ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ မန္ရြက္ေက်းရြာအုပ္စု မီးေသြးကုန္းရြာအနီး ၉-မိုင္ ေရာ္ဘာၿခံမွာ လူသတ္မႈ ျဖစ္ပြားခဲ့ၿပီး အေလာင္းေဖ်ာက္ခဲ့တဲ့ ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးရမိခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းစာမွာ ေဖာ္ျပပါတယ္။

မန္ရြက္ေက်းရြာေန ေရာ္ဘာၿခံလုပ္သား ဦးေဇာ္မိုးေအး(ခ)လြမ္းေဝ (၃၆-ႏွစ္)ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၃ ရက္က ဝမ္းေလၽွာၿပီး သရဲပူးကာ ႐ုတ္တရက္ ေသဆုံးသြားတယ္ဆိုၿပီး ေရာ္ဘာၿခံ လုပ္သားေတြက သတင္းလႊင့္ ျမႇဳပ္ႏွံထားတဲ့ လူသတ္မႈနဲ႔ပတ္သက္ၿပီး မသကၤာလို႔ အေလာင္း ျမႇဳပ္ႏွံထားတဲ့ ေျမေနရာကို ျပန္လည္တူးေဖာ္စစ္ေဆးရာမွ လူသတ္မႈအျဖစ္ ေပၚေပါက္ခဲ့တာလို႔ ဆိုပါတယ္။

လူသတ္ အေလာင္းေဖ်ာက္ ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးရမိေရးနဲ႔ သက္ေသခံပစၥည္း သိမ္းဆည္းရမိေရးအတြက္ ရဲတပ္ဖြဲ႔က ေဆာင္ရြက္ခဲ့ရာ ဇန္နဝါရီ ၇ ရက္မွာ ေရာ္ဘာၿခံ တာဝန္ခံ သန္းထြန္းဝင္း (၄၇-ႏွစ္)နဲ႔ ပါဝင္ပတ္သက္သူ ဝဏၰ(ခ)ဝဏၰၿဖိဳးတို႔ကို သက္ေသခံ တရားမဝင္ ကိုင္ေဆာင္တဲ့ လုပ္ေသနတ္အရွည္ တလက္နဲ႔ က်ည္ဆန္ ေျခာက္ေတာင့္၊ ဝါးစိမ္းတုတ္ ႏွစ္ေခ်ာင္း၊ ခ်ည္ႀကိဳးတို႔နဲ႔ အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ေရာ္ဘာၿခံ တာဝန္ခံ သန္းထြန္းဝင္းနဲ႔ ဝဏၰ(ခ)ဝဏၰၿဖိဳးတို႔ကို လူသတ္ အေလာင္းေဖ်ာက္၊ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈနဲ႔ မိုးေကာင္း ၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားပါတယ္။

ဓာတ္ပံု-ေၾကးမံု

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ဖြင့် ဖတ်ပါ #

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်းရွာအနီး ၉-မိုင် ရော်ဘာခြံမှာ လူသတ်မှု ဖြစ်ပွားခဲ့ပြီး အလောင်းဖျောက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

မန်ရွက်ကျေးရွာနေ ရော်ဘာခြံလုပ်သား ဦးဇော်မိုးအေး(ခ)လွမ်းဝေ (၃၆-နှစ်)ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ဝမ်းလျှောပြီး သရဲပူးကာ ရုတ်တရက် သေဆုံးသွားတယ်ဆိုပြီး ရော်ဘာခြံ လုပ်သားတွေက သတင်းလွှင့် မြှုပ်နှံထားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာလို့ အလောင်း မြှုပ်နှံထားတဲ့ မြေနေရာကို ပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုအဖြစ် ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

လူသတ် အလောင်းဖျောက် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးနဲ့ သက်သေခံပစ္စည်း သိမ်းဆည်းရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၇ ရက်မှာ ရော်ဘာခြံ တာဝန်ခံ သန်းထွန်းဝင်း (၄၇-နှစ်)နဲ့ ပါဝင်ပတ်သက်သူ ဝဏ္ဏ(ခ)ဝဏ္ဏဖြိုးတို့ကို သက်သေခံ တရားမဝင် ကိုင်ဆောင်တဲ့ လုပ်သေနတ်အရှည် တလက်နဲ့ ကျည်ဆန် ခြောက်တောင့်၊ ဝါးစိမ်းတုတ် နှစ်ချောင်း၊ ချည်ကြိုးတို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရော်ဘာခြံ တာဝန်ခံ သန်းထွန်းဝင်းနဲ့ ဝဏ္ဏ(ခ)ဝဏ္ဏဖြိုးတို့ကို လူသတ် အလောင်းဖျောက်၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ မိုးကောင်း မြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

ဓာတ်ပုံ-ကြေးမုံ

ဖိုးသူတော် (www.phothutaw.com)
Credit: DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top