iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီး လိင္ေျပာင္း လက္ေ၀ွ႔သမားတစ္ဦးျဖစ္တဲ့ထိုင္းေမြထိုင္းလက္ေ၀ွ႔သမား နာရို႔စ္ ေပါလ္ခ်ာရီအြန္မွာ ျပင္သစ္ႏိုင္ငံံရဲ့ ေနရွင္နယ္ လက္ေ၀ွ႔ၿပိဳင္ပြဲမွာ အာခရန္ အာမစ္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ၿပီး ျပင္သစ္ႏိုုင္ငံရဲ့ လက္ေ၀ွ႕ေလာကမွာ ပထမဆုံး လိင္ေျပာင္း လက္ေ၀ွ႕သမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

မွတ္တမ္းေတြအရ ၎ဟာ ေယာက်ၤားေလးတစ္ေယာက္အျဖစ္ေမြးဖြားလာခဲ့သူ ျဖစ္ၿပီး နာမည္မွာ ဆန္းရို႔စ္ ေပၚလ္ခ်ာရီအြန္ ျဖစ္တယ္လုိ႔ သိရပါတယ္။

လက္ရွိမွာေတာ့ ျပင္သစ္ႏိုင္ငံသားေမြထုိင္းခ်န္ပီယံနဲ႔ ျပင္သစ္ႏိုင္ငံမွာ ထုိးသတ္ခဲ့ၿပီး ျပင္သစ္ႏိုင္ငံမွာ ပထမဆုံး ထိုးသတ္တဲ့ လိင္ေျပာင္း လက္ေ၀ွ႕သမားျဖစ္လာခဲ့တာလည္း ျဖစ္ပါတယ္။

သူမအေနနဲ႔ လက္ရွိမွာ ပြဲေပါင္း ၃၀၀ ေက်ာ္ကို အမ်ိဳးသားေတြနဲ႔ ထိုးသတ္ထားခဲ့ၿပီ ျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ လက္ေ၀ွ႕သမားအျဖစ္ လြန္ခဲ့တဲဲ့ႏွစ္ႏွစ္ေက်ာ္ကာလကတည္းက လက္ေ၀ွ႕ေလာကမွာ သူ႔ရဲ့ ထင္ရွားတဲ့ အျမင့္ကန္ခ်က္မ်ား၊ဒူးတိုက္ခ်က္မ်ား၊ အမ်ားက သတိျပဳမိေစတဲ့ ရွည္လ်ားနက္ေမွာင္တဲ့ ဆံေကသာအပါအ၀င္ အျမဲတေစ ၀တ္ဆင္ထိုးသတ္ေလ့ရွိတဲ့ ပန္းေရာင္ လက္ေ၀ွ႕အားကစား၀တ္စုံေတြ ေၾကာင့္လည္း ပိုမို ထင္ေပၚလာခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။

သူမအေနနဲ႔ တစ္လလွ်င္ တစ္ပြဲမွ်သာ ထိုးသတ္တာျဖစ္ၿပီး သူ႔ရဲ့ ထိုးသတ္ေၾကးမွာ တစ္ပြဲလွ်င္ ယူရို ၂၅၀၀(ထိုင္းဘတ္ ၁၀၀၀၀၀)အထိ တန္ ေၾကးျမင့္မားတယ္လို႔လည္းသိရပါတယ္။

ယခုလို လက္ေ၀ွ႕သမားတစ္ေယာက္အျဖစ္ ထိုးသတ္ေနရျခင္းအေပၚ -" အခုလို ျပင္သစ္ႏိုင္ငံရဲ့ သမိုင္းမွာ ပထမဆုံး လိင္ေျပာင္း လက္ေ၀ွ႕သမားအျဖစ္ မွတ္တမ္း၀င္ခြင့္္ရခဲ့တဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။ ငယ္ရြယ္စဥ္အခ်ိန္တုန္းက လူေတြက မိန္းကေလးတစ္ေယာက္ အေနနဲ႔ လက္မခံတာေၾကာင့္ ေၾကာက္ရြ႔ံ႕ခဲ့ရပါတယ္။" လို႔ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ထုိင္းလူမ်ိဳးတစ္ေယာက္ျဖစ္တာေၾကာင့္ႏိုင္ငံရဲ့ တရား၀င္ ခြင့္ျပဳခ်က္မ်ားေၾကာင့္ အဆင္ေျပေျပ ေနထုိင္ႏိုင္ခဲ့ၿပီး အခုလို လက္ေ၀ွ႕ထိုးခဲ့တာကလည္း သူ႔လို လိင္ေျပာင္းသူမ်ားအတြက္ သူတို႔ေတြဟာ အားနည္းသူမ်ားမဟုတ္ဘူးဆိုတာ သိေစခ်င္တာေၾကာင့္ ျဖစ္တယ္ လို႔လည္း ေပၚလ္ခ်ာရီအြန္က ဆက္လက္ေျပာခဲ့ပါတယ္။

ေပၚလ္ခ်ာရီအြန္အေနနဲ႔ ယခုလို လက္ေ၀ွ႕ထိုးသတ္ရျခင္းကလည္း မ်ိဳးရိုးရွိတာေၾကာင့္ျဖစ္ၿပီး ၎ရဲ့ ဦးေလးျဖစ္သူဟာ ပေရာ္ဖက္ရွင္နယ္ လက္ေ၀ွ႕သမားတစ္ေယာက္ျဖစ္သလုိ ၎ရဲ့ အမႊာအကိုကလည္း ၅၂ ကီလို၀ိတ္တန္းမွာ ထိုးသတ္ေနသူတစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။

သူ႔ရဲ့ အမႊာအကိုျဖစ္သူကေတာ့ -"သူက ကၽြန္ေတာ့္ထက္ အမ်ားႀကီး ပိုသန္မာတယ္။ " လို႔ AFPသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

သူတို႔ကို သူတို႔ရဲ့ ဦးေလးက ရြာမွာ ငယ္စဥ္ကတည္းက လက္ေ၀ွ႔ပညာကို သင္ၾကားေပးခဲ့တာ ျဖစ္ၿပီး အသက္ ၈ ႏွစ္အရြယ္ေလာက္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ၿပိဳင္ဖက္သဖြယ္ အျမဲတေစ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရတယ္လို႔လည္း ေပၚလ္ခ်ာရီအြန္ရဲ့ ေျပာျပခ်က္ေတြအရ သိရပါတ တယ္။

Source- The Connexion
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အမျိုးသမီး လိင်ပြောင်း လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ထိုင်းမွေထိုင်းလက်ဝှေ့သမား နာရို့စ် ပေါလ်ချာရီအွန်မှာ ပြင်သစ်နိုင်ငံံရဲ့ နေရှင်နယ် လက်ဝှေ့ပြိုင်ပွဲမှာ အာခရန် အာမစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီး ပြင်သစ်နိုုင်ငံရဲ့ လက်ဝှေ့လောကမှာ ပထမဆုံး လိင်ပြောင်း လက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မှတ်တမ်းတွေအရ ၎င်းဟာ ယောင်္ကျားလေးတစ်ယောက်အဖြစ်မွေးဖွားလာခဲ့သူ ဖြစ်ပြီး နာမည်မှာ ဆန်းရို့စ် ပေါ်လ်ချာရီအွန် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြင်သစ်နိုင်ငံသားမွေထိုင်းချန်ပီယံနဲ့ ပြင်သစ်နိုင်ငံမှာ ထိုးသတ်ခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ပထမဆုံး ထိုးသတ်တဲ့ လိင်ပြောင်း လက်ဝှေ့သမားဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

သူမအနေနဲ့ လက်ရှိမှာ ပွဲပေါင်း ၃၀၀ ကျော်ကို အမျိုးသားတွေနဲ့ ထိုးသတ်ထားခဲ့ပြီ ဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားအဖြစ် လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကာလကတည်းက လက်ဝှေ့လောကမှာ သူ့ရဲ့ ထင်ရှားတဲ့ အမြင့်ကန်ချက်များ၊ဒူးတိုက်ချက်များ၊ အများက သတိပြုမိစေတဲ့ ရှည်လျားနက်မှောင်တဲ့ ဆံကေသာအပါအဝင် အမြဲတစေ ဝတ်ဆင်ထိုးသတ်လေ့ရှိတဲ့ ပန်းရောင် လက်ဝှေ့အားကစားဝတ်စုံတွေ ကြောင့်လည်း ပိုမို ထင်ပေါ်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

သူမအနေနဲ့ တစ်လလျှင် တစ်ပွဲမျှသာ ထိုးသတ်တာဖြစ်ပြီး သူ့ရဲ့ ထိုးသတ်ကြေးမှာ တစ်ပွဲလျှင် ယူရို ၂၅၀၀(ထိုင်းဘတ် ၁၀၀၀၀၀)အထိ တန် ကြေးမြင့်မားတယ်လို့လည်းသိရပါတယ်။

ယခုလို လက်ဝှေ့သမားတစ်ယောက်အဖြစ် ထိုးသတ်နေရခြင်းအပေါ် -" အခုလို ပြင်သစ်နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး လိင်ပြောင်း လက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ငယ်ရွယ်စဉ်အချိန်တုန်းက လူတွေက မိန်းကလေးတစ်ယောက် အနေနဲ့ လက်မခံတာကြောင့် ကြောက်ရွံ့ခဲ့ရပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိုင်းလူမျိုးတစ်ယောက်ဖြစ်တာကြောင့်နိုင်ငံရဲ့ တရားဝင် ခွင့်ပြုချက်များကြောင့် အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ပြီး အခုလို လက်ဝှေ့ထိုးခဲ့တာကလည်း သူ့လို လိင်ပြောင်းသူများအတွက် သူတို့တွေဟာ အားနည်းသူများမဟုတ်ဘူးဆိုတာ သိစေချင်တာကြောင့် ဖြစ်တယ် လို့လည်း ပေါ်လ်ချာရီအွန်က ဆက်လက်ပြောခဲ့ပါတယ်။

ပေါ်လ်ချာရီအွန်အနေနဲ့ ယခုလို လက်ဝှေ့ထိုးသတ်ရခြင်းကလည်း မျိုးရိုးရှိတာကြောင့်ဖြစ်ပြီး ၎င်းရဲ့ ဦးလေးဖြစ်သူဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ယောက်ဖြစ်သလို ၎င်းရဲ့ အမွှာအကိုကလည်း ၅၂ ကီလိုဝိတ်တန်းမှာ ထိုးသတ်နေသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ အမွှာအကိုဖြစ်သူကတော့ -"သူက ကျွန်တော့်ထက် အများကြီး ပိုသန်မာတယ်။ " လို့ AFPသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူတို့ကို သူတို့ရဲ့ ဦးလေးက ရွာမှာ ငယ်စဉ်ကတည်းက လက်ဝှေ့ပညာကို သင်ကြားပေးခဲ့တာ ဖြစ်ပြီး အသက် ၈ နှစ်အရွယ်လောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဖက်သဖွယ် အမြဲတစေ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတယ်လို့လည်း ပေါ်လ်ချာရီအွန်ရဲ့ ပြောပြချက်တွေအရ သိရပါတ တယ်။

Source- The Connexion

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top