×
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
 ရှေးခေတ်က ဘုရင်ရဲ့ မိဖုရားဖြစ်ဖို့ ခက်ခဲပါတယ်။ဒီလိုဖြစ်လာရင်လည်း ဘုရင့်စွဲလန်းမှုရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတယ်။မောင်းမမိဿံတွေများစွာရှိတဲ့အထဲ မိဖုရားကို သဘောကျနှစ်ခြိုက်ဖို့ဆိုတာ မိဖုရားတွေအတွက် အထူးတာဝန်ဖြစ်ပါတယ်။သူတို့ မိဖုရားချင်းအလှပြိုင်မှုက တချိန်က နန်းတွင်းမှာ တကယ့်ကို အင်အားကြီးခဲ့တာဖြစ်ပါတယ်။သူတို့ အလှအပအတွက် ဘာတွေ လုပ်ဆောင်ခဲ့ကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
1.Rani Padmavati ဆိုတာ တချိန်က Chittorgarh ဘုရင်ရဲ့ အသည်းစွဲမိဖုရားဖြစ်ခဲ့ပြီး သူဟာ အလှအပနဲ့ ဂုဏ်သတင်းကျော်စောခဲ့ပါတယ်။သူမကို လိုချင်လို့ Alauddin Khilji က ဘုရင်ကို တိုက်ခိုက်ပြီး သူမကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
2. သူတို့ အလှအပဆိုတာလည်း လျှို့ဝှက်ချက်တချို့ရှိနေပါတယ်။ဘုရင်ဟာ သူတို့အပေါ် စိတ်တိမ်းညွှတ်အောင် နေ့စဉ်နဲ့အမျှ ချစ်စဖွယ်အမူအရာကို လုပ်ယူရတာဖြစ်ပြီး နေပုံထိုင်ပုံက ဘုရင် စွဲလမ်းနိုင်လောက်တဲ့ ပုံစံဖြစ်အောင် မိန်းမထိန်းကြီးတွေဆီက သင်ယူရပါတယ်။မိဖုရားတွေဟာ ဒါတင်မကပဲ သူတို့ရဲ့ အလှအပနဲ့ နုပျိုမှုအတွက် ဆေးဝါးတွေ သုံးစွဲရပါတယ်။အဲ့ခေတ် အဲ့ခေတ်အခါ သက်ရှည်နုပျိုဆေးတွေဟာ နန်းတွင်းမှာပဲ၇ှိတာဖြစ်ပြီး သာမာမန် အရပ်သူတွေအတွက်တော့ အလှမ်းဝေးလွန်းလှပါတယ်။
3.မင်းသမီးနဲ့ ဘုရင်မတွေဟာ မိဖုရားတွေထက် ရာထူးရာခံ ပိုကြီးပါတယ်။သူတို့ဟာ ပြစ်မျိုါ်မှဲ့မထင်ဆိုတဲ့ စကားအတိုင်း ခန္ဓာကိုယ်ပေါ်မှာ မှဲ့ရှိရင်တောင် ဒီမှဲ့ကိုယ်ဖယ်ရှားပြီး နေ့စဉ်နဲ့ အမျှ ကိုယ်ခန္ဓာ အလှအပကို ဂရုစိုက်နေရတာဖြစ်ပါတယ်။
4. မိဖုရားတွေဟာ များသောအားဖြင့် ရေချိုးတဲ့အခါ နှင်းဆီပွင့်ဖတ်တွေ စိမ်ထားတဲ့ရေမှာ ချိုးလေ့ရှိပါတယ်။ဒါဟာ အရေပြားမှာ ရှိတဲ့ အနံ့ဆိုးထုတ်တဲ့ ဂလင်းကို တားဆီးနိုင်သလို အရေပြားချောမွတ်ပျော့ပျောင်းစေတာဖြစ်ပါတယ်။ပြီးတော့ ဒါဟာ ရိုမန်တစ်လဲ ဆန်ပြီး ဘုရင်နဲ့ နေတဲ့အခါမှာ ဘုရင့်ရဲ့ စိတ်ကို လန်းဆန်းစေဖို့ ဖြစ်ပါတယ်။
5. ရှေးခေတ်က မိဖုရားတွေရဲ့ အလှကုန်ကို သမားတော်တွေက ဖော်စပ်ပေးရတာဖြစ်ပါတယ်။ဒါကတော့ လိမ္မော်ရည်၊နှို့မှုန့်နဲ့ ကြက်ဥအဖြူေတွေကို ကစော်ဖောက်ထားတဲ့ အရာတွေ မုယောစပါးနဲ့ ဗျစ်ရည်တွေထခြည့်ပြီး ခန္ဓာအနှံ့လိမ်းတာဖြစ်ပြီး ဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်တာဖြစ်ပါတယ်။
6.များသောအားဖြင့် မိဖုရားတွေဟာ ထောပတ်သီးနဲ့လုပ်တဲ့ မျက်နှာပေါင်းတင်မှုကို အများဆုံးလုပ်ဆောင်တာဖြစ်ပြီး ခန္ဓာကိုယ်လှပမှုအတွက်လည်း စားသုံးပေးတာဖြစ်ပါတယ်။
7.မိဖုရားအများစုဟာ အခွံမာသီးနဲ့ မုန်လာဥနီကို နေ့တိုင်းနီးပါးစားပေးတာဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးခဲ့တာဖြစ်ပြီး ဒီနည်းက လက်ရှိလဲ အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပါတယ်။
8.မိဖုရားတွေဟာ ဆံကေသာကို မြတ်နိုးစွာ တန်ဖိုးထားတတ်ပါတယ်။နက်မှောင်ပြီး လှပရှည်လျားတဲ့ဆံပင်တွေဟာ ဘုရင်တွေကို ဆွဲဆောင်နိုင်တာဖြစ်ပြီ သူတို့ဟာ အုန်းဆီ၊သံလွင်ဆီ နဲ့ ပျားရည်တွေကို လိမ်းကြပါတယ်။
9.အရေပြား မကြမ်းတမ်းဖို့ နှင်းဆီက ထုတ်ထားတဲ့အဆီကို လိမ်းကျံကြပါတယ်။ဒါဟာ ရေမွှေးလို မွှေးအီတဲ့ အနံ့ကိုလည်း ရစေတာဖြစ်ပါတယ်။
10.ရေချိုးတဲ့အခါမှာလည်း မိဖုရားတွေဟာ ပျားရည်၊သံလွင်ဆီ နဲ့ မြည်းရဲ့ နို့ကို ရောပြီး ဆပ်ပြာပုံစံတိုက်တာဖြစ်ပြီး ဒါဟာ အရေပြားကို စိုပြေတင်းရင်းပြီး ငယ်ရွယ်နုပျိုစေတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top