စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကၽြန္ေတာ္တို႕ခႏၶာကိုယ္ၾကီးက ရႈပ္ေထြးေနတဲ့ စက္ပစၥည္းျဖစ္လို႕လႈံ႕ေဆာ္မႈကိုခ်က္ခ်င္းတံု႕ျပန္တတ္ပါတယ္။ ဒီလိုတံု႕ျပန္မႈေတြက ကိုယ္အဂၤါကို ရုတ္္တရက္ကာကြယ္ခ်င္လို႕ျဖစ္ႏိုင္သလို ကိစၥတစ္ခုကို ပိုေကာင္းေအာင္ ေဆာင္ရြက္ခ်င္လို႕ လည္းျဖစ္ႏိုင္ပါတယ္။

ဒီလိုတံု႕ျပန္မႈေတြက တခါတေလမသိလိုက္ဘဲ ျပဳမူမိတာျဖစ္ႏိုင္သလို အေျခအေနအေၾကာင္းေပၚမူတည္ျပီး ခဏတစ္ျဖဳတ္လည္း ျဖစ္ႏိုင္ပါတယ္။ေရထဲမွာလက္ကုိအၾကာၾကီးစိမ္ထားတဲ့အခါ ပဲၾကီးေရစိမ္လိုက္တာ ဘာေၾကာင့္လို႕ထင္ပါသလဲ။ မီးေရာင္စူးစူးကိုေတြ႕ရင္ ကၽြန္ေတာ္တို႕ဘာေၾကာင့္ မ်က္ေတာင္ခတ္တာလဲ။ ၾကက္သီးေမႊးညင္းထရတဲ့အေၾကာင္းရင္းကေရာ ဘာမ်ားျဖစ္ႏိုင္မလဲ။ ဒါေတြအားလံုးကေတြးစရာခ်ည္းပါပဲ။

ဒီျဖစ္ရပ္ေတြအသီးသီးမွာ အေၾကာင္းရင္းရွိပါတယ္။ ဘာေတြမ်ားလဲၾကည့္ရေအာင္..

၁။ လက္ပဲၾကီး ေရစိမ္လိုက္တာဘာေၾကာင့္မ်ားလဲ။
လက္အေရျပားကေရနဲ႕အၾကာၾကီးထိေတြ႕ရတဲ့အခါ ရံႈ႕တြလာပါတယ္။ဒါက ခႏၶာကိုယ္ကေရေအာက္မွာေကာင္းေကာင္းစုပ္ယူျခင္းခံရႏိုင္တယ္ဆိုတာျပသပါတယ္။

၂။ ၾကက္သီးေမႊးညွင္း ဘာေၾကာင့္ထတာလဲ။
ဒါကခႏၶာကိုယ္ကမသိလိုက္ဘဲ တံု႕ျပန္မိလို႕ပါ။ ေၾကာက္လန္႕တဲ့အေျခအေနမ်ိဳးေတြ႕ရင္ ဆံပင္ေထာင္သြားတာမ်ိဳး၊ေအးျမတဲ့ေဆာင္းရာသီမွာ ခိုက္ခိုက္တုန္ေအာင္ခ်မ္းတဲ့အတြက္ အေမႊးေတြေထာင္တက္သြားသလို ခိုက္ခိုက္တုန္ခံစားမႈမ်ိဳးပါ။

၃။ ဘာေၾကာင့္သမ္းေဝၾကသလဲ။
မ်ားေသာအားျဖင့္ အိပ္ေရးမဝတဲ့အတြက္ သမ္းေဝၾကတယ္ေပါ့။ ဒါေပမယ့္ဒါက ဦးေႏွာက္ရဲ႕ အပူခ်ိန္ကိုေလွ်ာ့ခ်ခ်င္လို႕ သမ္းတာလည္းျဖစ္ႏိုင္ပါတယ္။

၄။ အိပ္ရာကႏိုးလာရင္ ဘာေၾကာင့္ အေၾကာဆန္႕တာလဲ။
အေၾကာဆန္႕တာက အာရံုေၾကာ ႏွင့္ ေသြးေၾကာေတြကို ေသြးပူေလ့က်င့္ခန္းလုပ္ျပီး တစ္ေန႕တာလုပ္ငန္းစဥ္ေဆာင္ရြက္ႏိုင္ေအာင္ ႏႈိးေဆာ္ျခင္းသေဘာပါ။

၅။ ႏွာေခ်တာဘာေၾကာင့္လဲ။
အသက္ရွဴလမ္းေၾကာင္းစနစ္မွာ ဖုန္မႈန္႕ ၊အညစ္အေၾကးေတြကိုဖယ္ရွားဖို႕ ခႏၶကိုယ္ကခုခံကာကြယ္ေပးလိုက္ျခင္းပဲျဖစ္ပါတယ္။

၆။ပါးေပၚကိုမ်က္ရည္စီးက်တာဘာေၾကာင့္လဲ။
ဝမ္းနည္း၍ပဲငိုငို ၊ ဝမ္းသာ၍ပဲငိုငို အေျခခံက်တဲ့အေၾကာင္းရင္းကေတာ့ မ်က္လံုးအိမ္က အမႈိက္သရိုက္မ်ားကို မ်က္ရည္ႏွင့္အတူဖယ္ရွားရွင္းလင္းႏိုင္ျခင္းပဲျဖစ္ပါတယ္။

၇။ ၾကိဳ႕ထိုးတာဘာေၾကာင့္လဲ။
တစ္ေယာက္ေယာက္က သတိရေနလို႕ၾကိဳ႕ထိုးတယ္ ဆိုတာမ်ိဳး မဟုတ္ဘဲ ဒီေနာက္ကြယ္မွာသိပၸံနည္းက် အေၾကာင္းရင္းရွိပါတယ္။ စားေသာက္တဲ့ အခ်ိန္ႏွင့္စား ေသာက္တဲ့အရာေတြလြဲမွားေနလွ်င္ လည္း ၾကိဳ႕ထိုးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ရှုပ်ထွေးနေတဲ့ စက်ပစ္စည်းဖြစ်လို့လှုံ့ဆော်မှုကိုချက်ချင်းတုံ့ပြန်တတ်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေက ကိုယ်အင်္ဂါကို ရုတ်တရက်ကာကွယ်ချင်လို့ဖြစ်နိုင်သလို ကိစ္စတစ်ခုကို ပိုကောင်းအောင် ဆောင်ရွက်ချင်လို့ လည်းဖြစ်နိုင်ပါတယ်။

ဒီလိုတုံ့ပြန်မှုတွေက တခါတလေမသိလိုက်ဘဲ ပြုမူမိတာဖြစ်နိုင်သလို အခြေအနေအကြောင်းပေါ်မူတည်ပြီး ခဏတစ်ဖြုတ်လည်း ဖြစ်နိုင်ပါတယ်။ရေထဲမှာလက်ကိုအကြာကြီးစိမ်ထားတဲ့အခါ ပဲကြီးရေစိမ်လိုက်တာ ဘာကြောင့်လို့ထင်ပါသလဲ။ မီးရောင်စူးစူးကိုတွေ့ရင် ကျွန်တော်တို့ဘာကြောင့် မျက်တောင်ခတ်တာလဲ။ ကြက်သီးမွှေးညင်းထရတဲ့အကြောင်းရင်းကရော ဘာများဖြစ်နိုင်မလဲ။ ဒါတွေအားလုံးကတွေးစရာချည်းပါပဲ။

ဒီဖြစ်ရပ်တွေအသီးသီးမှာ အကြောင်းရင်းရှိပါတယ်။ ဘာတွေများလဲကြည့်ရအောင်..

၁။ လက်ပဲကြီး ရေစိမ်လိုက်တာဘာကြောင့်များလဲ။
လက်အရေပြားကရေနဲ့အကြာကြီးထိတွေ့ရတဲ့အခါ ရှုံ့တွလာပါတယ်။ဒါက ခန္ဓာကိုယ်ကရေအောက်မှာကောင်းကောင်းစုပ်ယူခြင်းခံရနိုင်တယ်ဆိုတာပြသပါတယ်။

၂။ ကြက်သီးမွှေးညှင်း ဘာကြောင့်ထတာလဲ။
ဒါကခန္ဓာကိုယ်ကမသိလိုက်ဘဲ တုံ့ပြန်မိလို့ပါ။ ကြောက်လန့်တဲ့အခြေအနေမျိုးတွေ့ရင် ဆံပင်ထောင်သွားတာမျိုး၊အေးမြတဲ့ဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အတွက် အမွှေးတွေထောင်တက်သွားသလို ခိုက်ခိုက်တုန်ခံစားမှုမျိုးပါ။

၃။ ဘာကြောင့်သမ်းဝေကြသလဲ။
များသောအားဖြင့် အိပ်ရေးမဝတဲ့အတွက် သမ်းဝေကြတယ်ပေါ့။ ဒါပေမယ့်ဒါက ဦးနှောက်ရဲ့ အပူချိန်ကိုလျှော့ချချင်လို့ သမ်းတာလည်းဖြစ်နိုင်ပါတယ်။

၄။ အိပ်ရာကနိုးလာရင် ဘာကြောင့် အကြောဆန့်တာလဲ။
အကြောဆန့်တာက အာရုံကြော နှင့် သွေးကြောတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပြီး တစ်နေ့တာလုပ်ငန်းစဉ်ဆောင်ရွက်နိုင်အောင် နှိုးဆော်ခြင်းသဘောပါ။

၅။ နှာချေတာဘာကြောင့်လဲ။
အသက်ရှူလမ်းကြောင်းစနစ်မှာ ဖုန်မှုန့် ၊အညစ်အကြေးတွေကိုဖယ်ရှားဖို့ ခန္ဓကိုယ်ကခုခံကာကွယ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

၆။ပါးပေါ်ကိုမျက်ရည်စီးကျတာဘာကြောင့်လဲ။
ဝမ်းနည်း၍ပဲငိုငို ၊ ဝမ်းသာ၍ပဲငိုငို အခြေခံကျတဲ့အကြောင်းရင်းကတော့ မျက်လုံးအိမ်က အမှိုက်သရိုက်များကို မျက်ရည်နှင့်အတူဖယ်ရှားရှင်းလင်းနိုင်ခြင်းပဲဖြစ်ပါတယ်။

၇။ ကြို့ထိုးတာဘာကြောင့်လဲ။
တစ်ယောက်ယောက်က သတိရနေလို့ကြို့ထိုးတယ် ဆိုတာမျိုး မဟုတ်ဘဲ ဒီနောက်ကွယ်မှာသိပ္ပံနည်းကျ အကြောင်းရင်းရှိပါတယ်။ စားသောက်တဲ့ အချိန်နှင့်စား သောက်တဲ့အရာတွေလွဲမှားနေလျှင် လည်း ကြို့ထိုးနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top