ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တ႐ုတ္ႏိုင္ငံ၊ရွန္ဟိုင္းၿမိဳ႕၊က်ဳံရွန္ အေနာက္လမ္းမရွိ အေဆာက္အအုံတစ္ခု မွာ အမ်ိဳးသမီးတစ္ဦး မိုဘိုင္းဖုန္းၾကည့္ ရင္း ဓာတ္ေလွကားထဲ ဝင္ခဲ့ရာမွာ ဓာတ္ ေလွကားတံခါးထဲ ေျခေထာက္ညပ္ရင္ ဓာတ္ေလွကားတက္သြားတဲ့အတိုင္း ပါ သြားခဲ့တာေၾကာင့္ ေျခေထာက္ဆုံး႐ႈံးခဲ့ ရတယ္လို႔သိရပါတယ္။

ဓာတ္ေလွကားထဲ မွာ တပ္ဆင္ထားတဲ့လုံၿခဳံေရးကင္မရာ မွတ္တမ္းအရ ဆံပင္တိုတိုနဲ႔အမ်ိဳးသမီး တစ္ဦးက သူရဲ႕မိုဘိုင္းဖုန္းကိုပဲၾကည့္ရင္း ဓာတ္ေလွကားထဲ ေလၽွာက္ဝင္လာခဲ့ၿပီး ဓာတ္ေလွကားေ႐ြ႕ေနၿပီဆိုတာ သတိမ ထားမိခဲ့ဘဲ ေနာက္မွာက်န္ခဲ့တဲ့ ညာဖက္ ေျခက တံခါးနဲ႔ညပ္မိၿပီး ဓာတ္ေလွကား ထဲ ေမွာက္လ်က္သားလဲသြားခဲ့ကာ အကူ အညီေတာင္းေနစဥ္မွာပဲ ဓာတ္ေလွကား က တက္သြားခဲ့ၿပီး သုံးလႊာေလာက္ထိ ေျခေထာက္ညပ္လ်က္သားပါသြားခဲ့ရတာ ေၾကာင့္ ဒူးေအာက္ေနရာကေန ျပတ္သြား ခဲ့ရတာျဖစ္ပါတယ္။

ဒီအျဖစ္ဆိုးျဖစ္ပြား ခဲ့တာကို ဓာတ္ေလွကားတြင္း လုံၿခဳံေရး ကင္မရာမွတ္တမ္းအျပင္ အဆိုပါ အမ်ိဳး သမီးေနာက္မွာ က်န္ရစ္ခဲ့တဲ့အမ်ိဳးသမီး တစ္ဦးက မ်က္ျမင္သက္ေသျဖစ္ခဲ့ပါ တယ္။

ဒီအမ်ိဳးသမီးရဲ႕ေနာက္ဆက္တြဲ အေျခအေနကိုေတာ့ သတင္းေတြမွာ ဆက္လက္တင္ျပမႈမ်ိဳး မရွိခဲ့ေပမယ့္ ေျခ ေထာက္ ျပတ္သြားတာေတာ့ အတည္ျပဳ ထားခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သံသာ

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့၊ကျုံရှန် အနောက်လမ်းမရှိ အဆောက်အအုံတစ်ခု မှာ အမျိုးသမီးတစ်ဦး မိုဘိုင်းဖုန်းကြည့် ရင်း ဓာတ်လှေကားထဲ ဝင်ခဲ့ရာမှာ ဓာတ် လှေကားတံခါးထဲ ခြေထောက်ညပ်ရင် ဓာတ်လှေကားတက်သွားတဲ့အတိုင်း ပါ သွားခဲ့တာကြောင့် ခြေထောက်ဆုံးရှုံးခဲ့ ရတယ်လို့သိရပါတယ်။

ဓာတ်လှေကားထဲ မှာ တပ်ဆင်ထားတဲ့လုံခြုံရေးကင်မရာ မှတ်တမ်းအရ ဆံပင်တိုတိုနဲ့အမျိုးသမီး တစ်ဦးက သူရဲ့မိုဘိုင်းဖုန်းကိုပဲကြည့်ရင်း ဓာတ်လှေကားထဲ လျှောက်ဝင်လာခဲ့ပြီး ဓာတ်လှေကားရွေ့နေပြီဆိုတာ သတိမ ထားမိခဲ့ဘဲ နောက်မှာကျန်ခဲ့တဲ့ ညာဖက် ခြေက တံခါးနဲ့ညပ်မိပြီး ဓာတ်လှေကား ထဲ မှောက်လျက်သားလဲသွားခဲ့ကာ အကူ အညီတောင်းနေစဉ်မှာပဲ ဓာတ်လှေကား က တက်သွားခဲ့ပြီး သုံးလွှာလောက်ထိ ခြေထောက်ညပ်လျက်သားပါသွားခဲ့ရတာ ကြောင့် ဒူးအောက်နေရာကနေ ပြတ်သွား ခဲ့ရတာဖြစ်ပါတယ်။

ဒီအဖြစ်ဆိုးဖြစ်ပွား ခဲ့တာကို ဓာတ်လှေကားတွင်း လုံခြုံရေး ကင်မရာမှတ်တမ်းအပြင် အဆိုပါ အမျိုး သမီးနောက်မှာ ကျန်ရစ်ခဲ့တဲ့အမျိုးသမီး တစ်ဦးက မျက်မြင်သက်သေဖြစ်ခဲ့ပါ တယ်။

ဒီအမျိုးသမီးရဲ့နောက်ဆက်တွဲ အခြေအနေကိုတော့ သတင်းတွေမှာ ဆက်လက်တင်ပြမှုမျိုး မရှိခဲ့ပေမယ့် ခြေ ထောက် ပြတ်သွားတာတော့ အတည်ပြု ထားခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သံသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top