ရမှာကို စိတ်လှုပ်ရှား နေရပါတယ်။ မိသားစုဝင်တွေ အားလုံးကလည်း ဘေးနားကနေ ဝိုင်းပြီးအားပေးကြပါတယ်’’ ဟု သတင်းရင်းမြစ်တစ်ခုက ပြော သည်။ငယ်ရွယ်သော မိခင်တစ်ဦး ဖြစ်လိုကြောင်း ပြောသော ကိုင် လီဂျန်နာသည် ၂၀၁၇ စက်တင် ဘာက ချစ်သူထရာဗစ်စကော့၏ ရင်သွေးလေး လွယ်ထားရ ကြောင်း ကြေညာပြီး ကလေး အတွက် ကန်ဒေါ်လာ ၇၀,၀၀၀ တန်ဖိုးရှိသော အဝတ်များ ကြိုတင်ဝယ်ယူထားသည်။


Ref:Contactmusic

ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top