လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေဖ့စ္ဘြတ္မွာ ဟာသဗီဒီယိုဖိုင္ေတြတင္လို႔ လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ ေအာင္ရဲေထြးကို အုပ္စုဖြဲ႕႐ိုက္ႏွက္သူ ငါးဦးကုိ ဖမ္းမိထားၿပီး လူသတ္မႈနဲ႔ အမႈဖြင့္ထားတယ္လို႔ အစ္ကိုျဖစ္သူ ကိုသန္႔ဇင္ဦးက ေျပာပါတယ္။

ေအာင္ရဲေထြးက ဇန္န၀ါရီ ၁ ရက္ မနက္အေစာပိုင္းမွာ သု၀ဏၰရွိ The One Entertain-ment Park မွာ ျပဳလုပ္တဲ့ The Space ပါတီပြဲမွာ အုပ္စုဖြဲ႕႐ိုက္ႏွက္ခံရလို႔ ရန္ကုန္ေဆး႐ုံႀကီးကုိ ပို႔ေဆာင္ခဲ့ရၿပီး ဇန္န၀ါရီ ၂ ရက္ ေန႔လယ္ပိုင္းမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

‘‘ဇန္န၀ါရီလ ၃ ရက္မွာ ဈာပနျပဳလုပ္ပါမယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာ့ စာနယ္ဇင္းရွင္းလင္းပြဲလုပ္ ပါမယ္’’လို႔ ကိုသန္႔ဇင္ဦးက ေျပာပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြကို နာက်င္ေစမႈပုဒ္မနဲ႔ အမႈဖြင့္ထားတာကေန ေအာင္ရဲေထြး ေသဆံုးခဲ့လို႔ လူသတ္မႈနဲ႔ ေျပာင္းလဲအမႈဖြင့္ခဲ့ၿပီး တရားခံေတြကုိ မဖမ္းမိေသးဘူးလို႔ သု၀ဏၰနယ္ေျမရဲစခန္းက ေျပာခဲ့ေပမယ့္ ျပစ္မႈက်ဴး လြန္ခဲ့သူ ငါးဦးကို ဖမ္းမိထားတယ္လို႔ အေရွ႕ပုိင္းခ႐ုိင္ရဲတပ္ဖြဲ႕ တာ၀န္ရွိသူတစ္ဦးက ဇန္န၀ါရီ ၂ ရက္ ညပုိင္းက ေျပာပါတယ္။

ေသဆံုးသူ ေအာင္ရဲေထြးက လူမႈကြန္ရက္မွာ Follower ၁၃ သိန္းေက်ာ္ရွိၿပီး ဟာသဗီဒီယို အတိုေတြတင္တာကေန ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာတဲ့ ေဖ့စ္ဘြတ္ဆယ္လီတစ္ဦး ျဖစ္ပါတယ္။

Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode version#
ဖေ့စ်ဘွတ်မှာ ဟာသဗီဒီယိုဖိုင်တွေတင်လို့ လူသိများလာတဲ့ သရုပ်ဆောင် အောင်ရဲထွေးကို အုပ်စုဖွဲ့ရိုက်နှက်သူ ငါးဦးကို ဖမ်းမိထားပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။

အောင်ရဲထွေးက ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းမှာ သုဝဏ္ဏရှိ The One Entertain-ment Park မှာ ပြုလုပ်တဲ့ The Space ပါတီပွဲမှာ အုပ်စုဖွဲ့ရိုက်နှက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပြီး ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

‘‘ဇန်နဝါရီလ ၃ ရက်မှာ ဈာပနပြုလုပ်ပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ စာနယ်ဇင်းရှင်းလင်းပွဲလုပ် ပါမယ်’’လို့ ကိုသန့်ဇင်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို နာကျင်စေမှုပုဒ်မနဲ့ အမှုဖွင့်ထားတာကနေ အောင်ရဲထွေး သေဆုံးခဲ့လို့ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်ခဲ့ပြီး တရားခံတွေကို မဖမ်းမိသေးဘူးလို့ သုဝဏ္ဏနယ်မြေရဲစခန်းက ပြောခဲ့ပေမယ့် ပြစ်မှုကျူး လွန်ခဲ့သူ ငါးဦးကို ဖမ်းမိထားတယ်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ ရက် ညပိုင်းက ပြောပါတယ်။

သေဆုံးသူ အောင်ရဲထွေးက လူမှုကွန်ရက်မှာ Follower ၁၃ သိန်းကျော်ရှိပြီး ဟာသဗီဒီယို အတိုတွေတင်တာကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ ဖေ့စ်ဘွတ်ဆယ်လီတစ်ဦး ဖြစ်ပါတယ်။

Source : 7DayDaily
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top