စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×




“မမသင်ဇာနဲ့  ငါးလွှတ် ငှက်လွှတ် #စိမ်းလန်းစိုပြေမှာ Fan တွေကို မုန်းလိုက်ကျွေးတဲ့ မမ #ကျေးဇူး”




Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကြားမှာ Sexy ကျကျ လှပသူလေးအဖြစ် လူသိများပါတယ်။ သင်ဇာက တော့ သူမကိုချစ်တဲ့ သူမချစ်ရတဲ့ ပရိသတ်တွေနဲ့ ဇန်နဝါရီလ (၂၈)ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

သင်ဇာ့ကိုချစ်တဲ့ ပရိသတ်တွေ အများကြီး လာရောက်ခဲ့ပါတယ်။ သင်ဇာကတော့ သူမကို ချစ်တဲ့ Fan တွေရဲ့ အချစ်ကို သိမ်းကြုံး ရယူလိုက်ပါတယ်။ ရွှေတိဂုံဘုရားနဲ့ စိမ်းလန်းစိုပြေတို့မှာ တွေ့ဆုံခဲ့ကြတာပါ။ ပရိသတ်တွေနဲ့လည်း အတူတူ မုန့်တွေစားခဲ့သလို၊ အတူတူ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြတာပါ။

သင်ဇာက Fan တွေကို မုန့်တွေလိုက်ဝယ်ကျွေးခဲ့သလို Fan တစ်ယောက်ရဲ့ မိခင်ဖြစ်သူအတွက် လိုအပ်တဲ့ ဆေးရုံစရိတ်ကိုပါ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ သင်ဇာ့ရဲ့ FB မှာတော့ Fan တွေကို WITH လုပ်ပြီး …

“မမသင်ဇာနဲ့ ငါးလွှတ် ငှက်လွှတ် #စိမ်းလန်းစိုပြေမှာ Fan aတွကို မုန်းလိုက်ကျွေးတဲ့မမ #ကျေးဇူး”

“ဒီနေ့အရမ်းပျော်တယ် We Love Queen Thin Zar Group က အဖွဲ့တွေ့နဲ့ တွေ့ရတာဝမ်းသာတယ်။ အပျော်ဆုံးကတော့ မမသင်ဇာနဲ့တွေ့ရတာပါ။ တကယ်ကို သဘောကောင်းရုပ်ချော အရမ်းချစ်တယ်။ မုန့်ဝယ်ကျွေးတဲ့အတွက် ကျေးဇူးပါမမသင်ဇာ။ Love အသည်း..” ဆိုပြီး ရေးခဲ့ကြပါတယ်။

“ချစ်ဆုံးမမနဲ့သွားတွေ့တာပါ မေကြီးအတွက်ဆေးရုံစရိတ်လေးလည်း လှူလိုက်ပါသေးတယ် စိတ်ထား အရမ်းဖြူစင် မွန်မြတ်တဲ့မင်းသမီးလေး မမThinzar Thin Zar WintKyaw..” ဆိုပြီး ရေးထားတဲ့ စာလေးတွေကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top