iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယႏုိင္ငံမွာ သားေယာက္်ားေလးလုိခ်င္တဲ့ မိဘေတြက ေမြးခဲ့တဲ့ မိန္ကေလး ၂၁ သန္း႐ွိေနေၾကာင္း အစုိးရက ျပဳစုခဲ့တဲ့ အစီရင္ခံစာမွာ ခန္႕မွန္းေဖာ္ျပထားပါတယ္။ အဆုိပါ မိန္းကေလးေတြကုိ မိဘေတြက မလုိခ်င္ဘဲရလာတဲ့ မိန္းကေလးမ်ားလို႕ အစီရင္ခံစာက ညႊန္းဆုိခဲ့ပါတယ္။

ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ အစီရင္ခံစာအရ အိႏၵိယစုံတြဲအမ်ားအျပားက သားေယာက္်ားေလး မရခင္အထိ ၎တုိ႕မွာ ကေလး႐ွိေၾကာင္းကုိ လူသိခံေလ့မ႐ွိၾကဘူးလုိ႕လည္း သိရပါတယ္။ အိႏၵိယမွာ သားေယာက္်ားေလး လိုခ်င္ၾကမႈဟာ လူမႈအသုိင္းအဝုိင္းမွာ ဂုဏ္တက္ေစတယ္ဆုိတဲ့ အယူအဆေၾကာင့္လည္း ျဖစ္ပါတယ္။

သားေယာက္်ားေလးကုိသာ ဦးစားေပး လုိခ်င္ၾကမႈေၾကာင့္ ေရ႐ွည္မွာ မိန္းကေလးဦးေရ နည္းပါးလာႏုိင္ေၾကာင္း အစီရင္ခံစာ ျပဳစုေရးသားသူေတြက သတိေပးခဲ့ပါတယ္။ အိႏၵိယမွာ အမ်ဳိးသမီး ၆၃ သန္းဟာ ႏုိင္ငံလူဦးေရကေန ေပ်ာက္ကြယ္သြားခဲ့တာကုိလည္း အစီရင္ခံစာက ေတြ႕ခဲ့ရတယ္လုိ႕ ဆုိပါတယ္။

သားေယာက္်ားေလး ဦးစားေပးလုိခ်င္တာေၾကာင့္ လိင္ခြဲျခားၿပီး ကေလးဖ်က္ခ်မႈေတြနဲ႕ ေယာက္်ားေလးေတြကုိသာ ပုိဂ႐ုစိုက္မႈေတြေၾကာင့္ အမ်ဳိးသမီး ၆၃ သန္းဟာ ေပ်ာက္ဆုံးေနခဲ့ရေၾကာင္း အစီရင္ခံစာျပဳစုသူေတြက ေရးသားထားပါတယ္။

အိႏၵိယမွာ ကေလးမေမြးဖြားမီ ေယာက္်ားေလး၊ မိန္းကေလး ခြဲျခားသိ႐ွိႏုိင္ရန္ ႀကဳိတင္စစ္ေဆးမႈကုိ ဥပေဒအရ တရားမဝင္ေၾကာင္း သတ္မွတ္ထားပါတယ္။ သုိ႕ေသာ္ ထုိသုိ႕ ႀကဳိတင္စစ္ေဆးကာ လိင္ခြဲျခားၿပီး ကေလးဖ်က္ခ်မႈေတြ ႐ွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

အိႏၵိယျပည္နယ္ေတြအနက္ သားေယာက္်ားေလး ဦးစားေပးလုိခ်င္မႈကုိ ပန္ဂ်ပ္နဲ႕ ဟာယန္နာ ျပည္နယ္တုိ႕မွာ အမ်ားဆုံးေတြ႕ရပါတယ္။ မက္ဂ္ဟာေလယာျပည္နယ္မွာေတာ့ သားေယာက္်ားေလး ဦးစားေပးလုိခ်င္တဲ့ အယူအဆ အနည္းဆုံးေတြ႕ရတယ္လုိ႕ ဆုိပါတယ္။

သားေယာက္်ားေလး ဦးစားေပးလုိခ်င္ရတဲ့ ယဥ္ေက်းမႈဓေလ့ထုံးတမ္းအခ်ဳိ႕

- ပုိင္ဆုိင္မႈေတြကုိ သားေယာက္်ားေလးေတြကသာ ရ႐ွိမွာျဖစ္ၿပီး သမီးမိန္ကေလးမ်ား မရ႐ွိႏုိင္ျခင္း
- သမီး႐ွင္ေတြက သမီးေတြ လက္ထက္ထိမ္းျမားရန္အတြက္ သတုိ႕သားဘက္ကုိ ပစၥည္းဥစၥာေပးရျခင္း
- လက္ထပ္ၿပီးပါက အမ်ဳိးသမီးေတြက ၎တုိ႕ခင္ပြန္းရဲ႕ ေနအိမ္မွာ ေျပာင္းေ႐ႊ႕ေနထုိင္ရျခင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အိန္ဒိယနိုင်ငံမှာ သားယောက်ျားလေးလိုချင်တဲ့ မိဘတွေက မွေးခဲ့တဲ့ မိန်ကလေး ၂၁ သန်းရှိနေကြောင်း အစိုးရက ပြုစုခဲ့တဲ့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ အဆိုပါ မိန်းကလေးတွေကို မိဘတွေက မလိုချင်ဘဲရလာတဲ့ မိန်းကလေးများလို့ အစီရင်ခံစာက ညွှန်းဆိုခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ အိန္ဒိယစုံတွဲအများအပြားက သားယောက်ျားလေး မရခင်အထိ ၎င်းတို့မှာ ကလေးရှိကြောင်းကို လူသိခံလေ့မရှိကြဘူးလို့လည်း သိရပါတယ်။ အိန္ဒိယမှာ သားယောက်ျားလေး လိုချင်ကြမှုဟာ လူမှုအသိုင်းအဝိုင်းမှာ ဂုဏ်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့်လည်း ဖြစ်ပါတယ်။

သားယောက်ျားလေးကိုသာ ဦးစားပေး လိုချင်ကြမှုကြောင့် ရေရှည်မှာ မိန်းကလေးဦးရေ နည်းပါးလာနိုင်ကြောင်း အစီရင်ခံစာ ပြုစုရေးသားသူတွေက သတိပေးခဲ့ပါတယ်။ အိန္ဒိယမှာ အမျိုးသမီး ၆၃ သန်းဟာ နိုင်ငံလူဦးရေကနေ ပျောက်ကွယ်သွားခဲ့တာကိုလည်း အစီရင်ခံစာက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သားယောက်ျားလေး ဦးစားပေးလိုချင်တာကြောင့် လိင်ခွဲခြားပြီး ကလေးဖျက်ချမှုတွေနဲ့ ယောက်ျားလေးတွေကိုသာ ပိုဂရုစိုက်မှုတွေကြောင့် အမျိုးသမီး ၆၃ သန်းဟာ ပျောက်ဆုံးနေခဲ့ရကြောင်း အစီရင်ခံစာပြုစုသူတွေက ရေးသားထားပါတယ်။

အိန္ဒိယမှာ ကလေးမမွေးဖွားမီ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားသိရှိနိုင်ရန် ကြိုတင်စစ်ဆေးမှုကို ဥပဒေအရ တရားမဝင်ကြောင်း သတ်မှတ်ထားပါတယ်။ သို့သော် ထိုသို့ ကြိုတင်စစ်ဆေးကာ လိင်ခွဲခြားပြီး ကလေးဖျက်ချမှုတွေ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယပြည်နယ်တွေအနက် သားယောက်ျားလေး ဦးစားပေးလိုချင်မှုကို ပန်ဂျပ်နဲ့ ဟာယန်နာ ပြည်နယ်တို့မှာ အများဆုံးတွေ့ရပါတယ်။ မက်ဂ်ဟာလေယာပြည်နယ်မှာတော့ သားယောက်ျားလေး ဦးစားပေးလိုချင်တဲ့ အယူအဆ အနည်းဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။

သားယောက်ျားလေး ဦးစားပေးလိုချင်ရတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအချို့

- ပိုင်ဆိုင်မှုတွေကို သားယောက်ျားလေးတွေကသာ ရရှိမှာဖြစ်ပြီး သမီးမိန်ကလေးများ မရရှိနိုင်ခြင်း
- သမီးရှင်တွေက သမီးတွေ လက်ထက်ထိမ်းမြားရန်အတွက် သတို့သားဘက်ကို ပစ္စည်းဥစ္စာပေးရခြင်း
- လက်ထပ်ပြီးပါက အမျိုးသမီးတွေက ၎င်းတို့ခင်ပွန်းရဲ့ နေအိမ်မှာ ပြောင်းရွှေ့နေထိုင်ရခြင်း


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top